သူများတွေ ဘယ်နေရာကို လှှူကြသလဲ

သရုပ်​ဖေါ်ပုံ © PMV

သူများ​​​တွေ ဘယ်​​နေရာကိုလှူကြသလဲ

ဩစ​​တေး​​လျနိုင်ငံက ဘီလျံနာသူ​​ဌေး​​ကြီး​​ အန်ဒရူး​​​ဖောရက်စ်လည်း​​

လှူတာဝါသနာပါပါတယ်။ သူက မြန်မာ​​တွေလို ဘုန်း​​ကြီး​​ကိုလည်း​​မလှူပါဘူး​​။ ဘုရား​​တည်​​ကျောင်း​​​ဆောက်တာလည်း​​ မလုပ်ပါဘူး​​။ ​​ရော့​​…မင်း​​ကိုတစ်သိန်း​​​ပေး​​တယ် ဆိုပြီး​​လည်း​​ မလုပ်ပါဘူး​​။

သူက မိဘမဲ့​​ခ​​လေး​​​ဂေဟာကိုလှူတယ်။ နို့​​ကင်ဆာကာကွယ်​​ရေး​​နှင့်​​သု​​တေသန အတွက်လှူဒါန်း​​တယ်။ ဌာ​​နေတိုင်း​​ရင်း​​သား​​​တွေရဲ့​​ပညာ​​ရေး​​အတွက် စ​​ကောလား​​ရှစ်​​တွေ​​ပေး​​တယ်။ အိမ်​​ခြေမဲ့​​ အလုပ်လက်မဲ့​​​တွေအတွက် အလုပ်အကိုင်နဲ့​​အိမ်ယာ ရရှိ​​ရေး​​အတွက်လှူဒါန်း​​တယ်။ ဒီလိုလှူဒါန်း​​တဲ့​​​နေရာမှာ ​​ရော့​​…ယူ ဆိုပြီး​​ မလုပ်ဘူး​​။ လှူဒါန်း​​​ငွေက​​နေ အမြတ်ရ​​အောင် လုပ်တယ်။ ဒီအမြတ်​​ငွေနဲ့​​​ရေရှည် ရပ်တည်နိုင်​​အောင်လုပ်​​ပေး​​ထား​​တယ်။ ဥပမာ ဘဏ်တိုး​​နဲ့​​အမြတ်ရှယ်ယာ​​တွေက​​နေ ​​ရေရှည်လည်ပတ်လို့​​ရ​​အောင်လုပ်​​ပေး​​တယ်။ တချို့​​သူ​​ဌေး​​ကြီး​​​တွေက သဘာဝပတ်ဝန်း​​ကျင်ဆိုင်ရာ ကာကွယ်မြှင့်​​တင်​​ရေး​​အတွက် သု​​တေသနလုပ်ငန်း​​နဲ့​​ပညာသင်ကြား​​​ရေး​​ကိစ္စ​​တွေမှာ လှူဒါန်း​​တယ်။ တချို့​​​တွေက သူတို့​​မြို့​​​တွေမှာ အပန်း​​​ဖြေစရာ ပန်း​​ခြံ​​တွေ နဲ့​​ စာကြည့်​​တိုက်​​တွေကိုလှူဒါန်း​​တယ်။ ဒီလိုမျိုး​လှူဒါန်း​​မှု​​တွေက နိုင်ငံတည်​​ဆောက်​​ရေး​​ ( Nation Building ) မှာ အရမ်း​​အ​​ရေး​​ကြီး​​တယ်။ တချို့​​​သော စီမံကိန်း​​​တွေက အစိုး​​ရကိုပဲ အား​​ကိုး​​​နေလို့​​မရပါ။ ဒါ့​​​ကြောင့်​​ ပိုက်ဆံချမ်း​​သာတဲ့​​လူ​​တွေကလည်း​​ တခါတ​​လေ အစိုး​​ရစဉ်း​​စား​​သလို စဉ်း​​စား​​​ပေး​​ရတယ်။ ပြည်သူ့​​အကျိုး​​ပြုလုပ်ငန်း​​​တွေကို လုပ်ကိုင်​​ပေး​​ရပါတယ်။ ဒါမှ တရား​​မျှတပြီး​​ ညီညွတ်တဲ့​​လူ့​​​ဘောင်တစ်ခုကို တည်​​ဆောက်နိုင်မှာပါ။

