ငလျင်ကြီး​​အတွင် ကူညီခဲ့​​သည့်​​ ထိုင်ဝမ်အား​​ ​​ကျေး​​ဇူး​​တင်​​ကြောင်း​​ ​​ရေး​​ကူး​​ပြသခဲ့​​သည့်​​ ဂျပန်နိုင်ငံသား​​များ

alt

ဂျပန်နိုင်ငံတွင် မတ်လက လှုပ်ခတ်ခဲ့​​သည့်​​ ငလျင်ကြီး​​အတွင်း​​ ထိုင်ဝမ်၏ အကူအညီ​​ပေး​​မှုကို ​​ကျေး​​ဇူး​​တင်​​ကြောင်း​​ ပြသည့်​​ အ​​နေနှင့်​​ ဂျပန်နိုင်ငံသား​​ ၆ ဦး​​သည် ဂျပန်မှ ထိုင်ဝမ်ထိ ​​ရေကူး​​ခဲ့​​​ကြောင်း​​ သိရသည်။

​​လေပြင်း​​တိုက်ခတ်ပြီး​​ လှိုင်း​​ထန်​​နေ​​သော ပင်လယ်တွင် ၉၅ မိုင်ရှည်​​သော ခရီး​​ကို ၎င်း​တို့​​က ရဲဝံ့​​စွာ ကူး​​ပြခဲ့​​ခြင်း​​ဖြစ်သည်။ ​​ခေါင်း​​တွင် ​​ဆောင်း​​ထား​​​သော ​​ရေကူး​​ဦး​​ထုပ်​​ပေါ်တွင် နှစ်နိုင်ငံ အလံများ​​ကို ​​ရေး​​ခြယ်ထား​​ပြီး​​ “ဂျပန်ကို ​​ကောင်း​​ချီး​​​ပေး​​သည့်​​ ထိုင်ဝမ်အား​​ ​​ကျေး​​ဇူး​​တင်ပါသည်”ဟူ​​သော စာတန်း​​ကို ​​ရေး​​ထိုး​​လျက် ထိုင်ဝမ်အ​​ရှေ့​​ဘက်ဆိပ်ကမ်း​​ ဆွာအိုထိ ​​ရေကူး​​ကြခြင်း​​ဖြစ်သည်။

၎င်း​တို့​​ကို ထိုင်ဝမ်မှ ပြည်သူများ​​ကလည်း​​ ​​နွေး​​​ထွေး​​စွာ ကြိုဆိုခဲ့​​ကြသည်။ ​​ရေကူး​​လာသည့်​​ လမ်း​​တ​​လျှောက်တွင် မီတာ အနည်း​​ငယ် ရှည်လျား​​​သော ​​လှေငယ်များ​​ဖြင့်​​ လူအချို့​​ လိုက်ပါလာကြသည်။ ၎င်း​တို့​​ ကမ်း​​​ပေါ်​​ရောက်ချိန်တွင် မူလတန်း​​ ​​ကျောင်း​​သူ ​​ကျောင်း​​သား​​​လေး​​များ​​က တံငါသည်များ​​သဖွယ် ဝတ်ဆင်ကာ ဘင်ခရာ တီး​​ဝိုင်း​​များ​​ဖြင့်​​ ကြိုဆိုကြသည်။

ထိုင်ဝမ်သည် ဂျပန်ငလျင်​​ဘေး​​ဆိုး​​ကြီး​​တွင် ကယ်ဆယ်​​ရေး​​ လုပ်ငန်း​​များ​​ကို အင်နှင့်​​အား​​နှင့်​​ ကူညီခဲ့​​ပြီး​​ ​​ဒေါ်လာ သန်း​​ ၂၆၀ ​​ကျော်မျှ လှူဒါန်း​​ခဲ့​​သည်။ မတ်လ ၁၁ ရက်​​နေ့​​က ဂျပန်တွင် ဖြစ်ပွား​​​သော ငလျင်လှုပ်ခတ်မှုနှင့်​​ ​​နောက်ဆက်တွဲ ဆူနာမီ​​ရေလှိုင်း​​ ရိုက်ခတ်မှုများ​​အတွင်း​​ လူ​​ပေါင်း​​ နှစ်​​သောင်း​​​ကျော် ​​သေဆုံး​​ခဲ့​​ပြီး​​ ​​ရေဒီယိုသတ္တိကြွမှုကို လူတစ်သိန်း​​​ကျော် သက်​​ရောက်ခံစား​​ခဲ့​​ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here