ဆော်ဒီသို့​ တိမ်း​ရှောင်​နေသည့်​ ယီမင်သမ္မတ ၎င်း၏နိုင်ငံသို့​ ပြန်လည်​ရောက်ရှိလာ

alt

ယီမင်သမ္မတ အလီအက်ဘဒူလာ ဆာလား​သည် ​ဆော်ဒီအာ​ရေဗျသို့​ တိမ်း​ရှောင်​နေရာမှ ၃ လအကြာတွင် ဇာတိနိုင်ငံသို့​ ရုတ်တရက် ပြန်​ရောက်လာ​ကြောင်း​ သိရသည်။

ဆာလား​သည် လုပ်ကြံမှု တစ်ခုမှ လွတ်​မြောက်ခဲ့​ပြီး​နောက် ​ဆော်ဒီသို့​ ​ ရောက်ရှိ​နေခြင်း​ဖြစ်သည်။ ယခုအခါ သမ္မတသည် မြို့​တော် ဆာနား​သို့​ ပြန်​ရောက်​နေပြီဖြစ်​ကြောင်း​ အစိုး​ရ ရုပ်မြင်သံကြား​ ဌာနများ​က ​ပြောကြား​ခဲ့​သည်။ ဆာလား​သည် ယီမင်တွင် နှစ်​ပေါင်း​ ၃၀ ​ကျော် အုပ်ချုပ်ခဲ့​ပြီး​ဖြစ်သည်။ ၎င်းသည် ပြီး​ခဲ့​သည့်​ လပိုင်း​များ​အတွင်း​ တိုင်း​ပြည်မှ ထွက်ခွာသွား​ရန် ဆန္ဒပြ ​တောင်း​ဆိုမှုများ​နှင့်​ ရင်ဆိုင်ခဲ့​ရသည်။

​လေ့​လာသူများ​က ဆာနား​သို့​ ၎င်းပြန်လာခြင်း​သည် ပြည်တွင်း​စစ်ပွဲတစ်ခု စတင်ရန် နှိုး​ဆော်မှု ဖြစ်လာနိုင်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ လက်ရှိတွင် ယီမင်နိုင်ငံအတွင်း​ ဆန္ဒပြသူ အများ​အပြား​သည် သမ္မတ ရာထူး​မှ အပြီး​တိုင် နှုတ်ထွက်​ပေး​ရန် ​တောင်း​ဆို​နေဆဲဖြစ်သည်။

ပြီး​ခဲ့​သည့်​ သီတင်း​ပတ်ကုန်ကတည်း​က လက်နက်မဲ့​ ဆန္ဒပြသူ အများ​စု ပါဝင်​သော လူ ၈၀ မှာ အဓိကရုဏ်း​များ​အတွင်း​ ​ သေဆုံး​ခဲ့​သည်။ ​ဆေး​ဝန်ထမ်း​များ​က ဆန္ဒပြသူများ​ စုရုံး​နေရာ ပြုပြင်​ပြောင်း​လဲ​ရေး​ ရင်ပြင်အမည်ရှိ ​နေရာတွင် အနည်း​ဆုံး​ လူ ၁ ဦး​ ​သေဆုံး​ခဲ့​ကြောင်း​ ​ပြောဆိုခဲ့​သည်။ ဆာနား​တွင် သမ္မတ ပြန်​ရောက်​နေ​ကြောင်း​ သိရှိရပြီး​နောက် ဆန္ဒပြမှုများ​ ပိုမိုပြင်း​ ထန်လာဖွယ် ရှိ​နေ​ကြောင်း​လည်း​ သိရသည်။ “သူပြန်လာတာဟာ ပိုပြီး​ ပြိုကွဲမှု​တွေ၊​ အရှုပ်အ​ထွေး​တွေ ဖြစ်လာ​စေပါလိမ့်​ မယ်”ဟု ဆန္ဒပြသူ ​ခေါင်း​ဆောင်ပိုင်း​ တစ်ဦး​ဖြစ်သည့်​ အက်ဘဒယ် ဟာဒီ အယ်အဇီဇီက ​ပြောကြား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here