ကိုလံဘီယာသူပုန်များ​​က ရဲစခန်း​​ကို ဝင်​​ရောက်တိုက်ခိုက်

alt

ကိုလံဘီယာတွင် အစိုး​​ရ ဆန့်​​ကျင်​​ရေး​​ သူပုန်တပ်များ​​က ရဲစခန်း​​တစ်ခုကို ဝင်​​ရောက်တိုက်ခိုက်ရာ ရဲဝန်ထမ်း​​ ၈ ဦး​​ထက်မနည်း​​ ဒဏ်ရာရရှိသွား​​​ကြောင်း​​ သိရသည်။

လက်ဝဲစွန်း​​​ရောက် ဖက်သူပုန်များ​​သည် နိုင်ငံ​​မြောက်ပိုင်း​​ လက်စ်မာဆီဒက်တွင် ရဲစခန်း​​အား​​ ပစ်မှတ်ထား​​ တိုက်ခိုက်ခဲ့​​ခြင်း​​ဖြစ်သည်။ ဖြစ်စဉ်အတွင်း​​ ရဲဝန်ထမ်း​​ ၆ ဦး​​နှင့်​​ စစ်သား​​ ၂ ဦး​​ ဒဏ်ရာများ​​ ရရှိသွား​​သည်။ အရုဏ်တက် မတိုင်မီ ဖြစ်ပွား​​​သော ပစ်ခတ်မှု မတိုင်မီကလည်း​​ နိုင်ငံ အ​​နောက်​​တောင်ပိုင်း​​ရှိ ကာလိုတိုမှ ​​ကျောင်း​​တစ်ခုတွင် သူပုန်တို့​​၏ လက်ပစ်ဗုံး​​ ​​ပေါက်ကွယ်ရာ ၈ နှစ်အရွယ် က​​လေး​​မ​​လေး​​တစ်ဦး​​ ​​သေဆုံး​​ပြီး​​ အခြား​​က​​လေး​​ငယ်များ​​ ဒဏ်ရာရရှိခဲ့​​သည်။

ကိုလံဘီယာ လုံခြံု​​ရေး​​ တပ်ဖွဲ့​​ဝင် ၃၀ ခန့်​​တို့​​က ​​ပြောက်ကျား​​များ​​ကို တုံ့​​ပြန်တွန်း​​လှန်ခဲ့​​ပြီး​​​နောက် ဖက်သူပုန်များ​​ ပြန်လည် ဆုတ်ခွာသွား​​ခဲ့​​သည်။ လက်ပစ်ဗုံး​​ကွဲစဉ် ဒဏ်ရာရခဲ့​​သည့်​​ က​​လေး​​များ​​အနက် မိန်း​​က​​လေး​​ တစ်ဦး​​မှာ စိုး​​ရိမ်ရ​​ကြောင်း​​လည်း​​ သတင်း​​များ​​ကဆိုသည်။

ဖက်သူပုန် အဖွဲ့​​သည် လွန်ခဲ့​​​သော ၄၇ နှစ်ကတည်း​​က ဖွဲ့​​စည်း​​ခဲ့​​ပြီး​​ လက်ရှိအချိန်တွင် သမ္မတက ၎င်း​တို့​​အား​​ လက်နက်အပ်နှံကာ အလင်း​​ဝင်ရန် တိုက်တွန်း​​ထား​​​ကြောင်း​​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here