ဗြိတိန်တွင် ဖြစ်ပွား​​ခဲ့​​သည့်​​ ​​ငွေဝယ်ကျွန်ကိစ္စ

alt

ကျွန်ပိုင်ရှင်စနစ် ကမ္ဘာ​​ပေါ်တွင် ​​ပျောက်ကွယ်သွား​​မည်မှာ နှစ်​​ပေါင်း​​များ​​စွာ ကြာမြင့်​​ခဲ့​​ပြီဟု လူအများ​​က ယုံကြည်ထား​​ကြသည်။

သို့​​​သော်လည်း​​ ကမ္ဘာ​​ပေါ်တွင် ဒီမိုက​​ရေစီ အထွန်း​​ကား​​ဆုံး​​ နိုင်ငံတစ်ခုဖြစ်​​သော ဗြိတိန်တွင်ပင် ​​ငွေဝယ်ကျွန် ကိစ္စတစ်ခု ရှိ​​နေဆဲဟု The Sun သတင်း​​စာက ​​ဖော်ပြခဲ့​​သည်။ ဗြိတိန်မှ လူတစ်ဦး​​သည် ကျွန်အဖြစ် ​​ပေါင်စတာလင် တစ်​​သောင်း​​ဖြင့်​​ ​​ရောင်း​​ချခြင်း​​ ခံခဲ့​​ရသည်။ အန်ဒီဝီလျံဆမ်သည် ​​ထောင်မှထွက်ပြီး​​​နောက် အလုပ်လုပ်ရန် ဂျစ်ပဆီ မိသား​​စု တစ်ခုနှင့်​​ ဆက်သွယ်မိခဲ့​​သည်။

၎င်း​တို့​​က ဝီလျံဆမ်အား​​ ​​နေစရာ၊​ စား​​စရာနှင့်​​ စီး​​ကရက်များ​​ ​​ပေး​​မည်ဟု စည်း​​ရုံး​​ကာ ​​ရောင်း​​စား​​ခဲ့​​ခြင်း​​ဖြစ်သည်။ “တကယ့်​​ အိပ်မက်ဆိုး​​ပါပဲ။ ကျွန်​​တော် ဘရိုက်တန်က မိသား​​စု တစ်ခုဆီကို ​​ရောင်း​​စား​​ခံရတယ်။ ကျွန်​​တော့်​​ကို တစ်​​နေ့​​ ၁၀ ​​ပေါင်​​ပေး​​တယ်။ ညဖက်မှာ အာလူး​​​ကြော် တစ်အိတ်​​ပေး​​တယ်။ ကျွန်​​တော် လမ်း​​ခင်း​​ရတယ်၊​ ​​မြောင်း​​​ဖော်ရတယ်၊​ တခြား​​အလုပ်ကြမ်း​​​တွေ လုပ်ရတယ်။ ​​နောက်​​တော့​​ ကျွန်​​တော့်​​ကို ​​ပေါင်စတာလင် တစ်​​သောင်း​​နဲ့​​ ​​ရောင်း​​စား​​သွား​​တာ သိခဲ့​​ရတယ်။ ကျွန်​​တော် ထွက်​​ပြေး​​ဖို့​​ လုပ်တာသိရင် လိုက်ဖမ်း​​ပြီး​​ ရိုက်နှက်ကြတယ်။ ဖိနပ်ကိုသိမ်း​​ပြီး​​ အစား​​အ​​သောက် မ​​ကျွေး​​ဘဲ ဒဏ်​​ပေး​​တယ်”ဟု ဝီလျံဆမ်က ၎င်း​၏ ဆိုး​​ရွား​​​သော အ​​တွေ့​​အကြံုအား​​ ရှင်း​​ပြခဲ့​​သည်။

ယခုအခါ အသက် ၄၀ ရှိပြီဖြစ်​​သော ဝီလျံဆမ်သည် ၃ နှစ်​​နေမှ ထို​​နေရာမှ ထွက်​​ပြေး​​လွတ်​​မြောက်လာခဲ့​​သည်။ ရဲတပ်ဖွဲ့​​သည် ဝီလျံဆမ်၏ တိုင်ကြား​​မှု​​ကြောင့်​​ ဂျစ်ပဆီ စခန်း​​တစ်ခုမှ ကျွန်ပြုခြင်း​​ ခံထား​​ရသူ ၂၄ ဦး​​ကို ကယ်တင်နိုင်ခဲ့​​​ကြောင်း​​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here