မြန်မာ​​တွေဘယ်​​နေရာမှာ လှူဒါန်း​​ကြသလဲ

အများ​​ဆုံး​​​တွေ့​​ရတဲ့​​ ​​နေရာက​​တော့​​ ဘုရား​​တည်တယ်။ ​​ကျောင်း​​​ဆောက်တယ်။ ဘုန်း​​ကြီး​​​တွေကိုလှူတယ်။ ဗုဒ္ဓဘာသာက လူများ​​စုဖြစ်​​တော့​​ ဒီလိုလှူတာကို အပြစ်မတင်ချင်ဘူး​​။ ဒါ​​ပေမဲ့​​ ဒီလို​​နေရာ​​တွေကို ဦး​​စား​​မ​​ပေး​​သင့်​​​တော့​​ဘူး​​။ အ​​နော်ရထာမင်း​​တရား​​ကြီး​​​ခေတ်မှာ ​​ဆောက်လိုက်တဲ့​​ ဘုရား​​ နဲ့​​​ကျောင်း​​​တွေဟာ နဲ တာမဟုတ်ဘူး​​။ သူကစလို့​​ သီ​​ပေါမင်း​​အဆုံး​​ တည်လိုက်တဲ့​​ဘုရား​​။ ကုန်ကုန်​​ပြောရရင် လက်ရှိ မင်း​​တရား​​ကြီး​​သန်း​​​ရွှေ​​ခေတ်အထိ တည်လိုက်တဲ့​​ဘုရား​​ ကုန်လိုက်တဲ့​​​ငွေ နဲတာမဟုတ်ဘူး​​။ ဘယ်​​လောက်ကုန်လဲဆိုတာကို ယ​​နေ့​​​ခေတ်​​ပေါက်​​ဈေး​​နဲ့​​တွက်ကြည့်​​ချင်​​ပေမဲ့​​ မှတ်တမ်း​​မှတ်ရာမရှိ​​တော့​​ မဖြစ်နိုင်ဘူး​​။ တကယ်လို့​​သာ ဘုရင်အဆက်ဆက်က ဒီလိုဘုရား​​​တွေကို ​​ပေါက်ကရ ​​နေရာတကာမတည်ပဲ အထက်က​​ပြောတဲ့​​သူ​​ဌေး​​ကြီး​​​တွေလှူတဲ့​​ နည်း​​အတိုင်း​​လှူလိုက်ရင် ဘယ်​​လောက်​​ကောင်း​​လိုက်မလဲ။ ဒါဆိုရင် အခုလိုမျိုး​​ လူတိုင်း​​ရဲ့​​​ခေါင်း​​ထဲမှာ ခိုး​​ဖို့​​ဘတ်ဖို့​​ဆိုတဲ့​​ အ​​တွေး​​အ​​ခေါ်​​တွေရှိမှာ မဟုတ်​​တော့​​ဘူး​​။ ဘုန်း​​ကြီး​​ဦး​​​ရေလည်း​​ ဒီ​​လောက်များ​​မှာမဟုတ်ဘူး​​။ ဩစ​​တေး​​လျနိုင်ငံမှာ အ​​နေကြာပြီဖြစ်တဲ့​​ မြန်မာတစ်​​ယောက်က သူ့​​ရပ်ရွာကို အလည်ပြန်တယ်။ သူလည်း​​ ဩစ​​တေး​​လျမှာ​​နေလာတာ နှစ်​​ပေါင်း​​ ၂ဝ-​​ကျော်ပြီဆို​​တော့​​ ​​ငွေလည်း​​ အ​​တော်စုမိ​​နေပြီ။ မြန်မာပြည်က သူ့​​ရွာလည်း​​​ရောက်​​ရော ဘုန်း​​ကြီး​​​ကျောင်း​​​ဆောက်တယ်။ ဘုရား​​တည်တယ်။ ဘုန်း​​ကြီး​​​ကျောင်း​​မှာ ဘုန်း​​ကြီး​​တစ်ပါး​​နဲ့​​​ကျောင်း​​သား​​တစ်​​ယောက်ပဲရှိတယ်။ ကုန်တဲ့​​​ငွေက မြန်မာ​​ငွေသိန်း​​နှစ်ရာ​​ကျော်။ ​​ဒေါ်လာသုံး​​​သောင်း​​နီး​​ပါး​​။ ဘုရား​​နဲ့​​​ကျောင်း​​မှာ​​တော့​​ သူ့​​နာမည်က အကြီး​​ကြီး​​​ပေါ့​​။ ဦး​​ဩစ​​တေး​​လျ​​ကောင်း​​မှုလို့​​​ရေး​​ထား​​တယ်။ အဲဒီရွာမှာ ​​စေတီတစ်ဆူရှိတယ်။ ဘုန်း​​ကြီး​​​ကျောင်း​​ နှစ်​​ကျောင်း​​ရှိတယ်။ ဒီလိုရှိ​​နေတာ​​တောင် ဘာဖြစ်လို့​​များ​​ ​​နောက်ထပ်​​စေတီတစ်ဆူနဲ့​​ဘုန်း​​ကြီး​​​ကျောင်း​​ကို ထပ်ပြီး​​​ဆောက်ရလဲမသိဘူး​​။ ဒါ​​တွေအစား​​ ရွာမှာလိုအပ်​​နေတဲ့​​ အခမဲ့​​ အင်တာနက်ဆိုင်​​လေး​​လှူလိုက်ရင် ဘယ်​​လောက်​​ကောင်း​​မလဲလို့​ကျွန်​တော်​​တွေး​​မိတယ်။ သူတစ်​​ယောက်တည်း​​ ဒီလိုမျိုး​​ ဘုရား​​တည်တာလား​​ဆို​​တော့​​ မဟုတ်ဘူး​​။ တခြား​​ဗမာ​​တွေလည်း​​ ဒီအတိုင်း​​ပဲ။ အနည်း​စုက​​တော့​​ သူ့​​တို့​​ရပ်ရွာမှာ စာသင်​​ကျောင်း​​အတွက် ​​ငွေလှူတယ်။ ​​ကျောင်း​​ပြင်တယ်။ ဒါကို​​တော့​​ မဆိုး​​ဘူး​​လို့​​​ပြောချင်တယ်။ တိုက်ရိုက်အကျိုး​​ခံစား​​ခွင့်​​ရနိုင်လို့​​ပါ။ အနည်း​ဆုံး​​ ခ​​လေး​​​တွေလုံလုံခြံုခြံုစာသင်နိုင်မယ်။ ဒါ​​ပေမဲ့​​ မြန်မာအများ​​စု အထူး​​သဖြင့်​​ လူကြီး​​​တွေ​​ပေါ့​​ သူတို့​​စဉ်း​​စား​​ချက်က တလွဲများ​​ဖြစ်​​နေလား​​မသိဘူး​​။ ကျ​​နော်က​​တော့​​ လွဲတာမှ အ​​တော်လွဲတယ်လို့​​​ပြောချင်တယ်။

