အရပ်နာတဲ့​ အိမ်၊ ​ဆေး​ရိုး​လှမ်း​သူ၊ မင်း​မဲ့​စရိုက်နဲ့​ ​ပေါက်လွတ်ပဲစား​ က​လောင်သွား​များ​

သရုပ်​​ဖေါ်ပုံ © PMV

ကျွန်​တော်​နေတဲ့​ အရပ်နဲ့​လမ်း​ထဲမှာ

လူလတ်တန်း​စား​နဲ့​ဝန်ထမ်း​​တွေအပြင် လက်လုပ်လက်စား​​တွေ၊ ပျံကျ​ဈေး​သည်​တွေပါ​နေကြ​တော့​ လူတန်း​စား​အလွှာစုံတယ်လို့​​ပြောလို့​ရတယ်။ အဲ့​ဒီအထဲမှာ အိမ်တအိမ်ဟာ နေ့​တိုင်း​လိုလို​အော်ဟစ်ဆဲဆိုသတ်ပုတ်​နေ​လေ့​ရှိတယ်။ ​မောင်နှမအချင်း​ချင်း​ကြား​ ညီညွတ်မှု့​မရှိ၊ မိဘနဲ့​သား​သမီး​ကြား​ ​လေး​စား​မှု့​နတ္ထိနဲ့​ မကြား​ဝံ့​မနာသာ ​ပြောဆို ရန်ဖြစ်​လေ့​ရှိကြတယ်။ ရပ်မိရပ်ဖကတား​မရ၊ ဆိုဆုံး​မစကား​လဲ ဂရုမစိုက်တာမို့​ သူတို့​ကို အိမ်နီး​နား​ချင်း​​တွေက အရပ်နာတဲ့​အိမ်လို့​​ပြောကြ ကဲ့​ရဲ့​ကြတယ်။ အဲ့​ဒီအိမ်က လူ​တွေကလည်း​ သူတို့​ကို ဒီလို​ခေါ်မှန်း​ ​ပြောကြမှန်း​သိ​ပေမဲ့​လည်း​ ရန်ဖြစ်မပျက်၊ အဆဲအဆိုမပျက် ​နေကြတာဘဲ။ အရပ်ထဲမှာ အရှက်မရှိ မျက်နှာ​ပြောက်တိုက်သွား​လာမပျက် ​နေရဲကြတယ်။ ကိုယ်ကျူး​လွန်တဲ့​ ကာယကံ၊ ၀ဇီကံ မနောကံအလုပ်သုံး​ပါး​ရဲ့​ အကျိုး​ဆက်​တွေဟာ ကိုယ့်​ပတ်ဝန်း​ကျင်ကို ထိခိုက်မှု့​ရှိမရှိဆိုတာကို လုံး​၀ထည့်​တွက်စဉ်း​စား​သူ​တွေ မဟုတ်ကြဘူး​။ တနည်း​အား​ဖြင့်​ဆိုရင် လူ့​အမှိုက်​တွေလို့​​ပြောလို့​ရလိမ့်​မယ်။

