ကမ္ဘာ့​အရပ်အပုဆုံး​ မိန်း​က​လေး​အဖြစ် အ​မေရိကန်သူ မှတ်တမ်း​ဝင်

alt

အ​မေရိကန်မှ Cheerleader မိန်း​က​လေး​ တစ်ဦး​သည် ကမ္ဘာ​ပေါ်တွင် အရပ်အပုဆုံး​ မိန်း​က​လေး​အဖြစ် တရား​ဝင် မှတ်တမ်း​တစ်ခု စိုက်ထူနိုင်လိုက်ပြီဖြစ်သည်။

အသက် ၂၂ နှစ်ရှိ ဘရစ်ဂျက်တာ ​ဂျော်ဒန်သည် အရပ် ၂ ​ပေ ၃ လက်မသာရှိသည်။ သူမသည် အသက် ၂၀ အရွယ် ​မောင်ငယ်ဖြစ်သူ ဘရက်နှင့်​အတူ အရပ်အပုဆုံး​ ​မောင်နှမ စံချိန်ကိုလည်း​ ရရှိထား​သည်။ အီလီနွိုက်ရှိ ဆန်ဒိုဗယ်တွင် ​နေထိုင်​သော ​ဂျော်ဒန်သည် ဂီတကို ချစ်မြတ်နိုး​သူဖြစ်ပြီး​ အကသင်ခြင်း​နှင့်​ Cheerleaderအဖြစ် ​ဆောင်ရွက်ခြင်း​များ​ဖြင့်​ ​ပျော်ရွှင်လျက်ရှိသည်။

သူမ၏ ​မောင်ငယ် ဘရက်မှာ သမူထက် စင်တီမီတာဝက် အရပ်ပိုမြင့်​ပြီး​ ဘက်စကက်​ဘော ကစား​ခြင်း​၊​ ကရာ​တေး​ကစား​ခြင်း​နှင့်​ ကာယဗလတို့​ကို ဝါသနာပါသည်။ ​ ဂျော်ဒန်က “အရပ်အရမ်း​ပုတဲ့​ ခံစား​ချက်က​တော့​ အံ့​ဩစရာပါပဲ။ လူတိုင်း​ဟာ ကိုယ့်​ကိုယ်ကိုယ် ယုံကြည်ချက် ရှိမှာပါ။

ကျွန်မတို့​အတွက် အရပ်ပုတာ ကိစ္စမရှိပါဘူး​”ဟု ​ပြောကြား​ခဲ့​သည်။ သူမ၏ ​မောင်ငယ်ကလည်း​ အလွန်အရပ်ပုခြင်း​ကြောင့်​ လူတိုင်း​ မိမိတို့​ကို သတိထား​မိ​ကြောင်း​ ဆိုသည်။ ​ဂျော်ဒန်သည် အသက် ၂၂ နှစ်အရွယ် တူရကီသူ အီလစ်​ကော့​မန်း​၏ စံချိန်ကို ချိုး​နိုင်ခဲ့​သည်။ သူမ၏ အရပ်မှာ စင်တီမီတာအား​ဖြင့်​ ၆၉ သာ ရှိ​သော်လည်း​ အီလစ်ကမူ ရ၂.၆ စင်တီမီတာရှိသည်။ လက်ရှိတွင် နီ​ပေါမှ အသက် ၁၇ နှစ်အရွယ် ဂွိုင်တီအမ်ဂီသည် အရပ်အပုဆုံး​ ဆယ်​ကျော်သက်အဖြစ် ၆၁.၉၅ စင်တီမီတာဖြင့်​ စံချိန်တင်ထား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here