Angry Birds ငှက်ရုပ်လေးများ ခရစ္စမတ်ကာလ၏ ​​ရောင်း​​အ​​ကောင်း​​ဆုံး​​ လက်​​ဆောင်ပစ္စည်း​​​လေး​​များ​​ ဖြစ်လာဖွယ် ရှိ​​

alt

နာမည်​​ကျော် ရူပ​​ဗေဒ အသား​​​ပေး​​ဂိမ်း​​ Angry Birdsမှ ငှက်ရုပ်​​လေး​​များ​​သည် ခရစ္စမတ်ကာလ၏ ​​ရောင်း​​အ​​ကောင်း​​ဆုံး​​ လက်​​ဆောင်ပစ္စည်း​​​လေး​​များ​​ ဖြစ်လာဖွယ် ရှိ​​နေ​​ကြောင်း​​ သိရသည်။

ဂိမ်း​​တီထွင်​​သော Rovioသည် အလွန်နာမည်ကြီး​​​ သော အဆိုပါဂိမ်း​​ကို မတီထွင်နိုင်မီ လူအများ​​ အား​​​ပေး​​ခြင်း​​ မခံရသည့်​​ ဂိမ်း​​​ပေါင်း​​ အခု ၅၀ ကို တီထွင်ကာ အ​​တွေ့​​ အကြံု ယူခဲ့​​ရသည်။

ယခုအခါ အလွန်နာမည်ကြီး​​လာသည့်​​ Angry Birds၏ အရုပ်နှင့်​​ တီရှပ်​​ပေါင်း​​ တစ်သန်း​​​ကျော်ကို ကုမ္ပဏီက တစ်လအတွင်း​​ ​​ရောင်း​​ချနိုင်ခဲ့​​​ကြောင်း​​ သိရသည်။ Angry Birdsကို ကမ္ဘာ​​ပေါ်တွင် လူသန်း​​​ပေါင်း​​များ​​စွာ Downloadရယူ ​​ဆော့​​ကစား​​​နေသလို ခရစ္စမတ်ကာလတွင်လည်း​​ ဂိမ်း​​Versionနှစ်ခု ထပ်မံထုတ်လုပ်ဖွယ် ရှိ​​နေသည်။

ဗြိတိန်တွင် မကြာ​​သေး​​မီက စစ်တမ်း​​တစ်ခု ​​ကောက်ယူခဲ့​​ရာ လူအများ​​သည် စမတ်ဖုန်း​​များ​​တွင် ဂိမ်း​​ကစား​​ရန် နှစ်စဉ် ​​ ပေါင်စတာလင် သန်း​​ ၈၀၀ ​​ကျော် အကုန်အကျ ခံ​​နေကြပြီး​​ Angry Birdsသည် လူစိတ်အဝင်စား​​ဆုံး​​ ဂိမ်း​​များ​​စာရင်း​​တွင် ထိပ်ဆုံး​​မှ ရပ်တည်​​နေ​​ကြောင်း​​ သိရှိရသည်။

Bloombergသတင်း​​ဌာနက ယခင်က Rovioသည် သာမန် နည်း​​ပညာ လုပ်ငန်း​​​လေး​​ တစ်ခုမျှသာ ဖြစ်ခဲ့​​​သော်လည်း​​ Angry Birds​​ကြောင့်​​ ယခုအခါ တန်​​ကြေး​​ ​​ဒေါ်လာ ၁.၂ ဘီလျံ​​ကျော် ရှိ​​ နေပြီဟု ခန့်​​မှန်း​​​ဖော်ပြထား​​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here