ဆယ်လီနာ ဂိုမက်ဇ် သီး​​သန့်​​ရုပ်ရှင်ကြည့်​​နိုင်ရန် ဂျက်စတင်ဘီဘာက ရုပ်ရှင်ရုံငှား​​ရမ်း​​

alt

ဆယ်​​ကျော်သက် Popဂီတ ကြယ်ပွင့်​​​လေး​​ ဂျက်စတင် ဘီဘာသည် ချစ်သူ ဆယ်လီနာ ဂိုမက်ဇ်အတွက် မည်သည့်​​ အရာကိုမဆို ​​ဆောင်ကြဉ်း​​​ပေး​​လို​​ကြောင်း​​ သက်​​သေပြခဲ့​​သည်။

Titanic ဇာတ်ကား​​ကို ​​အေး​​​အေး​​​ဆေး​​​ဆေး​​ ကြည့်​​လိုသည့်​​ ဆယ်လီနာ၏ ဆန္ဒ​​ကြောင့်​​ ဘီဘာက ​​လော့​​စ်အိန်ဂျယ်လိစ်ရှိ Staples Centreမှ ရုပ်ရှင်ရုံကို သီး​​သန့်​​ ငှား​​ရမ်း​​​ပေး​​ခဲ့​​​ ကြောင်း​​ သိရသည်။ TMZ သတင်း​​ဌာနက ဆယ်​​ကျော်သက် စူပါစတား​​ စုံတွဲသည် ရုပ်ရှင်ရုံကို တစ်​​နေကုန် ငှား​​ထား​​ခဲ့​​​ ကြောင်း​​ ​​ဖော်ပြခဲ့​​သည်။

၎င်း​တို့​​နှစ်ဦး​​သည် Nokia Theaterတွင် ဒယ်မီ လိုဗာတို၏ ပြဇာတ်ကို အတူသွား​​ကြည့်​​ခဲ့​​ပြီး​​​ နောက် ဘီဘာက ဆယ်လီနာ အံ့​​ဩသွား​​​စေရန် ငှား​​ရမ်း​​ထား​​​သော ရုပ်ရှင်ရုံသို့​​ ​​ခေါ်​​ဆောင်သွား​​ခြင်း​​ဟု သိရသည်။

Babyစတား​​ အဆို​​တော်က ရုပ်ရှင်ရုံကို ငှား​​ရမ်း​​လို​​ကြောင်း​​ သွား​​​ရောက်ခွင့်​​​တောင်း​​ခဲ့​​ရာ Staples Centre၏ အုပ်ချုပ်​​ ရေး​​အဖွဲ့​​က ၎င်း​အား​​ အခမဲ့​​ ခွင့်​​ပြု​​ပေး​​ခဲ့​​သည်။ Babyစတား​​သည် ယခင်က Staples Centreတွင် ရုံလုံး​​ပြည့်​​လျှံ ပရိသတ် အား​​​ပေး​​မှုရရှိသည့်​​ ​​ဖျော်​​ဖြေပွဲ ၃ ကြိမ် ပြုလုပ်​​ပေး​​ခဲ့​​ဖူး​​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here