လိင်မှုဗီဒီယိုတိပ်​ခွေကို ဝယ်ယူရန်ကြိုး​ပမ်း​သည့်​သတင်း​များ​အား​ ကင်ကာဒက်ရှီယန်ငြင်း​ဆို

alt

ကင်ကာဒက်ရှီယန်က သူမ၏ လိင်မှုဗီဒီယိုတိပ်​ခွေကို ပြန်လည်ဝယ်ယူရန် ကြိုး​ပမ်း​​နေသည်ဆို​သော သတင်း​များ​ကို ငြင်း​ဆန်ခဲ့​သည်။

Reality TVစတား​ ကင်က အမည်မသိ ဝယ်လက်တစ်ဦး​သည် ကင်နှင့်​ ချစ်သူ​ဟောင်း​ ​ရေး​​ဂျေတို့​ လိင်ဆက်ဆံ​နေပုံကို မှတ်တမ်း​တင်ထား​သည့်​ ဗီဒီယို မူပိုင်ခွင့်​ကို Vivid Entertainmentထံမှ ဝယ်ယူရန် ကြိုး​ပမ်း​​နေ​ကြောင်း​ သတင်း​များ​သည် သူမနှင့်​ မသက်ဆိုင်​ကြောင်း​ ​ပြောကြား​သွား​သည်။

လက်ရှိအချိန်တွင် ခင်ပွန်း​ဖြစ်သူ ခရစ်ဟမ့်​ရှိုင်း​ယား​နှင့်​ အတည်တကျ အိမ်​ထောင်ပြုထား​ပြီး​ဖြစ်​သော ကင်နှင့်​ သူမ၏ ခင်ပွန်း​တို့​သည် Vivid ပိုင်ရှင် စတိဗ်ဟစ်ချ်ထံ ဆက်သွယ်ခဲ့​​သော ဝယ်လက်နှင့်​ ဆက်စပ်​နေမည်ဟု ယူဆမှုများ​ ထွက်​ပေါ်​နေသည်။

ဟစ်ချ်က ၎င်း​တို့​ထံသို့​ အမည်မသိ ဝယ်ယူလိုသူ တစ်ဦး​က အကြိမ်အ​တော်များ​များ​ ဆက်သွယ်ခဲ့​​သော်လည်း​ ​ခေါ်​ဈေး​ ​ဒေါ်လာ သန်း​ ၃၀ အတွက် ညှိနှိုင်း​မှုများ​ အဆင်မ​ပြေဖြစ်​နေဆဲဟု အတည်ပြု ​ပြောဆိုထား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here