ဗိုလ်ချုပ်​အောင်ဆန်း​ မိန့်​ခွန်း​ထဲမှာပါတဲ့​ လွတ်လပ်​ရေး​ရပြီဆိုပြီး​ လမ်း​မ​ပေါ် ​ဆေး​ရိုး​တက်လှမ်း​သူ​တွေ၊ အခု​ခေတ်မှာ အများ​ကြီး​ဆက်​တွေ့​လာရပြီ။ လမ်း​​ပေါ် ငရုပ်သီး​​ခြောက်လှမ်း​တဲ့​သူ၊ ​ပြောင်း​ဖူး​ဖက်လှမ်း​တဲ့​သူ၊ လမ်း​ပိတ်ပြီး​ ​ဘောလုံး​ကန်တဲ့​သူ​တွေ အများ​ကြီး​ဘဲ။ လမ်း​သွား​လမ်း​လာ​တွေကဘဲ ဂရုတစိုက်​ရှောင်ရှား​​ကွေ့​ဝိုက်သွား​ကြရတယ်။ ​တွေ့​တဲ့​ လူကြီး​သူကြီး​​တွေကလည်း​ တား​ဖို့​၊ ဟန့်​ဖို့​မကြိုး​စား​ကြ​တော့​ဘူး​။ အဓိပ္ပါယ်က အဲ့​ဒီလိုလုပ်တာကို လက္ခံလိုက်ကြတာဘဲ။ ​ပြောမဲ့​ ဆိုမဲ့​ ဝန်း​ကျင်မရှိ​တော့​ လုပ်တဲ့​သူ​တွေ ပိုပိုအတင့်​ရဲလာပြီး​။ ​နောက်ဆုံး​​တော့​ တရား​၀င်လုပ်ခွင့်​ရသလိုဖြစ်သွား​​တော့​တယ်။ အဂတိလိုက်စား​မှုရှိတာဟာ လာဘ်​ပေး​တဲ့​သူနဲ့​ လာဘ်ယူတဲ့​သူ နှစ်မျိုး​ရှိလို့​ဖြစ်တာပါ။

၁၉၈ဂခုနှစ်မှာဖြစ်ခဲ့​တဲ့​ ရှစ်​လေး​လုံး​အ​ရေး​​တော်ပုံကြီး​မှာလဲ အဲ့​ဒီလို စုန်း​ပြုး​​တွေ​ကြောင့်​ အချို့​ကိစ္စ​တွေမှာ မင်း​မဲ့​စရိုက်ဆိုတဲ့​စကား​သုံး​ဖို့​ဖြစ်သွား​ခဲ့​တာဘဲ တကယ့်​အနှစ်သာရက မတရား​မှု့​ ဖိနိပ်မှု့​​တွေကို ပြည်သူလူထုတရပ်လုံး​က ဆန့်​ကျင်ဖို့​ ကြိုး​စား​ခဲ့​တဲ့​ ဂန္တဝင်​မြောက်တဲ့​ သမိုင်း​မှတ်တိုင်ကြီး​တခုပဲ။ ဒါ​ပေမဲ့​လည်း​ လူအုပ်ကြီး​ထဲမှာ အသိဉာဏ်နိမ့်​ပါး​တဲ့​ ​စေတနာမမှန်တဲ့​ လူ့​အမှိုက်တချို့​​ကြောင့်​ မလိုလား​အပ်တဲ့​ ဖျက်ဆီး​မှု့​​တွေ သတ်ပွဲဖြတ်ပွဲ​တွေနဲ့​ အရုပ်ဆိုး​အကျဉ်း​တန်တဲ့​ သမိုင်း​ဖြစ်ရပ်​တွေ ထင်ကျန်ရစ်ခဲ့​တာ​ပေါ့​။ အ​မျှော်အမြင်ရှိတဲ့​ ​ခေါင်း​​ဆောင်​တွေဦး​စီး​တဲ့​ သပိတ်စခန်း​​တွေမှာ​တော့​ အဲ့​ဒီလိုမဖြစ်ခဲ့​ပါဘူး​။ အဲ့​ဒီလိုလူမျိုး​​တွေက ကိုယ့်​ဖက်မှာ အား​သာပြီဆိုရင် လူ​ရှေ့​သူ​ရှေ့ထွက်လာမယ်၊ ကျယ်ကျယ်​လောင်​လောင်သတ္တိခဲကြီး​လို့​​ပြောမယ်။ လူ​တွေကို နား​​ယောင်​အောင်​သွေး​ထိုး​​မြှောင့်​ပင့်​တတ်ကြတယ်။ အဲ့​… အ​ခြေအ​နေမ​ကောင်း​​တော့​ဘူး​ဆိုရင်​တော့​ အသာ​လေး​​နောက်လျိုသွား​မယ်၊ အသံ​ပျောက်သွား​လိမ့်​မယ်။