မြန်မာနိုင်ငံက သူ​​ဌေး​​​တွေ ကပ်​​စေး​​နဲသည်

မြန်မာနိုင်ငံမှာ ဒိတ်ဒိတ်ကြဲသူ​​ဌေး​​ကြီး​​​တွေက လှူဒါန်း​​တာ ဝါသနာမပါကြဘူး​​ထင်တယ်။ မီဒီယာမှာ မြင်​​တွေ့​​​နေရတဲ့​​ သူ​​ဌေး​​ကြီး​​​တွေရှိတယ်။ ဥပမာ ဦး​​​တေဇ၊​ ဦး​​​ဇော်​​ဇော်၊​ ဦး​​ခင်​​ရွှေ၊​ ဦး​​ဝင်း​​​အောင် စတဲ့​​ သူ​​ဌေး​​ကြီး​​​တွေဟာ ကပ်​​စေး​​နဲကြသလား​​လို့​​ပါ။ ကျ​​နော်ပဲ သူတို့​​လှူတာကို မ​​တွေ့​​လို့​​များ​​လား​​။ ဆင်း​​ရဲသား​​​တွေ၊​ သာမန်ချမ်း​​သာသူ​​တွေ​​တော့​​ လှူကြတာများ​​ပါတယ်။ ဒါကို စာရင်း​​နဲ့​​​ဖော်ပြရင် ပြီး​​မှာမဟုတ်ဘူး​​။ ကျွန်​တော်​တွေး​​မိတာက လက်ရှိမြန်မာနိုင်ငံမှာ အရမ်း​​ကို ချမ်း​​သာ​​နေတဲ့​​လူ​​တွေဟာ ကပ်​​စေး​​နဲတယ်။ ဆင်း​​ရဲတဲ့​​သူ​​တွေဟာ ကပ်​​စေး​​မနဲဘူး​​။ ဒါက လက်ရှိနိုင်ငံ​​ရေး​​ကာလမှာ ကျ​​နော်နိဂုံး​​ချုပ်မိတဲ့​​ အချက်။ သူ​​ဌေး​​​တွေဟာ ​​ငွေကို ဘယ်ဂွင်က​​နေ ဘယ်လိုရ​​အောင်ဖန်ရမလဲဆိုတာကိုပဲ တချိန်လုံး​​စဉ်း​​စား​​​နေကြတယ်။ နဲနဲပါး​​ပါး​​ပြန်​​ပေး​​ဖို့​​စိတ်ကူး​​မရှိကြ​​တော့​​ဘူး​​။ ဒါလား​​ ယဉ်​​ကျေး​​တဲ့​​ဗမာ။ အရမ်း​​ချမ်း​​သာတဲ့​​သူ​​တွေက ပိုပြီး​​လှူသင့်​​တယ်လို့​​ထင်တယ်။ ဘာ့​​​ကြောင့်​​လဲဆို​​တော့​​ သူတို့​​က လူနည်း​စုဖြစ်တယ်။ ဒီလူနည်း​စုက လူများ​​စုဖြစ်တဲ့​​ ဆင်း​​ရဲသား​​​တွေရဲ့​​လုပ်အား​​​ကြောင့်​​ ချမ်း​​သာတယ်။ ​​နောက်တစ်ချက်က တိုင်း​​ပြည်ရဲ့​​သယံဇာတ​​ကြောင့်​​ ချမ်း​​သာတယ်။ ဆင်း​​ရဲသား​​​တွေ​​ကော၊​ တိုင်း​​ပြည်ရဲ့​​သယံဇာတ​​တွေ​​ကောဟာ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသား​​အား​​လုံး​​နဲ့​​သက်ဆိုင်တယ်။ သူတို့​​လုပ်စား​​တက်လို့​​ချမ်း​​သာတာကို​​တော့​​ လက်ခံတယ်။ ဒါ​​ပေမဲ့​​ အဓိက တိုင်း​​ပြည်နဲ့​​ပြည်သူ​​ကြောင့်​​ပဲ။ ဒီ​​လောက်ချမ်း​​သာ​​နေကြပြီပဲ ဆို​​တော့​​ သူတို့​​ချမ်း​​သာတဲ့​​ အပုံဆယ်ပုံမှာ တစ်ပုံ​​လောက်ကို​​တော့​​ တိုင်း​​ပြည်နဲ့​​လူမျိုး​​အတွက် ပြန်လည်​​ဝေမျှသင့်​​တယ်။ တနည်း​​​ပြောရရင် လှူသင့်​​တယ်။ ဒါမှ တရား​​မျှမှာ​​ပေါ့​​။ သူတို့​​က​​တော့​​ ​​ဒေါ်လာသိန်း​​​ကျော်တန်ကား​​ကြီး​​နဲ့​​​ပျော်ပါး​​​နေကြတယ်။ အ​​ကောင်း​​ဆုံး​​တိုက်ကြီး​​ထဲမှာ အ​​ကောင်း​​ဆုံး​​ပစ္စည်း​​​တွေနဲ့​​ဇိမ်ခံကြတယ်။ ကြိုက်တဲ့​​အစား​​အစာကို စား​​လို့​​ရတယ်။ သူတို့​​ဒီလိုဖြစ်​​နေတဲ့​​အချိန်မှာ လူများ​​စုဖြစ်တဲ့​​ ပြည်သူ​​တွေက​​တော့​​ ငတ်ပြတ်စုတ်ပြတ်ပြီး​​ အဟာရမပြည်တဲ့​​ရုပ်​​တွေနဲ့​​။ ဒါ​​တွေကို သူတို့​​မိုလို့​​ ချမ်း​​သာရဲ့​​သား​​နဲ့​​ ကြည့်​​ရက်​​လေတယ်။ ဒါ​​တွေကိုကြည့်​​ရင် ဒီလူ​​တွေဘယ်​​လောက် အတ္တကြီး​​တယ်ဆိုတာ ​​ပေါ်လွင်တယ်။

