Google+ ကို လူတိုင်း​​သုံး​​စွဲနိုင်ပြီဖြစ်

alt

Googleသည် ၎င်း​တို့​​၏ Social Networking ဝန်​​ဆောင်မှုသစ်ဖြစ်​​သော Google+ကို အသုံး​​ပြုလိုသူ အား​​လုံး​​အတွက် ဖွင့်​​​ပေး​​လိုက်ပြီဖြစ်သည်။

စမ်း​​သပ်ဆဲ ကာလတွင် လူဦး​​​ရေ အကန့်​​အသတ်ဖြင့်​​သာ သုံး​​စွဲခွင့်​​ ပြုခဲ့​​​သော Google+သည် ယခုအခါ လူတိုင်း​​အတွက် အလွယ်တကူ သုံး​​စွဲရန် ဖြစ်လာ​​တော့​​မည်ဟု နာမည်​​ကျော် အင်တာနက် ရှာ​​ဖွေ​​ရေး​​ ဝန်​​ဆောင်မှု လုပ်ငန်း​​ကြီး​​က ​​ကြေညာခဲ့​​သည်။ Googleသည် Social Networking ​​လောကတွင် မင်း​​မူ​​နေသည့်​​ Facebookကို ယှဉ်ပြိုင်ရန် Google+ကို အသက်သွင်း​​ခဲ့​​ခြင်း​​ဖြစ်သည်။ စတင်​​ကြေညာပြီး​​ ၂ ပတ်အတွင်း​​ မိမိတို့​​အ​​နေနှင့်​​ သုံး​​စွဲသူ ၁၀ သန်း​​ထိ ရရှိ​​နေပြီဟု Googleက ​​ကြေညာနိုင်ခဲ့​​သည်။

ထိုစဉ်ကတည်း​​က Google+ အသုံး​​ပြုသူ အ​​ရေအတွက်ကို Googleက တရား​​ဝင် ထပ်မံ​​ကြေညာခြင်း​​ မရှိ​​တော့​​​သော်လည်း​​ ​​လေ့​​လာသူများ​​က တစ်လအတွင်း​​ ၂၅ သန်း​​မျှထိ ရှိလာပြီဟု ယူဆရ​​ကြောင်း​​ သုံး​​သပ်ခဲ့​​သည်။ သုံး​​စွဲသူဦး​​​ရေ တိုး​​ပွား​​လာ​​သောလည်း​​ အသုံး​​ပြုသူများ​​၏ Postတင်မှုမှာ တစ်စထက်တစ်စ ကျဆင်း​​လာ​​ကြောင်း​​ ဩစ​​တြေး​​လျ အင်တာနက် သု​​တေသန ဌာနတစ်ခုက သုံး​​သပ်ခဲ့​​သည်။ သို့​​​သော် ယင်း​​​လေ့​​လာမှုတွင် လူတစ်ဦး​​ချင်း​​စီ၏ ပုဂ္ဂိုလ်​​ရေး​​ Postများ​​ကို ထည့်​​သွင်း​​တွက်ချက်မှု မရှိ​​ပေ။

ယခုအခါ Googleသည် ၎င်း​၏ ​​အောင်မြင်မှုကို ချဲ့​​ထွင်ရန် လူတိုင်း​​အတွက် Google+သုံး​​စွဲခွင့်​​ကို အတည်ပြု​​ပေး​​လိုက်ပြီဖြစ်သည်။ Google+အရ ကွန်ပျူတာ အသုံး​​ပြု​​နေသူများ​​သည် Screen​​ပေါ်ရှိ အချက်အလက်များ​​ကို မိမိ၏ မိတ်​​ဆွေများ​​ထံ အလွယ်တကူ မျှ​​ဝေ ​​ပေး​​ပို့​​နိုင်သည်။ ​​လေ့​​လာသူ အများ​​စုက Facebookအ​​နေနှင့်​​ Google+ထံမှ ကြီး​​မား​​​သော စိန်​​ခေါ်မှုများ​​ကို ရင်ဆိုင်ရဖွယ်ရှိ​​ကြောင်း​​ သုံး​​သပ်ခန့်​​မှန်း​​ခဲ့​​ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here