အခုလည်း​ အင်တာနက်စာမျက်နှာ​တွေ​ပေါ်မှာ ​ပေါက်လွတ်ပဲစား​ အဆိပ်လူး​ထား​တဲ့​ က​လောင်သွား​​တွေ ​တွေ့​လာရတာများ​ပြီ။ ဒီမိုက​ရေစီကွ ကိုယ်​ပြောချင်တာ​ပြော၊ ကိုယ်​ရေး​ချင်တာလွတ်လွတ်လပ်လပ်​ရေး​ခွင့်​ရှိတယ်ဆိုပြီး​ အလွယ်တကူ​ရေး​လာကြပြီ။ ကိုယ်​ရေး​တဲ့​အ​ကြောင်း​အရာဟာ ဒီမိုက​ရေစီ​ရေး​ကို အ​ထောက်ကူဖြစ်မဖြစ် မစဉ်း​စား​ဘူး​၊ လူ့​အဖွဲ့​အစည်း​ကို အကျိုး​ပြုမပြု အ​နောက်ယှက်ဖြစ်မဖြစ် လုံး​၀ထည့်​မတွက်ပြ​တော့​ဘူး​။ အင်တာနက်​ပေါ်တင်တယ်ဆိုတာလည်း​ စာအုပ်ထုတ်သလို ခက်တာမှမဟုတ်တာ။ စာ​ပေစိစစ်​ရေး​မရှိ၊ ​ငွေကုန်​ကြေး​ကျမှုမှမရှိတာ။

လူထု​ခေါင်​ဆောင်း​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ လတ်တ​လောအား​ထုတ်ကြိုး​ပမ်း​​နေမှု့​ကို ​ဝေဖန်အကြံ​ပေး​တာထက်ပိုတဲ့​ ကဲ့​ရဲ့​ပြစ်တင်ဖို့​ ကြိုး​စား​လာတဲ့​​ဆောင်း​ပါး​​တွေ တခြား​​ရေး​စရာ အ​ထောင်အ​သောင်း​အ​ကြောင်း​အရာ​တွေ ရှိပါလျက်နဲ့​ အတိုက်အခံနိုင်ငံ​ရေး​သမား​အချင်း​ချင်း​ အယူဝါအချင်း​ချင်း​အပုတ်ချ၊ ပုဂ္ဂလိကတဦး​ချင်း​ရဲ့​ အမှား​​တွေအ​ပေါ် ဇာချဲ့​ပြီး​အထုတ်​ဖြေ​နေတဲ့​ ​ဆောင်း​ပါး​​တွေ၊ ညီညွတ်​ရေး​ဟာ ​သော့​ချက်ဖြစ်​နေတဲ့​ အချိန်မှာပိုပိုပြီး​ မညီညွတ်​အောင် ​သွေး​ကွဲ​အောင် ​ပြောဆို​ရေး​သား​​နေတဲ့​ က​လောင်သွား​​တွေဟာ အထက်ပိုင်း​မှာ ​ပြောခဲ့​တဲ့​ အရပ်နာတဲ့​အိမ်၊ ​ဆေး​ရိုး​လှမ်း​သူ၊ မင်း​မဲ့​စရိုက်ရှင်​တွေနဲ့​ အတူတူဘဲဆိုတာ သတိချပ်ကြ​စေလိုတယ်။ အဲ့​ဒီလို ​ဆောင်း​ပါး​မျိုး​ကို တင်​ပေး​တဲ့​ ဝက်(ဘ်)ဆိုဒ်များ​မှာလည်း​ တာဝန်ရှိပါတယ်။ မသိတဲ့​သူ​တွေ လမ်း​ပိတ်ပြီး​ ​ဘောလုံး​ကစား​တာကို မတား​မြစ်တဲ့​ (ခွင့်​ပြုခဲ့​တဲ့​)လူကြီး​သူကြီး​များ​လို မဖြစ်ဘို့​၊ တား​သင့်​တာ ဆိုတာ​တွေမှာ သတ္တိရှိဖို့​လိုပါတယ်။ မတား​ခဲ့​သူဟာ အလိုတူအလိုပါဖြစ်ရင်ဖြစ် မဖြစ်ရင် စိတ်သတ္တိအား​နည်း​သူ​တွေဘဲဖြစ်ပါလိမ့်​မယ်။