လှူသင့်​​တဲ့​​​နေရာ

သူ​​ဌေး​​ကြီး​​​တွေအတွက် လှူသင့်​​တဲ့​​​နေရာ​​တွေ တိုင်း​​ပြည်မှာ အများ​​ကြီး​​ရှိပါတယ်။ ဒီ​​နေရာ​​တွေထဲမှာ ဘုန်း​​ကြီး​​​ကျောင်း​​နဲ့​​ဘုရား​​တည်တာကို ကျ​​နော်မ​​ပြောချင်ဘူး​​။ ဒီ​​နေရာ​​တွေကို မလှူ​​စေချင်ဘူး​​။ ဘာ့​​​ကြောင့်​​လဲဆို​​တော့​​ စီး​​ပွား​​​ရေး​​အရကြည့်​​ရင် အရင်း​​​သေသွား​​တယ်လို့​​​ပြောချင်တယ်။ အ​​ရေး​​တကြီး​​လှူသင့်​​တဲ့​​​နေရာ​​တွေအများ​​ကြီး​​ရှိတယ်။ ဥပမာ နာဂစ်ဒုက္ခသည်​​တွေကို လှူသင့်​​တယ်။ သူတို့​​အတွက် ပြန်လည်ထူ​​ထောင်​​ရေး​​လုပ်ငန်း​​​တွေကို လုပ်​​ပေး​​သင့်​​တယ်။ ​​နောက်ပြီး​​ ပညာ​​ရေး​​လုပ်ငန်း​​​တွေ၊​ သု​​တွေသနလုပ်ငန်း​​​တွေ၊​ ကျန်း​​မာ​​ရေး​​လုပ်ငန်း​​​တွေမှာ လှူသင့်​​တယ်။ ဒီလိုလိုအပ်​​နေတဲ့​​ ​​နေရာ​​တွေကို ဦး​​စား​​​ပေး​​အ​​နေနဲ့​​ သူ​​ဌေး​​ကြီး​​​တွေ ကူညီသင့်​​တယ်လို့​ကျွန်​တော်ထင်တယ်။ ဘုန်း​​ကြီး​​​ကျောင်း​​​ဆောက်၊​ ဘုရား​​တည်၊​ ဘုန်း​​ကြီး​​​တွေအတွက် မလှူရဘူး​​လို့​​မ​​ပြောဘူး​​။ ဒါ​​ပေမဲ့​​ ဦး​​စား​​မ​​ပေး​​သင့်​​ဘူး​​။ မြန်မာပြည်မှာ ဘုန်း​​ကြီး​​​ကျောင်း​​အ​​ရေအတွက်၊​ ​​စေတီပုထိုး​​အ​​ရေအတွက်​​တွေဟာ အင်မတန်များ​​တယ်။ စာရင်း​​ဇယား​​ အတိအကျ မရှိ​​ပေမဲ့​​ အင်မတန်များ​​တယ်လို့​​ ​​ပြောနိုင်တယ်။ ဒါ့​​​ကြောင့်​​ ထပ်ပြီး​​အသစ်​​ဆောက်စရာ တည်စရာမလို​​တော့​​ဘူး​​လို့​​​ပြောချင်တယ်။ ဂျပန်နိုင်ငံမှာ ဆူနာမီဖြစ်​​တော့​​ ဂျပန်သူ​​ဌေး​​ကြီး​​​တွေဟာ မြန်မာနိုင်ငံကသူ​​ဌေး​​ကြီး​​​တွေလို ဖာသိဖာသာမ​​နေကြဘူး​​။ သူတို့​​ချမ်း​​သာတဲ့​​ အထဲက ပြန်ပြီး​​ဖဲ့​​​ပေး​​ကြတယ်။ ဘယ်သူ​​တွေဘယ်​​လောက်​​ပေး​​လဲဆိုတာကို ဒီ​​နေရာမှာ အနည်း​ငယ်​​ပြောပြချင်တယ်။ တာဒါရှီဆိုတဲ့​​ သူ​​ဌေး​​ကြီး​​က သူ့​​ရဲ့​​ကိုယ်ပိုင်​​ငွေထဲ​​နေ ဂျပန်ယမ်း​​​ငွေ သန်း​​တစ်​​ထောင်လှူတယ်။ သူ့​​ရဲ့​​ Company ကလည်း​​ ယမ်း​​​ငွေ သန်း​​​လေး​​ရာလှူတယ်။ မြူး​​ဇစ်ပရိုဂျူဆာဖြစ်သူ အက်စုစီ အာကီမိုတို (Music producer Atsushi Akimoto) ဆိုသူက ဂျပန်ယမ်း​​သန်း​​ငါး​​ရာလှူတယ်။ သူတို့​​အပြင် ​​တောင်ကိုရီး​​ယား​​ နဲ့​​တရုတ်သူ​​ဌေး​​ကြီး​​​တွေလည်း​​ လှူကြတယ်။ သူတို့​​ထဲမှာ ထူး​​ခြား​​တာက တရုတ်သူ​​ဌေး​​ကြီး​​ လီလျံနာချန်က Chen Guangbiao ဂျပန်ယမ်း​​ တစ်ဆယ့်​​သုံး​​သန်း​​ပဲလှူဒါန်း​​ပါတယ်။ ကပ်​​စေး​​နဲတဲ့​​ တရုတ်။ ဒါက ဂျပန်မှာ ဆူနာမီခံရတုန်း​​က ဂျပန်သူ​​ဌေး​​​တွေ သူတို့​​လူမျိုး​​ကို ပြန်ပြီး​​ကူညီတဲ့​​ကိစ္စ။ မြန်မာပြည်မှာ မုန်တိုင်း​​မိတုန်း​​က မြန်မာသူ​​ဌေး​​ကြီး​​​တွေ ဘာလုပ်​​နေကြလဲ။ အခုလက်ရှိ ​​တောင်ငူမှာ​​ရေကြီး​​တယ်။ ပဲခူး​​မှာ​​ရေကြီး​​တယ်။ လူ​​တွေဒုက္ခ​​ရောက်ကြရတယ်။ သူတို့​​ဒီလိုဖြစ်​​နေတာကို မြန်မာပြည်ကထိပ်ထိပ်ကြဲ သူ​​ဌေး​​ကြီး​​​တွေ ဘာများ​​လုပ်​​ပေး​​ခဲ့​​လဲ။ ​​သောက်​​ရေ​​လေး​​​တောင် ဝယ်​​ပေး​​​ဖော်မရဘူး​​။ ဒါ​​ပေမဲ့​​ သူတို့​​လှူတဲ့​​ ​​နေရာတစ်ခု​​တော့​​ရှိတယ်။ အိန္ဒိယအ​​ခြေစိုက် မဇ္ဇျိမ သတင်း​​ဌာနမှာ ​​ရေး​​ထား​​တဲ့​​ သတင်း​​​လေး​​ကို ဖတ်ကြည့်​​ပါ။

