စင်္ကာပူတွင် လူအများ​​စုမှာ အကာအကွယ်မဲ့​​ လိင်ဆက်ဆံမှုသာ ပြုလုပ်​​လေ့​​ရှိ

alt

စင်္ကာပူ နိုင်ငံတွင် လူအများ​​စုသည် မလုံခြံု​​သော (အကာအကွယ် မပါ​​သော) လိင်ဆက်ဆံမှုကိုသာ ပြုလုပ်​​လေ့​​ရှိ​​ကြောင်း​​ သိရသည်။

စစ်တမ်း​​​ကောက်ခံမှု တစ်ခုအရ စင်္ကာပူ နိုင်ငံသား​​ ၈၀ ရာခိုင်နှုန်း​​သည် လွတ်လပ်ပြီး​​ အကာအကွယ် မပါဘဲ လိင်ဆက်ဆံမှုကိုသာ ပြုလုပ်တတ်​​ကြောင်း​​ ​​ဖော်ထုတ် ​​တွေ့​​ရှိခဲ့​​ရသည်။ ထို့​​အပြင် စင်္ကာပူ အမျိုး​​သမီး​​များ​​၏ ၂၅ ရာခိုင်နှုန်း​​သည် လိင်ဆက်ဆံပြီး​​​နောက် ​​ရေချိုး​​လိုက်ပါက ကိုယ်ဝန်မရှိ​​အောင် တား​​ဆီး​​နိုင်သည်ဟု ယုံကြည်​​ကြောင်း​​ လည်း​​ စစ်တမ်း​​ကဆိုသည်။

အဆိုပါ စစ်တမ်း​​အတွက် စင်္ကာပူမှ လူငယ်ပိုင်း​​၊​ လူလတ်ပိုင်း​​ ၁၈၀၀ ​​ကျော်ကို သ​​ဘောထား​​​ ကောက်ခံ ​​မေး​​မြန်း​​ခဲ့​​သည်။ ​​မေး​​ခွန်း​​များ​​ကို ​​ဖြေကြား​​ခဲ့​​သူများ​​မှာ အသက် ၂၀ မှ ၃၅ နှစ်ကြား​​တွင် ဖြစ်​​ကြောင်း​​လည်း​​ သိရသည်။ စစ်တမ်း​​ တစ်ခုလုံး​​ကို ​​ဘေယာ ကျန်း​​မာ​​ရေး​​ ​​စောင့်​​​ရှောက်မှု ဌာနက ကမ္ဘာ့​​ သ​​န္ဓေတား​​ဆီး​​​ရေး​​ အထိမ်း​​ အမှတ်​​နေ့​​အတွက် ဇူလိုင်လကတည်း​​က တာဝန်ယူ စီစဉ်ခဲ့​​ခြင်း​​ဟုလည်း​​ သတင်း​​များ​​က ​​ဖော်ပြခဲ့​​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here