တပည့်​များ​ကို လိင်ပိုင်း​ဆိုင်ရာ မရိုး​သား​သည့်​ နယူး​ဇီလန်​ကျောင်း​ဆရာ ​ထောင်ဒဏ်ချမှတ်ခံရ

alt

နယူး​ဇီလန်နိုင်ငံ၊​ ပုဂ္ဂလိက​ကျောင်း​ တစ်ခုမှ ​ကျောင်း​ဆရာ တစ်ဦး​သည် တပည့်​များ​ကို လိင်ပိုင်း​ဆိုင်ရာ မရိုး​သား​စိတ်ဖြင့်​ ထိ​တွေ့​ကိုင်တွယ်မှု​ကြောင့်​ ​ထောင်ဒဏ် ၂ နှစ် ချမှတ်ခြင်း​ ခံခဲ့​ရ​ကြောင်း​ သိရှိရသည်။

၎င်းအား​ ယခုသီတင်း​ပတ် အ​ စောပိုင်း​က အုတ်ကလန် တရား​ရုံး​တွင် စီရင်ချက် ချမှတ်ခဲ့​ခြင်း​ဖြစ်သည်။ ၎င်းသည် ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း​ အနည်း​ဆုံး​ တပည့်​ ၁၁ ဦး​ကို မ​လျော်မကန် ပြုမူခဲ့​ပြီး​ ယင်း​တို့​အနက် အချို့​သည် အသက် ၉ နှစ်မျှသာ ရှိ​သေး​ကြောင်း​ လည်း​ သိရသည်။

အလန်​ရော့​စ် ရန်ဒဲသည် မိန်း​က​လေး​ငယ်များ​၏ ရင်သား​ကို ထိကိုင်ခဲ့​သလို စကက်ကိုလည်း​ မ​ လျော်မကန် ထိ​တွေ့​သော ပုံစံမျိုး​ ပြုလုပ်ခဲ့​သည်။ အထူး​သဖြင့်​ ၎င်းသည် ဟာဘွန် ခရစ်ယာန် ​ကျောင်း​ရှိ အတန်း​ ချိန်ထဲတွင် က​လေး​ငယ် အများ​ရှေ့​တွင်ပင် မဆင်မခြင် ကျူး​လွန်ခဲ့​ခြင်း​ဖြစ်​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here