မြန်မာ​​ဘောလုံး​​အဖွဲ့​​ချုပ် MFF လက်ရှိ ဥက္ကဋ္ဌ ဦး​​​ဇော်​​ဇော်သည် ယခုအခါ အငြိမ်း​​စား​​ယူသွား​​ပြီဖြစ်​​သော ဗိုလ်ချုပ်မှူး​​ကြီး​​သန်း​​​ရွှေ၏ ​​မြေး​​ဖြစ်သူ ​​နေ​​ရွှေ​​သွေး​​နှင့်​​ ရင်း​​နှီး​​သူဖြစ်ပြီး​​ လူ ၁,၀၀၀ ခန့်​​တက်​​ရောက်သည့်​​ ​​နေ​​ရွှေ​​သွေး​​၏ ၁၆ နှစ် ပြည့်​​ ​​မွေး​​​နေ့​​ကို ဆီဒိုး​​နား​​ ဟိုတယ်တွင် ၂၀၀၇ ဇွန်လက အ​​မေရိကန်​​ဒေါ်လာ ၂၅,၀၀၀ ကုန်ကျခံ ကျင်း​​ပ​​ပေး​​ခဲ့​​သည်ဟု သံရုံး​​အရာရှိက သိရှိရချက်ကို ပြန်လည်​​ရေး​​သား​​ထား​​သည်။