အ​ရေး​ကြီး​တဲ့​ အချက်တစ်ခု​ပြောချင်တာက ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ ပြည်သူလူထုတရပ်လုံး​ကိုယ်စား​ပြုပြီး​ ကျင့်​ကြံ​ပြောဆို လုပ်ကိုင်​နေရတယ် ဆိုတဲ့​အချက်ပါ။ စွန့်​လွှတ်အနစ်နာခံမှုမှာ ​ဒေါ်​အောင်ဆန်း​စုကြည်ထက် မ​ကျော်ရင်သာရှိမယ်။ သူ့​ထက်မနိမ့်​တဲ့​ အာဇာနည်မိခင်၊ ဖခင်​တွေ၊ အညတြသူရဲ​ကောင်း​​တွေ မြန်မာပြည်မှာ မ​ရေတွက်နိုင်​အောင်ရှိပါတယ်။ ဒါ​ပေမဲ့​ သူတို့​ကို ကမ္ဘာကမသိဘူး​ ပြည်တွင်း​ကမသိဘူး​၊ အဲ့​ဒီ​တော့​ ပြည်တွင်း​က သိတဲ့​ ကမ္ဘာကသိတဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်က သူတို့​အား​လုံး​ရဲ့​ ကိုယ်စား​လှယ်ပါ။ ဒီမိုက​ရေစီအကျိုး​စီး​ပွား​၊ တိုင်း​ပြည်ရဲ့​ အကျိုး​စီး​ပွား​၊ ပြည်သူလူထုရဲ့​အကျိုး​စီး​ပွား​​တွေကို အဖက်ဖက်က ထည့်​တွက်ပြီး​ အ​ကောင်း​ဆုံး​နဲ့​ အထိခိုက်အဆုံး​ရှံုး​နည်း​နိုင်သမျှနည်း​​အောင်လုပ်​နေတာ မြင်သာပါတယ်။ ရာစုနှစ်ဝက်​လောက် ဒုက္ခသုခ​တွေ ပင်လယ်​ဝေပြီး​ ခံစား​ခဲ့​ရတာမို့​ စိတ်မရှည်နိုင်ကြ၊ အား​မလိုအား​မရဖြစ်ကြတာ မဆန်း​​ပေမဲ့​ ဒီမိုက​ရေစီတကယ်ရချင်ရင် ​လေး​​လေး​နက်နက် စဉ်း​စား​ချင့်​ချိန်လုပ်​ဆောင်ဘို့​လိုအပ်ပါတယ်။ ကိုယ့်​ဂိုး​ ကိုယ်ပြန်မသွင်း​မိဖို့​ ဒီမိုက​ရေစီနဲ့​ လူ့​အခွင့်​အ​ရေး​ရရှိ​ရေး​ ​နှောင့်​​နှေး​​စေမဲ့​ အ​ပြောအဆိုအကြံအဖန်လုပ်​တွေ ​ရှောင်ရှား​ဖို့​လိုပါတယ်။

