တရုတ်နိုင်ငံမှ စာ​​ရေး​​​ကောင်း​​သည့်​​ ပြည့်​​တန်ဆာ အဖမ်း​​ခံရ

alt

တရုတ်နိုင်ငံ၏ စာ​​ပေ​​ရေး​​ရာ အကျွမ်း​​ကျင်ဆုံး​​ ပြည့်​​တန်ဆာဟု တင်စား​​ခံရသူ ရူယိုဇီယွမ်သည် ယခုအခါ အဖမ်း​​ခံလိုက်ရ​​ကြောင်း​​ သတင်း​​များ​​ ထွက်​​ပေါ်လာခဲ့​​သည်။

သူမ၏ ဇာတ်လမ်း​​ဇာတ်ကွက် အဖုံဖုံတို့​​ကို Onlineတွင် စီကာပတ်ကုံး​​ ​​ရေး​​သား​​တတ်သဖြင့်​​ ပရိသတ် အား​​​ပေး​​မှု ရ​​နေ​​သော အသက် ၂၂ နှစ်အရွယ် မိန်း​​က​​လေး​​ အဖမ်း​​ခံရခြင်း​​သည် တရုတ် Onlineစာ​​ပေ ​​လောကာတွင် ရိုက်ခတ်မှုတစ်ခု ဖြစ်သွား​​ခဲ့​​သည်။ ဟန်ဇူး​​မှ မိန်း​​က​​လေး​​၏ ဖုန်း​​ကို ရဲများ​​က သိမ်း​​ယူချိန်တွင် သူမ၏ ဖုန်း​​နံပါတ်စာရင်း​​အတွင်း​​ အစိုး​​ရ အရာရှိကြီး​​များ​​၊​ တက္ကသိုလ်များ​​မှ ပါ​​မောက္ခကြီး​​များ​​ အပါအဝင် VIPပုဂ္ဂိုလ်များ​​နှင့်​​ အဆက်အသွယ် ရှိ​​နေ​​ကြောင်း​​လည်း​​ ​​တွေ့​​ရှိခဲ့​​​ကြောင်း​​ သတင်း​​များ​​ကဆိုသည်။

ထို့​​​ကြောင့်​​ အဆိုပါ ပုဂ္ဂိုလ်များ​​သည် သူမ၏ ပုံမှန်​​ဖောက်သည်များ​​အဖြစ် ယူဆစရာ ဖြစ်လာသည်။ ရူယိုက သူမသည် လွန်ခဲ့​​​သော ရ နှစ်အတွင်း​​ လူ​​ပေါင်း​​ ၃၀၀၀ မျှနှင့်​​ လိင်ဆက်ဆံခဲ့​​​ကြောင်း​​ ဖွင့်​​ဟထား​​သည်။ စာ​​ပေကို ချစ်မြတ်နိုး​​​သော ရူယိုသည် သူမ၏ Blogတွင် ​​ဖောက်သည်များ​​နှင့်​​ ဆက်ဆံပုံကို အမည်အတိအကျ မ​​ဖော်ပြဘဲ ​​ရေး​​သား​​ပြ​​လေ့​​ရှိသည်။ သူမ၏ အ​​ရေး​​စွမ်း​​ရည်ကို အင်တာနက်တွင် ပုံမှန်ဖတ်ရှုသူ ၁၇၀၀၀၀ ​​ကျော်ထိ ရှိ​​နေပြီး​​ သူမကို တရုတ်၏ စာ​​ပေ​​ရေး​​ရာ အကျွမ်း​​ကျင်ဆုံး​​ ပြည့်​​တန်ဆာ အမျိုး​​သမီး​​အဖြစ် သတ်မှတ်ချီး​​ကျူး​​ကြသည်။

သူမသည် ပြီး​​ခဲ့​​သည့်​​ သီတင်း​​ပတ်က Weiboတွင် ​​နောက်ဆုံး​​ Postတင်ပြီး​​​နောက် အဖမ်း​​ခံခဲ့​​ရ​​ကြောင်း​​ ယုံကြည်ရသည်။ အဆိုပါ Postကို စက်တင်ဘာ ၁၆ ရက်​​နေ့​​ ရက်စွဲဖြင့်​​ လွှင့်​​တင်ထား​​သည်။ ရူယိုက ထိုPostတွင် ကား​​ထဲဝင်၍ လိင်ဆက်ဆံရသည်ကို နှစ်သက်​​သော ​​ဖောက်သည်တစ်ဦး​​နှင့်​​ စာဖတ်ဝါသနာပါ​​သော ပ​​ရော်ဖက်ဆာ တစ်ဦး​​တို့​​အ​​ကြောင်း​​ ​​ရေး​​သား​​ထား​​သည်။

ရူယိုက သူမတွင် အမျိုး​​သမီး​​ ​​ဖောက်သည်တစ်ဦး​​ ရှိ​​ကြောင်း​​လည်း​​ ဆိုသည်။ ရူယို အဖမ်း​​ခံရ​​ကြောင်း​​ သတင်း​​များ​​ ထွက်​​ပေါ်​​နေ​​သော်လည်း​​ မည်သည့်​​အတွက်​​ကြောင့်​​ ဆိုသည်ကိုမူ တိတိကျကျ မသိရ​​ပေ။ ရဲတပ်ဖွဲ့​​ကလည်း​​ အဆိုပါ ကိစ္စကို ငြင်း​​ဆန်ခြင်း​​၊​ အတည်ပြုခြင်း​​ မရှိ​​ကြောင်း​​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here