လစ်ဗျား​​နိုင်ငံ ဆာတီမြို့​​တွင် ဂဒါဖီတပ်များ​​ ကြံ့​​ကြံ့​​ခံ ခုခံ​​နေဆဲဖြစ်

alt

လစ်ဗျား​​၏ ကြား​​ဖြတ် အစိုး​​ရအဖြစ် တာဝန်ယူထား​​​သော NTC၏ တာဝန်ရှိသူများ​​က အာဏာရှင် ​​ခေါင်း​​​ဆောင်ကြီး​​ မူအမ်မာ ဂဒါဖီ၏ သစ္စာခံတပ်များ​​သည် ဆာတီမြို့​​တွင် ကြံ့​​ကြံ့​​ခံ ခုခံလျက်ရှိ​​ကြောင်း​​ ထုတ်​​ဖော် ​​ပြောဆိုခဲ့​​ကြသည်။

ဂဒါဖီအား​​ သစ္စာ​​စောင့်​​သိသည့်​​ တပ်ဖွဲ့​​များ​​က သိမ်း​​ယူထား​​သည့်​​ ​​နောက်ဆုံး​​လက်ကျန် မြို့​​များ​​အနက် ဆိပ်ကမ်း​​မြို့​​ ဆာတီလည်း​​ အပါအဝင်ဖြစ်သည်။ NTC၏ တပ်ဖွဲ့​​များ​​သည် ဆာတီကို ဝန်း​​ရံထိုး​​စစ်ဆင်​​နေ​​သော်လည်း​​ ဂဒါဖီ၏ တပ်ဖွဲ့​​ များ​​က ဆက်လက်ခုခံ​​နေဆဲဟု သိရှိရသည်။ အ​​စောပိုင်း​​က ဗြိတိသျှ ဝန်ကြီး​​ချုပ် ​​ဒေး​​ဗစ်ကင်မရွန်နှင့်​​ ပြင်သစ် ဝန်ကြီး​​ချုပ် နီကိုလက်စ် ဆာကိုဇီတို့​​သည် ဂဒါဖီပြုတ်ကျပြီး​​​နောက်ပိုင်း​​ လစ်ဗျား​​သို့​​ ပထမဆုံး​​အကြိမ် လာ​​ရောက်ခဲ့​​ကြသည်။

NTCမှ အရာရှိများ​​က မိမိတို့​​၏ တပ်ဖွဲ့​​များ​​သည် မြို့​​တွင်း​​မှ တွန်း​​လှန်ခုခံမှုများ​​​ကြောင့်​​ ၂ ကီလိုမီတာမျှထိ ပြန်ဆုတ်လာရ​​ကြောင်း​​ BBCသို့​​ ​​ပြောကြား​​ခဲ့​​သည်။ ဂဒါဖီ ဆန့်​​ကျင်​​ရေး​​ အင်အား​​စုများ​​သည် မစ်ရာတာမှ ချီတက်လာပြီး​​​နောက် ဆာတီကို သိမ်း​​ ပိုက်ရန် ကြိုး​​စား​​ခဲ့​​​သော်လည်း​​ အနည်း​​ဆုံး​​ ၄ ဦး​​ ​​သေဆုံး​​ကာ ဒဏ်ရာအနာတရများ​​ဖြင့်​​ ဆုတ်ခွာခဲ့​​ရခြင်း​​ဖြစ်သည်။

ဂဒါဖီကို ​​ထောက်ခံ​​သော တပ်များ​​သည် ဘာလီနှင့်​​ ဝါလစ်တို့​​ကဲ့​​သို့​​ သဲကန္တာရ မြို့​​များ​​တွင်လည်း​​ တပ်ဖွဲ့​​ထား​​ဆဲဖြစ်သည်။ ဗိုလ်မှူး​​ကြီး​​ ဂဒါဖီ၏ ​​ပြော​​ရေး​​ဆိုခွင့်​​ရ အရာရှိဖြစ်သူ မူဆာ အီဘရာဟင်က မိမိတို့​​သည် ရန်စကျူး​​​ကျော်​​သော သူပုန်များ​​ကို တိုက်ခိုက်ရန် ​​စေတနာအ​​လျောက် ပါဝင်လာမည့်​​ စစ်သည်ဦး​​​ရေ ​​ထောင်​​ပေါင်း​​​သောင်း​​​ပေါင်း​​ များ​​စွာကို ပိုင်ဆိုင်ထား​​​ ကြောင်း​​ ဆီး​​ရီး​​ယား​​ ရုပ်မြင်သံကြား​​ ဌာနတစ်ခုသို့​​ ​​ပြောဆိုသွား​​ခဲ့​​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here