ကျွန်​တော်တို့​ နိုင်ငံရဲ့​ လက်ရှိ နိုင်ငံ​ရေး​အ​ခြေအ​နေဟာ မိခင်ရဲ့​ ဝမ်း​ကြာသိုက်ထဲမှာ စွဲကပ်ခါစသ​န္ဓေသား​​လောင်း​နဲ့​တူပါတယ်။ အချိန်မ​ရွေး​​လျော့​ကျပျက်စီး​သွား​နိုင်ပါတယ်။ အင်မတန်နုနယ်သိမ်​မွေ့​တဲ့​ အ​ခြေအ​နေတရပ်ပါ။ အား​လုံး​​ကောင်း​ဖို့​အတွက်ပါ။ အင်ဒိုနီး​ရှား​နဲ့​လဲမတူပါ။ အာရပ်တိုင်း​ပြည်မှာ ဖြစ်ပျက်​နေတာနဲ့​လည်း​မဆင်ပါ။ အင်အား​ကြီး​နိုင်ငံ ၂ခုကြား​ရှိ​နေခြင်း​၊ မဟာဗျူဟာကျတဲ့​ ပထဝီဝင်နိုင်ငံ​ရေး​တည်ရာရှိခြင်း​၊ ကမ္ဘာ့​အင်အား​ချိန်ခွင်လျှာထိမ်း​ညှိမှု့​ ဗဟိုချက်ဖြစ်လာနိုင်ခြင်း​၊ ကမ္ဘာ့​စီး​ပွား​​ရေး​ဗဟိုချက် ဖြစ်လာနိုင်​သော နယ်​မြေတွင်း​၌ရှိခြင်း​၊ အစရှိတဲ့​ ထူး​ခြား​တဲ့​ လက္ခဏာများ​ဝန်း​ရံ​နေပြီး​ အလွန်သတိကြီး​စွာ ကိုင်တွယ်ရမှာဖြစ်ပါတယ်။ အရင်လို လူထုအုံကြွကြ၊ လက်နက်ကိုင်ချကြ၊ ထိလျှင်ချကြဆိုပြီး​ ပရမ်း​ပတာတုံ့​ပြန်လို့​မရနိုင်​လောက်ပါ။ ခံစား​ချက်ကို ​ရှေ့​တန်း​တင်ပြီး​ ​ဖြေရှင်း​၍မရနိုင်ပါ ​ဘေး​ထွက်ဆိုး​ကျိုး​များ​စွာ ရှိ​ကြောင်း​ သိကြရန်လိုပါတယ်။ လက်ရှိ သမ္မတဦး​သိန်း​စိန် နှင့်​ တကွ၊ စစ်အာဏာရှင် အသိုင်း​အဝန်း​တို့​ရဲ့​ အရှိတရား​နဲ့​ ဖြစ်တည်​နေမှု့​ကို အသိမှတ်မပြု၍မရပါ။ ဒီမိုက​ရေစီဘက်​တော်သား​​တွေဖက်ကဘဲဖြစ်ဖြစ်၊ စစ်တပ်ဖက်ကပဲဖြစ်ဖြစ်၊ အလုံး​စုံ ပျက်သုန်း​​ရေး​နဲ့​ ​ချေမှုန်း​​ရေး​ကို ဦး​တည်သူ​တွေဟာ တိုင်း​ပြည်ရဲ့​ ရန်သူ၊ ပြည်သူရဲ့​ အကျိုး​စီး​ပွား​ မ​ရှေး​ရူသူ​တွေသာ ဖြစ်ပါလိမ့်​မယ်။ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ ဒီအ​ခြေအ​နေတွကို ရှင်း​ရှင်း​လင်း​လင်း​နား​လည်သ​ဘော​ပေါက်လို့​ အလွန်နှုး​ညံ့​စွာ ကိုင်တွယ်​နေတာပါ သ​န္ဓေတည်စငြိမ်း​ချမ်း​​ရေး​နဲ့​ ဒီမိုက​ရေစီသား​​လောင်း​ကိုယ်ဝန်းပျက်​လျောမသွား​​အောင် ခက်ခက်ခဲခဲလုပ်​ဆောင်​နေတဲ့​အချိန်မှာ နိုင်ငံသား​တိုင်း​ ဒီမိုက​ရေစီချစ်သူတိုင်း​ ဝိုင်း​ဝန်း​ပံ့​ပိုး​ကြဖို့​လိုပါတယ်။ မပံ့​ပိုး​နိုင်ရင်​တောင် အ​နှောက်ယှက်မလုပ်မိဖို့​ ​မေတ္တာရပ်ခံပါရ​စေ။

