မျက်နှာမှဒဏ်ရာများ​အား​ ​မျှော့​များ​အသုံး​ပြုကုသ

alt

ဆွီဒင်နိုင်ငံမှ သိပ္ပံပညာရှင်များ​သည် အမျိုး​သမီး​ တစ်ဦး​၏ မျက်နှာတွင် ရရှိထား​သော ဒဏ်ရာဒဏ်ချက်များ​ကို ပြန်လည် တွယ်ဆက်ရန်အတွက် ​မျှော့​များ​ကို အသုံး​ပြုခဲ့​ကြောင်း​ သိရသည်။

သူမသည် ​ခွေး​တစ်​ကောင်၏ ​ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုအတွင်း​ မျက်နှာတွင် ပြင်း​ပြင်း​ထန်ထန် ဒဏ်ရာရခဲ့​သည်။ သူမကိုယ်တိုင် ​မွေး​ထား​သော ​ခွေး​က မျက်နှာကို ကိုက်ခဲ့​ပြီး​နောက် အသား​ အ​တော်များ​များ​ ပဲ့​ထွက်သွား​ခဲ့​သည်။ သူမ၏ မျက်နှာတစ်ခြမ်း​သည် အထက်နှုတ်ခမ်း​မှ မျက်လုံး​အောက်ထိ ဒဏ်ရာရ​နေခဲ့​သည်။

နိုင်ငံ​တောင်ပိုင်း​ မယ်မိုရှိ စကိန်း​ ​ဆေး​ရုံမှ ဆရာဝန်များ​သည် ​ဆေး​ရုံသို့​ အ​ရေး​ပေါ် ​ရောက်လာသည့်​ လူနာ၏ မျက်နှာအသား​စများ​ကို ပြန်လည် တွဲကပ်နိုင်ရန် ​မျှော့​အရှင် ၃၅၈ ​ကောင်ကို အသုံး​ပြုခဲ့​ရသည်။ ခွဲစိတ်ဆရာဝန် စတိုင်း​နာ ကလက်ဆန်က “အ​ရေး​ကြီး​တဲ့​ ကိစ္စက စုတ်ပြဲ​နေတဲ့​ မျက်နှာက ​သွေး​တွေကို စုပ်ထုတ်ဖို့​ပါ။ ဒါကို ခွဲစိတ်မှု မစခင် တစ်နာရီအတွင်း​ လုပ်နိုင်ဖို့​ လိုပါတယ်”ဟု ​ပြောကြား​ခဲ့​သည်။ ၎င်းတို့​သည် ​မျှော့​များ​ကို ပျက်စီး​နေသည့်​ အ​ရေပြား​အား​ ဖြတ်သန်း​စေရန် အသုံး​ပြုခဲ့​သည်။ “​ဆေး​ရုံမှာ ထား​ထား​တဲ့​ ​မျှော့​တွေ ကုန်သွား​တယ်။ အဲဒီ​တော့​ ဗြိတိန်က​နေ ​လေယာဉ်နဲ့​ အ​ရေး​ပေါ် သွား​သယ်ရတယ်”ဟု ကလက်ဆန်က ရှင်း​ပြခဲ့​သည်။

ခက်ခဲရှုပ်​ထွေး​သော ခွဲစိတ်မှုသည် ၁၅ နာရီ ကြာခဲ့​ပြီး​နောက် ဆရာဝန်များ​က အမျိုး​သမီး​၏ နှုတ်ခမ်း​၊​ နှာ​ခေါင်း​နှင့်​ ပါး​ပြင် အစိတ်အပိုင်း​များ​ကို ပြန်လည် ပြင်ဆင်​ပေး​နိုင်ခဲ့​သည်။ ခွဲစိတ်မှု ​အောင်မြင်​ကြောင်း​ ဆရာဝန်များ​က အတည်ပြုခဲ့​သော်လည်း​ အမည်မ​ဖော်ပြ​သော ဆွီဒင် အမျိုး​သမီး​သည် ​နောက်ထပ် ဆင့်​ပွား​ ခွဲစိတ်မှုများ​ ခံယူရန် လိုအပ်​နေဆဲဟုလည်း​ ​ပြောကြား​ခဲ့​သည်။ “ရလဒ်က ​ကောင်း​ပါတယ်။ သူ အသက်ရှင်နိုင်ခဲ့​တယ်။ ခုဆိုရင် လူနာက ​ကောင်း​ကောင်း​ အသက်ရှူနိုင်​နေသလို စား​တာ၊​ ​သောက်တာ​တွေလည်း​ လုပ်နိုင်ပါတယ်”ဟု ​ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here