သူတို့​​လှူဒါန်း​​မှုက တလွဲဖြစ်​​နေပါလား​​။ ဟို​​ကောင်..​​နေ​​ရွှေ​​သွေး​​​အောင်ကထမင်း​​ငတ်​​နေတဲ့​​ ​​ကောင်မှမဟုတ်တာဗျာ။ ဒါ့​​​ကြောင့်​​ ဒီလိုလှူတာကို တစ်​​ထောင်ရင်း​​ပြီး​​ တစ်သိန်း​​ရ​​အောင်ဂွင်ဖန်တဲ့​​ အလှူပဲလို့​​​ပြောချင်တယ်။

သူ​​ဌေး​​​တွေ​​ပေါတဲ့​​ ဒို့​​တိုင်း​​ပြည်

မြန်မာနိုင်ငံမှာ သူ​​ဌေး​​​တွေအများ​​ကြီး​​ရှိတယ်။ ဒါ​​ပေမဲ့​​ သူတို့​​ဘယ်​​လောက်ချမ်း​​သာလဲဆိုတာကို အတိအကျမသိရဘူး​​။တခြား​​နိုင်ငံ​​တွေကလို ဒီလူက​​တော့​​ ​​ဒေါ်လာ ဘယ်နှစ်သန်း​​ချမ်သာတယ်၊​ တနှစ်ကို အ​​မေရိကန်​​ဒေါ်လာ ဘယ်နှစ်သန်း​​ဝင်​​ငွေရှိလဲဆိုတာကို ရှင်း​​ရှင်း​​လင်း​​လင်း​​ ပြည်သူကို အသိ​​ပေး​​တယ်။ သူတို့​​အပြင် ဗိုလ်ချုပ်ကြီး​​သူ​​ဌေး​​​တွေလည်း​​ အများ​​ကြီး​​ရှိတယ်လို့​​သိကြတယ်။ သူတို့​​ရဲ့​​ပိုင်ဆိုင်မှုကို ယ​​နေ့​​အထိ ပြည်သူက ရှင်း​​ရှင်း​​လင်း​​လင်း​​မသိရဘူး​​။ လက်ရှိအစိုး​​ရဝန်ကြီး​​​တွေရဲ့​​ပိုင်ဆိုင်မှု နဲ့​​ စီး​​ပွား​​​ရေး​​လုပ်ငန်း​​​တွေကို ပြည်သူက သိသင့်​​တယ်။ ​​ရွေး​​​ကောက်ပွဲမဝင်ခင်မှာ ပြည်သူကို တရား​​ဝင်အသိ​​ပေး​​သင့်​​တယ်။ ဒါ​​ပေမဲ့​​ မြန်မာနိုင်ငံက မြန်မာလူမျိုး​​​တွေရဲ့​​ စိတ်ဓာတ်က သူခိုး​​စိတ်ဓာတ်ဖြစ်​​နေလို့​​ လူထုကို အသိမ​​ပေး​​ရဲကြဘူး​​ထင်တယ်။ ရိုး​​သား​​တယ်ဆိုရင်​​တော့​​ ငါ့​​မှာ ပိုက်ဆံဘယ်​​လောက်ရှိလဲဆိုတာကို ​​ပြောရဲရမှာ​​ပေါ့​​။ စာ​​ရေး​​ဆရာကြီး​​ ပါရဂူ​​သေ​​တော့​​ သူ့​​ရဲ့​​အိမ်အစုတ်​​လေး​​ကို အများ​​အတွက် လှူခဲ့​​တယ်။ဆရာကြီး​​ အပြင် ဦး​​​ကျော်သူတို့​​ ဇနီး​​​မောင်နှံအပြင် အခြား​​လူ​​တွေလည်း​​ရှိပါ​​သေး​​တယ်။ ဒီလူ​​တွေသာ အ​​မေရိကန်​​ဒေါ်လာ သန်း​​​ပေါင်း​​များ​​စွာချမ်း​​သာလိုက်ရင် ဘယ်​​လောက်​​ကောင်း​​လိုက်မလဲ။ ဒီလိုလူ​​တွေဟာ တိုင်း​​ပြည်နဲ့​​လူမျိူး​​အ​​ပေါ်မှာ ​​စေတနာရှိတယ်ဆိုပြီး​​ သူတို့​​လုပ်ရပ်​​တွေက ​​ဖော်ပြ​​နေတယ်။ ဒါ​​ပေမဲ့​​ ထိပ်ထိပ်ကြဲ သူ​​ဌေး​​ကြီး​​​တွေဟာ သူတို့​​နဲ့​​မတူ ၊​ ဘာ့​​​ကြောင့်​​များ​​ အရမ်း​​ကပ်​​စေး​​နဲကြတာလဲ မသိဘူး​​။ ဦး​​​တေဇဆိုရင် ​​ဒေါ်လာသန်း​​​ထောင်ချီပြီး​​ ချမ်း​​သာတယ်။ သန်း​​တစ်ရာ​​လောက်ကို ဆင်း​​ရဲတဲ့​​ပြည်သူ​​တွေကို ပြန်​​ပေး​​ရင် ဘယ်​​လောက်​​ကောင်း​​လိုက်မလဲ။ သန်း​​တစ်ရာကိုလှူလိုက်လို့​​ သူလည်း​​ မမွဲသွား​​နိုင်ပါဘူး​​။ ဒီ​​ငွေနဲ့​​သာဆိုရင် မြန်မာနိုင်ငံမှာ နိုင်ငံတကာအဆင့်​​မှီ တက္ကသိုလ်ကြီး​​တစ်ခု​​တောင် တည်​​ထောင်လို့​​ရတယ်။ ဒီလိုမျိုး​​ လူ​​တွေအတွက် ​​ရေရှည်အကျိုး​​ကိုကြည့်​​ပြီး​​ သူ​​ဌေး​​ကြီး​​​တွေ လှူကြ​​စေချင်တယ်။ အ​​မေရိကန်နိုင်ငံက George Soros ဆိုတဲ့​​သူ​​ဌေး​​ကြီး​​​တောင် မြန်မာပြည်နဲ့​​ပက်သက်ပြီး​​လှူဒါန်း​​တယ်။ မြန်မာပြည်ဒီမိုက​​ရေစီ​​ရေး​​ နှင့်​​ ပွင့်​​လင်း​​တဲ့​​လူ့​​​ဘောင်ဖြစ်​​ရေး​​အတွက် သူ့​​ရဲ့​​​ငွေကိုသုံး​​တယ်။ သူက ဗမာပြည်မှာ​​မွေး​​ရင် ဒီထက်ပိုလှူအုံး​​မယ်ထင်တယ်။ ပြည်ပ​​ရောက် အတိုက်အခံ​​တွေ ပြည်တွင်း​​က အတိုက်အခံ​​တွေဟာ သူ့​​ပိုက်ဆံနဲ့​​ပညာတက်သွား​​တဲ့​​လူ​​တွေ သူ​​ဌေး​​ဖြစ်​​နေတဲ့​​လူ​​တွေအများ​​ကြီး​​ရှိတယ်။ သူ့​​ရဲ့​​အတုကို ဗမာပြည်က သူ​​ဌေး​​ကြီး​​​တွေ ဘာလို့​ အတုမယူကြတာလဲမသိဘူး​​။ မြန်မာ​​တွေ ချမ်း​​သာတာ ဆင်း​​ရဲတာဟာ မြန်မာပြည်နဲ့​​မြန်မာလူမျိုး​​​ကြောင့်​​ဖြစ်ပါတယ်။ ချမ်း​​သာတဲ့​​ လူ​​တွေဟာ ဆင်း​​ရဲတဲ့​​လူ​​တွေကို ပြန်ပြီး​​ကူညီသင့်​​ပါတယ်။ ဒါမှ လူ ပီသမှာပါ။ အခု​​တော့​​ မြန်မာပြည်ရဲ့​​သူ​​ဌေး​​ကြီး​​​တွေဟာ သူတို့​​အတွက်ပဲ ကြည့်​​​နေသလား​​လို့​​ပါ။

ဘုန်းကျော်

ကိုးကား

  • http://www.japanprobe.com/2011/03/17/rich-famous-people-donate-to-earthquake-victims/
  • http://www.mizzimaburmese.com/special/burma-related-leaked-us-cables/8338-2011-09-16-15-30-43.html
  • http://www.irrawaddy.org/article.php?art_id=1923
  • http://www.soros.org/about/bios/staff/george-soros
  • LEAVE A REPLY

    Please enter your comment!
    Please enter your name here