ရုရှား​​အချမ်း​​သာဆုံး​​ပုဂ္ဂိုလ်များ​​ လက်သီး​​ထိုး​​ပွဲဖြစ်

alt

TVအစီအစဉ်တစ်ခုတွင် ဘဏ္ဍာ​​ရေး​​ အရှုပ်အ​​ထွေး​​နှင့်​​ ပတ်သက်ပြီး​​ ​​ဆွေး​​​နွေး​​မှုတစ်ခု ပြုလုပ်​​နေစဉ် ရုရှား​​၏ အချမ်း​​သာဆုံး​​ ပုဂ္ဂိုလ်များ​​ လက်သီး​​ထိုး​​ပွဲ ကျင်း​​ပခဲ့​​​ကြောင်း​​ သိရသည်။

KGBတပ်ဖွဲ့​​ဝင်​​ဟောင်း​​ တစ်ဦး​​ဖြစ်ပြီး​​ ဗြိတိန်တွင် အထင်ကရ သတင်း​​စာ နှစ်​​စောင်ကို ​​ရေး​​သား​​ထုတ်​​ဝေ​​နေသည့်​​ အလက်ဇန္ဒား​​ လီဘီဒက်ဗ်သည် အိမ်ခြံ​​မြေ ဆိုင်ရာ ဖွံ့​​ဖြိုး​​မှုလုပ်ငန်း​​ပိုင်ရှင် ဆာဂျီ ပိုလန်စကီး​​အား​​ လက်သီး​​စာ ​​ကျွေး​​ခဲ့​​ခြင်း​​ဖြစ်သည်။ နှစ်ဦး​​သား​​ စကား​​​ပြောဆိုမှုတွင် လီဘီဒက်ဗ်အ​​နေနှင့်​​ စိတ်ဆိုး​​စရာ ဖြစ်သွား​​ခဲ့​​ဟန်ရှိပြီး​​ ​​နေရာတွင် ပြန်ထိုင်ရန်သွား​​​နေရာမှ ရုတ်တရက်လှည့်​​ပြီး​​ ပိုလန်စကီး​​ ၏ မျက်နှာကို အား​​ပါ​​သော လက်သီး​​တစ်ချက် ပစ်လွှတ်​​ပေး​​လိုက်သည်။ အဆိုပါ ဖြစ်စဉ်ကို NTVက သီး​​သန့်​​ထုတ်လွှင့်​​​သော ဗီဒီယို ကလစ်​​လေး​​ တစ်ခုတွင် မှတ်တမ်း​​တင် ​​ဖော်ပြထား​​သည်။ ​​

နောက်ပိုင်း​​တွင် ယင်း​​ကိစ္စနှင့်​​ ပတ်သက်ပြီး​​ လီဘီဒက်ဗ်က ကိုယ်ပိုင် Blogတွင် ​​ရေး​​သား​​ခဲ့​​ရာ ​​နောင်တရ​​နေသည့်​​ လက္ခဏာမျိုး​​ မရှိ​​ပေ။ ဘီလျံနာနှစ်ဦး​​ လူသိရှင်ကြား​​ ရန်ဖြစ်မှုနှင့်​​ ပတ်သက်ပြီး​​ လီဘီဒက်ဗ်က “စိတ်မ​​ကောင်း​​စရာပဲ။ NTVက ထုတ်လွှင့်​​တဲ့​​အခါ အဲဒီကိစ္စကို တည်း​​ဖြတ်လိုက်​​တော့​​ လူ​​တွေက ပိုလန်စကီး​​ ဒီအစီအစဉ်မှာ ဘယ်လို ယုတ်မာတယ်ဆိုတာ မမြင်ရ​​တော့​​ဘူး​​။ သူ့​​​ဘောင်း​​ဘီ​​နောက်မှာ အ​​ပေါက်​​ဖောက်လာပြီး​​ ပြတာမျိုး​​​တွေ​​ပေါ့​​။

ဒီ​​တော့​​ သူ့​​မျက်နှာကို ကျွန်​​တော် တီး​​ထည့်​​လိုက်တယ်”ဟု ​​ရေး​​သား​​ခဲ့​​သည်။ လီဘီဒက်ဗ်သည် ​​ဒေါ်လာ ၃.၁ ဘီလျံမျှ ကြွယ်ဝပြီး​​ ရုရှား​​​လေ​​ကြောင်း​​ Aeroflot၏ ရှယ်ယာ ၃၀ ရာခိုင်နှုန်း​​မျှကို ပိုင်ဆိုင်မည်ဟု Forbesက ခန့်​​မှန်း​​ထား​​သည်။ ၎င်း​သည် ရုရှား​​ထုတ် အတိုက်အခံ သတင်း​​စာ Novaya Gazetaနှင့်​​ ဗြိတိန်ထုတ် သတင်း​​စာများ​​ဖြစ်သည့်​​ Independentနှင့်​​ Evening Standardတို့​​ကိုလည်း​​ ပိုင်ဆိုင်ထား​​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here