Angry Birds ဂိမ်း​​အသစ်အား​​ တရုတ်နိုင်ငံရှိ အပမ်း​​​ဖြေဥယျာဉ်တွင် ကစား​​နိုင်ရန်စီစဉ်ထား​​

alt

Angry Birdsဂိမ်း​​အသစ်ကို တရုတ်နိုင်ငံတွင် စတင်ကစား​​နိုင်​​တော့​​မည်ဖြစ်သည်။

ငှက်က​​လေး​​များ​​ကို ​​လောက်လွှဲတွင်ထည့်​​ကာ ပစ်လွှတ်ရ​​သော ရူပ​​ဗေဒ အ​​ခြေခံ ဂိမ်း​​​လေး​​သည် ကွန်ပျူတာဂိမ်း​​ဝါသနာအိုး​​များ​​ နှစ်သက်သ​​ဘောကျသည့်​​ ဂိမ်း​​​ကောင်း​​တစ်ခုအဖြစ် နာမည်ရ​​နေသည်။ ယခုအခါ တရုတ်နိုင်ငံရှိ အပမ်း​​​ဖြေ ဥယျာဉ် တစ်ခုတွင် လူအများ​​ကိုယ်တိုင် Angry Birdsဂိမ်း​​ကို အား​​ရပါး​​ရ ထိ​​တွေ့​​​ဆော့​​ကစား​​ခွင့်​​ ရ​​တော့​​မည်ဖြစ်သည်။

Angry Birdsဂိမ်း​​သည် ကမ္ဘာ​​ပေါ်တွင် ​​ကော်ပီ​​ပေါင်း​​ သန်း​​ ၃၅၀ ​​ကျော် ​​ရောင်း​​ချနိုင်သည့်​​ ​​အောင်မြင်မှုမျိုး​​ ပိုင်ဆိုင်ထား​​သလို ဥယျာဉ်ထဲမှ Angry Birdsကလည်း​​ လူအများ​​၏ အာရုံကို ဖမ်း​​စား​​နိုင်ခဲ့​​သည်။ 3D Angry Birdsဟုပင် တင်စား​​သင့်​​​သော အဆိုပါ ဂိမ်း​​ကို ဟူနန်တွင် စက်တင်ဘာ ၁ ရက်​​နေ့​​က စတင်ကစား​​​နေကြပြီဖြစ်သည်။ Angry Birdsဂိမ်း​​မှ ငှက်ရုပ်​​လေး​​များ​​ကို ကိုယ်တိုင်လက်နှင့်​​ဆွဲကာ ပစ်ခတ်ရမည်ဖြစ်ရာ လူအများ​​ နှစ်သက်​​နေကြသည်။

အခြား​​​သော သတင်း​​များ​​အရ Angry Birdsကို ဖန်တီး​​ခဲ့​​​သော Rovio ကုမ္ပဏီသည် ယခုအခါ Angry Birdsသီး​​သန့်​​ အပမ်း​​​ဖြေဥယျာဉ်တစ်ခု တည်​​ဆောက်ရန် လိုင်စင်ကို ​​ရောင်း​​ချသွား​​ရန် စဉ်း​​စား​​​နေ​​ကြောင်း​​ သိရှိရသည်။ Angry Birdsသည် တစ်ချိန်က Mickey Mouseဇာတ်​​ကောင်ကဲ့​​သို့​​ ကမ္ဘာသိ ​​ဖျော်​​ဖြေ​​ရေး​​ iconတစ်ခု ဖြစ်လာပြီး​​​နောက် မူပိုင်ခွင့်​​​ရောင်း​​ချရန် ဖင်လန်အ​​ခြေစိုက် ကုမ္ပဏီကြီး​​က စိတ်ဝင်စား​​လာခြင်း​​ ဖြစ်နိုင်ဖွယ်ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here