ပါကစ္စတန်တွင် ရှီး​​ယိုက်မွတ်ဆလင်များ​​အား​​ ပစ်ခတ်မှုဖြစ်ပွား​​

alt

ပါကစ္စတန်တွင် ရှီး​​ယိုက် မွတ်ဆလင် ဝတ်ပြုသူများ​​ကို ​​သေနတ်သမား​​များ​​က ပစ်ခတ်ခဲ့​​ရာ အနည်း​​ဆုံး​​ ၂၆ ဦး​​မျှ ​​ သေဆုံး​​သွား​​​ကြောင်း​​ သိရသည်။

ဘတ်စ်ကား​​​ပေါ် လိုက်ပါလာသူများ​​ကို ပါကစ္စတန် အ​​နောက်ပိုင်း​​တွင် ​​သေနတ်သမား​​ များ​​က အကြမ်း​​ဖက် တိုက်ခိုက်ခဲ့​​​ကြောင်း​​ အာဏာပိုင်များ​​ကဆိုသည်။ ဘုရား​​ဖူး​​များ​​သည် ဘာလိုချီစတန်ရှိ မတ်စတန်ကို ဖြတ်သန်း​​သွား​​ပြီး​​ အီရန်နှင့်​​ နယ်ခြား​​​ဒေသသို့​​ ဦး​​တည်​​နေစဉ် တိုက်ခိုက်ခံရခြင်း​​ဖြစ်သည်။ ပစ်ခတ်မှုအတွင်း​​ အများ​​ အပြား​​ ဒဏ်ရာရခဲ့​​ပြီး​​ အချို့​​မှာ အ​​ခြေအ​​နေ ဆိုး​​ရွား​​​ကြောင်း​​ ပါကစ္စတန် သတင်း​​ဌာနများ​​က ​​ပြောကြား​​ခဲ့​​သည်။

ယခုကိစ္စနှင့်​​ ပတ်သက်ပြီး​​ မည်သည့်​​အဖွဲ့​​အစည်း​​ကမျှ တာဝန်ရှိ​​ကြောင်း​​ မ​​ကြေညာခဲ့​​​သော်လည်း​​ ရှီး​​ယိုက်တို့​​နှင့်​​ ကမ္ဘာ့​​ ရန်ဖြစ်​​သော ဆွန်နီ မွတ်ဆလင် အစွန်း​​​ရောက်များ​​ လက်ချက်ဖြစ်နိုင်​​ကြောင်း​​ စွပ်စွဲမှုများ​​ ထွက်​​ပေါ်​​နေသည်။ ပါကစ္စတန်တွင် ဆွန်နီနှင့်​​ ရှီး​​ယိုက်တို့​​အကြား​​ ရန်မီး​​သည် လွန်ခဲ့​​​သော နှစ်​​ပေါင်း​​ ၂၀ အတွင်း​​ ပိုမို​​တောက်​​လောင်လာခဲ့​​ သည်။ ယခုဘတ်စ်ကား​​ တိုက်ခိုက်မှုတွင် အနည်း​​ဆုံး​​ ၈ ဦး​​မှ ၁၀ ဦး​​ထိ ပါဝင်​​သော ​​သေနတ်သမား​​များ​​သည် ဂျစ်ကား​​ နှစ်စင်း​​ဖြင့်​​ ဆန့်​​ကျင်ဘက် အရပ်မှ ​​မောင်း​​လာကာ ဘတ်စ်ကား​​ကို ရပ်တံ့​​​စေခဲ့​​သည်။

ထို့​​​နောက် လူအား​​လုံး​​ကို ကား​​​ ဘေး​​တွင် တန်း​​စီရပ်​​စေကာ AK-47 ရိုင်ဖယ်​​သေနတ်များ​​ဖြင့်​​ ပစ်ခတ်ခဲ့​​​ကြောင်း​​ သိရသည်။ ယခုကိစ္စသည် ပါကစ္စတန်တွင် ရှီး​​ယိုက်မွတ်ဆလင်များ​​ သတ်ဖြတ်ခံရခြင်း​​အတွက် အ​​ရေအတွက် အများ​​ဆုံး​​ ဖြစ်စဉ်တစ်ခုလည်း​​ ဖြစ်လာသည်။ ယင်း​​ မတိုင်မီက ၂၀၁၀ ပြည့်​​နှစ်၊​ စက်တင်ဘာလတွင် အ​​သေခံ ဗုံး​​သမား​​ တစ်ဦး​​သည် ကွာတာတွင် ရှီး​​ယိုက်များ​​ စုရုံး​​​နေစဉ် ဗုံး​​ခွဲခဲ့​​ရာ လူ​​ပေါင်း​​ ၅၇ ဦး​​ ​​သေဆုံး​​ခဲ့​​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here