​​ဟောင်​​ကောင် Apple အ​​ရောင်း​​ဆိုင်သစ်တွင် စုံပြံုတိုး​​​ဝှေ့​​အား​​​ပေး​​

alt

​​ဟောင်​​ကောင်တွင် Apple၏ အ​​ရောင်း​​ဆိုင်သစ်တစ်ခု ဖွင့်​​လှစ်ခဲ့​​ရာ လူအများ​​ ထိန်း​​မနိုင်၊​ သိမ်း​​မရ စုပြံုတိုး​​​ဝှေ့​​ခဲ့​​​ကြောင်း​​ သိရသည်။

စက်တင်ဘာ ၂၄ ရက်​​နေ့​​က ​​ဟောင်​​ကောင်၏ ပထမဆုံး​​ Apple အ​​ရောင်း​​ဆိုင်ကို ဖွင့်​​လှစ်ခဲ့​​ရာ ​​ထောင်နှင့်​​ ချီသည့်​​ Appleပရိသတ်များ​​က ဝင်​​ရောက်ရန် အတင်း​​ကြိုး​​ပမ်း​​ခဲ့​​ခြင်း​​ဖြစ်သည်။ Apple၏ နည်း​​ပညာ ထုတ်ကုန်များ​​အ​​ပေါ် နှစ်သက်ခုံမင်သူများ​​သည် ဆိုင်သစ်မဖွင့်​​မီ ၂ ရက်မျှ အလိုကတည်း​​က ဆိုင်အနီး​​တွင် ရွက်ဖျင်ထိုး​​ကာ လာ​​စောင့်​​​နေခဲ့​​ ကြသည်။

၎င်း​တို့​​၏ ရည်ရွယ်ချက်မှာ ဆိုင်သစ်ဖွင့်​​ချိန်တွင် အတွင်း​​သို့​​ ပထမဆုံး​​ ဝင်​​ရောက်နိုင်ရန် ဖြစ်သည်။ ယခုဆိုင်သည် ​​ဟောင်​​ကောင်၏ မြို့​​လယ်မှ ကုန်သွယ်​​ရေး​​ အချက်အချာ ​​နေရာရှိ နိုင်ငံတကာ ဘဏ္ဍာ​​ရေး​​စင်တာနှင့်​​ ဆက်စပ်တည်ရှိ​​နေသည်။ Appleသည် တရုတ်နိုင်ငံ၊​ ရှန်ဟိုင်း​​တွင် တတိယ​​မြောက် စတိုး​​ဆိုင် ဖွင့်​​လှစ်ပြီး​​​နောက် ​​ဟောင်​​ ကောင်စတိုး​​ကို ဆက်လက် ဖွင့်​​လှစ်ခဲ့​​ခြင်း​​ဖြစ်သည်။

ဆိုင်မဖွင့်​​မီ ဆိုင်​​ရှေ့​​သို့​​ လာ​​စောင့်​​​နေ​​သော ပထမဆုံး​​သူသည် စက်တင်ဘာ ၂၂ ရက်​​နေ့​​ညက စတင်​​ရောက်ရှိခဲ့​​​ကြောင်း​​ လုံခြံု​​ရေး​​များ​​ကဆိုသည်။ Appleဝန်ထမ်း​​များ​​သည် ဆိုင်ထဲသို့​​ ​​ ရောက်လာသည့်​​ ပထမဆုံး​​ ပရိသတ် ၅၀၀၀ အတွက် Appleတံဆိပ်ပါ တီရှပ်များ​​ လက်​​ဆောင်အဖြစ် ​​ဝေငှ​​ပေး​​သဖြင့်​​ လည်း​​ Appleချစ်သူများ​​က ယခုလို အကြိတ်အနယ် ဆိုင်ထဲဝင်ရန် ကြိုး​​ပမ်း​​ခဲ့​​ခြင်း​​ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here