နစ်ကိုလက်စ်​​ကေ့​​ဂျ်၏​​နေအိမ်သို့​​ အဝတ်မပါ​​သောလူတစ်ဦး​​ ကျူး​​​ကျော်ဝင်​​ရောက်

alt

​​ဟောလီး​​ဝုဒ်မင်း​​သား​​ နစ်ကိုလက်စ်​​ကေ့​​ဂျ်၏ ​​နေအိမ်သို့​​ အဝတ်မပါ​​သော လူတစ်ဦး​​ ကျူး​​​ကျော်ဝင်​​ရောက်ခဲ့​​​ကြေင်း​​ သိရှိရသည်။

​​ကေ့​​ဂျ်အ​​နေနှင့်​​ ၎င်း​ရိုက်ကူး​​ခဲ့​​​သော ဇာတ်ကား​​ဖြစ်သည့်​​ Trespassမှ ချမ်း​​သာကြွယ်ဝသူ တစ်ဦး​​၏ ​​နေအိမ်ထဲ လက်နက်ကိုင်များ​​ ဝင်​​ရောက်စီး​​နင်း​​ကာ မိသား​​စုကို ဖမ်း​​ဆီး​​ထား​​သည့်​​ ကိစ္စမျိုး​​အတွက် စိုး​​ရိမ်စရာ ဖြစ်ခဲ့​​ရသည်။

၎င်း​က မနက်​​စော​​စော အိမ်ထဲဝင်ရန် ကြိုး​​စား​​ခဲ့​​သူ တစ်ဦး​​​ကြောင့်​​ အမှန်တကယ် တုန်လှုပ်ခဲ့​​မိ​​ကြောင်း​​ ဖွင့်​​ဟ ​​ပြောဆိုလိုက်သည်။ ထိုစဉ်က ​​အောရင့်​​ဂျ်​​ကောင်တီတွင် ၎င်း​သည် ဇနီး​​နှင့်​​အတူ ရှိ​​နေစဉ် ထိုသူမှာ အိမ်ထဲထိ ဝင်လာခြင်း​​ဖြစ်​​ကြောင်း​​ ​​ကေ့​​ဂျ်က ရှင်း​​ပြခဲ့​​သည်။ “မနက် ၂ နာရီ​​လောက်ကြီး​​ အသံကြား​​လို့​​ ကျွန်​​တော် နိုး​​လာ​​တော့​​ လူတစ်​​ယောက် အဝတ်အစား​​ မပါဘူး​​ဗျ။ ကျွန်​​တော့်​​ ဂျာကင်အင်္ကျီကို ဝတ်ထား​​ပြီး​​ အခန်း​​​ရှေ့​​မှာ မုန့်​​စား​​​နေတာ ​​တွေ့​​တယ်။ တကယ်​​တော့​​ မြင်ကွင်း​​က ရယ်စရာပါ။ ဒါ​​ပေမဲ့​​ အဲဒီတုန်း​​က ကျွန်​​တော် ​​တော်​​တော်​​လေး​​ တုန်လှုပ်သွား​​မိတယ်”ဟု ​​ကေ့​​ဂျ်က ဖွင့်​​ဟခဲ့​​သည်။

​​နောက်ပိုင်း​​တွင် ၎င်း​သည် ထိုသူကို ဆွဲ​​ဆောင်ကာ အိမ်ပြင်​​ရောက်​​အောင် စည်း​​ရုံး​​နိုင်ခဲ့​​သည် ထိုမှတဆင့်​​ ရဲများ​​ထံ အပ်နှံခဲ့​​သည်။ ထိုသူသည် စိတ်​​ဝေဒနာသည် တစ်ဦး​​ဖြစ်​​ကြောင်း​​ သိရှိလာချိန်တွင် ​​ကေ့​​ဂျ်သည် ၎င်း​၏ စွဲချက်ကို ပြန်လည်ရုတ်သိမ်း​​ခဲ့​​​ကြောင်း​​လည်း​​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here