ပင်စင်နှင့်​ခံစား​ခွင့်​များ​ ဆက်လက်ရလို၍ အ​ဒေါ်၏ရုပ်အ​လောင်း​အား​ ဝှက်ထား​သူ

alt

ဩစ​တြေး​လျ ရဲတပ်ဖွဲ့​သည် အ​ဒေါ်ဖြစ်သူ၏ အ​လောင်း​ကို ဝှက်ထား​သူ တစ်ဦး​အား​ ဖမ်း​ဆီး​လိုက်​ကြောင်း​ သိရသည်။

အသက် ၄၇ နှစ် ရှိပြီဖြစ်ပြီး​ အလုပ်လက်မဲ့​ ဖြစ်​နေ​သော တူဖြစ်သူသည် အသက် ၈၈ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့​သော အ​ဒေါ်၏ အ​လောင်း​ကို ​ရေခဲ​သေတ္တာထဲတွင် ဝှက်ထား​သည်။ ရည်ရွယ်ချက်မှာ အ​ဒေါ်ဖြစ်သူ၏ ပင်စင်နှင့်​ အခြား​ခံစား​ခွင့်​များ​ကို ဆက်လက် ရရှိ​နေ​စေရန်ဟု သိရသည်။

၎င်းသည် အ​ဒေါ်၏ အ​လောင်း​ကို ဝှက်ထား​ကာ လ​ပေါင်း​ အနည်း​ငယ်မျှ ​ငွေထုတ်ယူ သုံး​စွဲ​နေခဲ့​ကြောင်း​ ရဲများ​က ​ပြောဆိုခဲ့​သည်။ နိုင်ငံ​မြောက်ပိုင်း​တွင် ​နေထိုင်​သော အဆိုပါ ပုဂ္ဂိုလ်က မိမိ၏ အ​ဒေါ်သည် ဇွန်လက ကွယ်လွန်ခဲ့​ပြီး​ သူမ မကွယ်လွန်မီ ယခုလုပ်ရပ်အတွက် သ​ဘောတူညီခဲ့​ကြောင်း​ ရဲတပ်ဖွဲ့​သို့​ ​ပြောကြား​ခဲ့​သည်။

ထို့​အပြင် အ​ဒေါ်ဖြစ်သူသည် သမား​ရိုး​ကျ ဖြစ်စဉ်ဖြင့်​ပင် ​သေဆုံး​ခဲ့​ကြောင်း​လည်း​ ဆိုသည်။ရဲတပ်ဖွဲ့​သည် ယခုသီတင်း​ပတ် အ​စောပိုင်း​က ရုပ်အ​လောင်း​ကို ရှာ​ဖွေ ​တွေ့​ရှိခဲ့​ပြီး​နောက် ရင်ခွဲစစ်​ဆေး​ရန် စီစဉ်ထား​ပြီး​ အဆိုပါ အမျိုး​သား​ကိုမူ ဖမ်း​ဆီး​ထား​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here