တရုတ်ဆီချွမ်ငလျင်ကြီး​​တွင် အသက်ရှင်ကျန်ရစ်ခဲ့​​သည့်​​ ဝက်တစ်​​ကောင်အား​​ ပုံတူမျိုး​​ပွား​​ပြုလုပ်

alt

တရုတ်နိုင်ငံတွင် ၂၀၀၈ ခုနှစ်က လှုပ်ခတ်ခဲ့​​သည့်​​ ဆီချွမ် ငလျင်ကြီး​​အတွင်း​​ အသက်ရှင်ကျန်ခဲ့​​ပြီး​​ သူရဲ​​ကောင်း​​သဖွယ် ချီး​​ကျူး​​ခံရ​​သော ဝက်တစ်​​ကောင်ကို ပုံတူမျိုး​​ပွား​​ (Clone) ပြုလုပ်ခဲ့​​​ကြောင်း​​ သိရသည်။

စိတ်ဓာတ်ကြံ့​​ခိုင်​​သော ဝက်က​​လေး​​ဟု အမည်တပ် ချီး​​ကျူး​​ခံရ​​သော ဇူဂျင်ကွင်း​​၏ DNAမှ ပွား​​ယူဖန်တီး​​ထား​​​သော ဝက်​​ပေါက်​​လေး​​ ၆ ​​ကောင်ကို ထုတ်လုပ်ခဲ့​​​ကြောင်း​​ ​​ဟောင်​​ကောင် အ​​ခြေစိုက် Sunday Morning Psotက ​​ဖော်ပြခဲ့​​သည်။ ဇူ၏ အသက်မှ ၅ နှစ် (လူ့​​အသက်အရ ၆၀ ဝန်း​​ကျင်) ရှိ​​နေပြီဖြစ်​​သော်လည်း​​ DNAပွား​​ယူကာ ပုံတူမျိုး​​ပွား​​ ဖန်တီး​​မှု အပြည့်​​အဝ ​​အောင်မြင်ခဲ့​​​ကြောင်း​​ သိရှိရသည်။

ဇူသည် ရစ်ချတာစ​​ကေး​​ ၈.၀ ပြင်း​​အား​​အဆင့်​​ရှိ ငလျင်ကြီး​​အတွင်း​​ အသက်ရှင် ကျန်ရစ်ခဲ့​​​သော ဝက်က​​လေး​​ဖြစ်သည်။ ထိုငလျင်ကြီး​​အတွင်း​​ လူ​​ပေါင်း​​ ၉၀၀၀၀ ​​ကျော် ​​သေဆုံး​​၊​ ​​ပျောက်ဆုံး​​ခဲ့​​ရသည်။ ​​ပေါင်ချိန် ၃၃ဝ ရှိ​​သော ဇူသည် ၎င်း​၏ ဝက်ခြံတဲ​​လေး​​ထဲတွင် ၃၆ ရက်လုံး​​လုံး​​ အပျက်အစီး​​များ​​နှင့်​​ ​​ရော​​နှော ပိတ်မိ​​နေခဲ့​​ပြီး​​ မီး​​​သွေး​​မှုန့်​​ကိုစား​​ကာ မိုး​​​ရေကို​​သောက်ပြီး​​ အသက်ရှင်​​နေခဲ့​​သည်။ ကယ်ဆယ်​​ရေး​​များ​​က ဝက်က​​လေး​​အား​​ ​​တွေ့​​ရှိချိန်တွင် ပြင်း​​ပြင်း​​ထန်ထန် ကိုယ်​​ရောစိတ်ပါ ညှိုး​​ချံုး​​ချိနဲ့​​​နေခဲ့​​သည်။

ယခုအခါ ပုံတူမျိုး​​ပွား​​ ပ​​ရောဂျက်၏ ​​ခေါင်း​​​ဆောင်ဖြစ်သူ ဒူယာတာအိုက သူရဲ​​ကောင်း​​ ဝက်က​​လေး​​များ​​ အနာဂတ်တွင် မိမိတို့​​နှင့်​​အတူ ဆက်ရှိ​​နေရန် လုပ်​​ဆောင်နိုင်ခဲ့​​ပြီဟု ​​ကြွေး​​​ကြော်​​ပြောဆိုသွား​​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here