ဟိမဝန္တာ​​တောင်တန်း​​​ဒေသတွင် ငလျင်လှုပ်ခတ်

alt

ဟိမဝန္တာ ​​တောင်တန်း​​နှင့်​​ ဆက်စပ်​​နေ​​သော ​​ဒေသအပိုင်း​​အခြား​​တစ်ခုတွင် ငလျင်တစ်ခု လှုပ်ခတ်ခဲ့​​ရာ လူ​​ပေါင်း​​ ၁၈ ဦး​​ထက်မနည်း​​ ​​သေဆုံး​​ခဲ့​​​ကြောင်း​​ သိရသည်။

ပြင်း​​အား​​အဆင့်​​ ၆.၉ ရှိ​​သော ငလျင်​​ကြောင့်​​ အိန္ဒိယ၊​ နီ​​ပေါနှင့်​​ တိဘက်တို့​​ တွင် ပျက်စီး​​မှုများ​​ ဖြစ်​​ပေါ်ခဲ့​​ပြီး​​ အ​​သေအ​​ပျောက်ပါ ရှိခဲ့​​သည်။ အိန္ဒိယ အ​​ရှေ့​​​မြောက်ပိုင်း​​ရှိ ​​တောင်ထူထပ်​​သော ဆစ်ကင်ပြည်နယ်တွင် ဗဟိုပြုသည့်​​ ငလျင်အပြီး​​ ကယ်ဆယ်​​ရေး​​အဖွဲ့​​များ​​က အ​​ရေး​​​ပေါ် လုပ်ငန်း​​များ​​ ​​ဆောင်ရွက်​​နေ​​ သော်လည်း​​ မိုး​​သည်း​​ထန်မှုနှင့်​​ ​​မြေပြိုမှုများ​​က အခက်အခဲများ​​ ဖြစ်​​ပေါ်​​နေ​​စေသည်။

ယခုနှစ်တွင် အဆိုပါ ​​ဒေသအတွင်း​​ ငလျင်အချို့​​ လှုပ်ခတ်ခဲ့​​​သော်လည်း​​ ကြီး​​ကြီး​​မား​​မား​​ ထိခိုက်ပျက်စီး​​မှုများ​​ မရှိခဲ့​​​ပေ။ တိဘက်တွင် အနည်း​​ဆုံး​​ ရ ဦး​​ ​​ သေဆုံး​​ကာ နီ​​ပေါတွင် ၅ ဦး​​ထက်မနည်း​​ အသက်ဆုံး​​ရှံုး​​ခဲ့​​​ကြောင်း​​ သတင်း​​များ​​ကဆိုသည်။ အိန္ဒိယတွင်လည်း​​ လူ ရ ဦး​​မျှ ​​ သေဆုံး​​မည်ဟု ခန့်​​မှန်း​​ရသည်။

ငလျင်ပြီး​​​နောက် ယင်း​​​ဒေသများ​​တွင် လျှပ်စစ်မီး​​ ပြတ်​​တောက်မှုများ​​ ဖြစ်​​ပေါ်​​နေပြီး​​ ​​ နောက်ဆက်တွဲ ​​မြေလွှာလှုပ်ခတ်မှု နှစ်ကြိမ် ဖြစ်​​ပေါ်ခဲ့​​​သေး​​သည်။ တနင်္ဂ​​နွေ​​နေ့​​ ညပိုင်း​​က လှုပ်ရှား​​သွား​​​သော ငလျင်​​ ကြောင့်​​ တယ်လီဖုန်း​​ ဆက်သွယ်​​ရေး​​ ကွန်ရက်များ​​ပါ ပျက်စီး​​သွား​​ပြီး​​ ဆက်သွယ်​​ရေး​​ ခက်ခဲမှုများ​​ ဖြစ်​​ပေါ်​​နေ​​ကြောင်း​​ လည်း​​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here