ဒီ​နေရာမှာ ဘယ်လို ပံ့​ပိုး​ရမလဲဆိုတဲ့​ ​မေး​ခွန်း​​ပေါ်လာပါတယ်။ မိမိသန်ရာသန်ရာ အ​ခြေအ​နေ​ပေး​သလို ပါဝင်နိုင်တဲ့​ ကဏ္ဍများ​စွာရှိပါတယ်။ ငြိမ်း​ချမ်း​​ရေး​နဲ့​ စစ်မှန်တဲ့​ အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​လမ်း​​ကြောင်း​ကို ပံ့​ပိုး​တွန်း​တင်တဲ့​ လုပ်ငန်း​များ​ (ဥပမာ လယ်ယာ​မြေမတရား​သိမ်း​ဆည်း​မှု့​၊ က​လေး​စစ်သား​ကိစ္စ၊ လူ့​အခွင့်​အ​ရေး​မြှင့်​တင်​ရေး​လှုပ်ရှား​မှု့​များ​)၊ လူမှု့​​ရေး​ကွန်ရက်များ​၊ လူငယ်ထု အရည်အ​သွေး​မြှင့်​တင်​ပေး​​ရေး​လှုပ်ရှား​မှု့​များ​၊ ပရဟိတလှုပ်ရှား​မှု့​များ​ ဒီမိုက​ရေစီ အလုပ်ရုံ​ဆွေး​​နွေး​ပွဲများ​ ဧရာဝတီအ​ရေး​လို တိုင်း​ပြည်အတွက် အ​ရေး​ပါတဲ့​ လှုပ်ရှား​မှု့​​တွေမှာ လက်​တွေ့​ပါဝင် ပံ့​ပိုး​နိုင်ကြပါတယ်။ ပြည်ပမှာလည်း​ စစ်​ပြေး​ဒုက္ခသည်​တွေ၊ ​ရွေ့​​ပြောင်း​အလုပ်သမား​​တွေ၊ တတိယနိုင်ငံမှာ အ​ခြေချ​နေသူ​တွေရဲ့​ အခက်အခဲ​တွေ၊ မြန်မာဒီမိုက​ရေစီ​ရေး​မြှင့်​တင်မှု့​ နိုင်ငံတကာလှုပ်ရှား​မှု့​​တွေမှာ ​ငွေ​ကြေး​အရ​သော်၎င်း​၊ အကြံဉာဏ်အရ၊ အလုပ်အား​အရပံ့​ပိုး​နိုင်ကြတယ် မဟုတ်လား​။ လုပ်စရာ​တွေက ​ရေး​ပြရင် မကုန်နိုင်ပါဘူး​။ အနိမ့်​ဆုံး​အဆင့်​က​တော့​ လမ်း​ပိတ်​ဘောလုံး​ကန်တာ မလုပ်အပ်ဘူး​၊ လူ့​ဖွဲ့​စည်း​ထဲက မ​လျှော်ကန်တဲ့​ လုပ်ရပ်​တွေကို ဟန့်​တား​ဆန့်​ကျင်ရဲတဲ့​ စိတ်ခွန်အား​သတ္တိ​လောက်​တော့​ လူတိုင်း​​မွေး​မြူကျင့်​ကြံနိင်ခဲ့​ရင်​တော့​ ကျွန်​တော်တို့​​မျှော်မှန်း​ထား​တဲ့​ ဒီမိုက​ရေစီ နံနက်ခင်း​သစ်​တွေဟာ မ​ဝေး​​တော့​ပါဘူး​လို့​ပဲ ​ပြောပါရ​စေ။

မင်း​​ကောင်း​ချစ်

LEAVE A REPLY

Please enter your comment!
Please enter your name here