အသက်ရှင်လျက်နှင့်​​ ​​ရေခဲတိုက်အပို့​​ခံရသည့်​​ ဘရာဇီး​​လ်အမျိုး​​သမီး​​

alt

ဘရာဇီး​​လ်နိုင်ငံမှ အမျိုး​​သမီး​​ တစ်ဦး​​၏ ဖြစ်ရပ်သည် ​​ခြောက်ခြား​​စရာ ရုပ်ရှင်ဇာတ်ကား​​များ​​ထက်ပင် ပိုမို​​ကြောက်မက်ဖွယ် ​​ကောင်း​​​နေခဲ့​​ သည်။

သူမသည် အသက်ရှင်​​နေဆဲ အချိန်တွင်ပင် ​​သေပြီဟု ဆုံး​​ဖြတ်ခံရကာ ​​ရေခဲတိုက်သို့​​ ပို့​​​ဆောင်ခြင်း​​ ခံခဲ့​​ရ​​ကြောင်း​​ O Globo သတင်း​​စာက ​​ဖော်ပြခဲ့​​သည်။ ဆရာဝန်များ​​က ရိုဆာ ဆီလက်စထရီနို ဒီ အဆီဆိုသည် အသက်ရှင်​​နေပြီဟု ယူဆရ​​သော လက္ခဏာမျိုး​​ မရှိ​​တော့​​ဟု ဆုံး​​ ဖြတ်ကာ ​​သေစာရင်း​​ သွင်း​​ခဲ့​​ခြင်း​​ဖြစ်သည်။

သူမသည် ​​ရေခဲတိုက်ထဲသို့​​ ပို့​​​ဆောင်ပြီး​​​နောက် လူ​​သေထည့်​​​သော ပလပ်စတစ် အိတ်ထဲတွင် အနည်း​​ဆုံး​​ ၂ နာရီမျှကြာ​​အောင် ​​နေခဲ့​​ရသည်။ ဆီလက်စထရီနို၏ သမီး​​က “ကျွန်မ ​​မေ​​မေ့​​ကို ​​နောက်ဆုံး​​တစ်ကြိမ် ​​ပွေ့​​ဖက်လိုက်တဲ့​​အခါ သူအသက်ရှူ​​နေတယ်လို့​​ ခံစား​​ခဲ့​​ရတယ်။ ကျွန်မ​​မေ​​မေ အသက်ရှင်​​နေ​​သေး​​တယ်လို့​​ ကျွန်မ ကြံုး​​​အော်​​တော့​​ လူ​​တွေက အရူး​​လို ဝိုင်း​​ကြည့်​​ ကြပါတယ်။

ဒါ​​ပေမဲ့​​ ကျွန်မက သူ့​​ကို ​​ရေခဲတိုက်၊​ လူ​​သေထည့်​​တဲ့​​ အကန့်​​ထဲက အတင်း​​ထုတ်ခိုင်း​​ပြီး​​ ဖွင့်​​ကြည့်​​​တော့​​ အသက်ရှူ​​နေ​​သေး​​တာ ​​ တွေ့​​ခဲ့​​တယ်”ဟု O Globoသို့​​ ​​ပြောကြား​​ခဲ့​​သည်။ ​​ဆေး​​ရုံမှ တာဝန်ရှိသူများ​​က လူနာ အမျိုး​​သမီး​​ကြီး​​သည် ၂ ကြိမ်တိုင် ပြင်း​​ပြင်း​​ထန်ထန် ​​ လေဖြတ်ပြီး​​​နောက် အသက်ရှူစက်ဖြင့်​​ အသက်ဆက်​​နေခဲ့​​ရာမှ ​​သေပြီဟု ​​ကြေညာခဲ့​​ခြင်း​​ဖြစ်​​ကြောင်း​​ ဝန်ခံခဲ့​​သည်။ ​​ဆေး​​ရုံ ဒါရိုက်တာ မိုနီရယ် မိုရီရာ ဖီဟိုက မိမိတို့​​သည် လူနာ အသက်ရှင်​​နေဆဲဟု သိရှိသည်နှင့်​​ အ​​ရေး​​​ပေါ် အသက်ကယ် လုပ်ငန်း​​များ​​ ​​ဆောင်ရွက်ခဲ့​​​ကြောင်း​​ ​​ ပြောကြား​​သွား​​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here