အမျိုး​​သမီး​​များ​​ အဝတ်လဲ​​နေသည်ကို ​​ချောင်း​​​မြောင်း​​မှတ်တမ်း​​တင်သူ စင်ကာပူသား​​ ​​ထောင်ဒဏ်ချမှတ်ခံရ

alt

စင်္ကာပူနိုင်ငံတွင် လူတစ်ဦး​​သည် အမျိုး​​သမီး​​များ​​ အဝတ်လဲခန်း​​တွင် အဝတ်အစား​​လဲ​​နေသည်ကို ကင်မရာနှင့်​​ ​​ချောင်း​​​မြောင်း​​မှတ်တမ်း​​တင်ခဲ့​​သည့်​​အတွက် ​​ထောင်ဒဏ် သီတင်း​​ ၃ ပတ် ချမှတ်ခြင်း​​ ခံခဲ့​​ရ​​ကြောင်း​​ သိရှိရသည်။

အမျိုး​​သမီး​​တစ်ဦး​​ အဝတ်အစား​​များ​​ ချွတ်လဲ​​နေသည်ကို ​​ချောင်း​​​မြောင်း​​၍ ဗီဒီယိုရိုက်ခဲ့​​​ကြောင်း​​ ​​ဖော်ထုတ်​​တွေ့​​ရှိပြီး​​​နောက် အသက် ၂၃ နှစ်အရွယ် အွန်ဝမ်ယွမ်ကို တရား​​ရုံး​​က စက်တင်ဘာ ၂၀ ရက်​​နေ့​​တွင် အဆိုပါ စီရင်ချက် ချမှတ်ခဲ့​​သည်။

၎င်း​က ၂၀၁၀ ပြည့်​​နှစ်၊​ ​​အောက်တိုဘာ ၁၈ ရက်​​နေ့​​က အန်မိုကီရိုတွင် အသက် ၃၀ အရွယ် အမျိုး​​သမီး​​အား​​ ​​ချောင်း​​​မြောင်း​​၍ ဗီဒီယို ရိုက်ခဲ့​​မိ​​ကြောင်း​​ ဖွင့်​​ဟဝန်ခံခဲ့​​သည်။ အမျိုး​​သမီး​​သည် အခြား​​တစ်ဖက်တွင် မိုဘိုင်း​​လ်ဖုန်း​​ကို မသင်္ကာဖွယ် အသုံး​​ပြု​​နေသူကို သတိပြုမိပြီး​​​နောက် စုံစမ်း​​ရာ ဗီဒီယိုရိုက်​​နေမှန်း​​ သိရှိသွား​​သည်။

ထို့​​​ကြောင့်​​ သူမသည် အွန်ကို ထိန်း​​ချုပ်ဖမ်း​​ဆီး​​ကာ ရဲထံ တိုင်ကြား​​ခဲ့​​​ကြောင်း​​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here