​ရေခဲ​ခေတ်သတ္တဝါတို့​၏မူလအစ တိဘက်​ဒေသမှ ဖြစ်နိုင်ဖွယ်ရှိ

alt

တရုတ်နိုင်ငံ၊ တိဘက် ​ဒေသတွင် ​တွေ့​ရှိခဲ့​ရသည့်​ ​ရေခဲ​ခေတ် နို့​တိုက်သတ္တဝါ ရုပ်ကြွင်း​အစိတ်အပိုင်း​ အချို့​တို့​က ​ရေခဲ​ခေတ် သတ္တဝါတို့​၏ မူလအစသည် တိဘက်မှ စတင်ခဲ့​ခြင်း​ဟု ယူဆရသည့်​ ​ကောက်ချက်မျိုး​ကို ဦး​တည်လာ​စေ​ကြောင်း​ သိရသည်။

ရှေး​​ဟောင်း​သတ္တဝါ ရုပ်ကြွင်း​အများ​အပြား​ ​တွေ့​ရသည့်​ ဇန်ဒါ​ဒေသအနီး​ ဟိမဝန္တာ​တောင်တန်း​နှင့်​ ဆက်စပ်​နေ​သော ​နေရာတစ်ခုတွင် ​ရှေး​​ခေတ် အ​မွေး​ထူ ကြံ့​တစ်​ကောင်၏ ရုပ်ကြွင်း​များ​ကို ​ တွေ့​ရှိခဲ့​သည်။ ယင်း​သတ္တဝါများ​သည် ​ရေခဲ​ခေတ် သက်ရှိများ​အနက် အထင်ရှား​ဆုံး​ ကျက်စား​ခဲ့​သည့်​ သတ္တဝါများ​ ဖြစ်သည်။ ​

ဒေါက်တာ ဒန်တာအိုနှင့်​ ဝမ်ဇီမင်း​တို့​ ဦး​​ဆောင်​သော သု​တေသီ အဖွဲ့​သည့်​ ယင်း​​ဒေသတွင် ​လေ့​လာမှုများ​ ပြုလုပ်စဥ် ​ရေခဲ​ခေတ် မစတင်မီ နှစ်​ပေါင်း​ ၉ သန်း​ခန့်​က ယင်း​​ဒေသတွင် ကျက်စား​ခဲ့​သည့်​ ယခုသတ္တဝါ ရုပ်ကြွင်း​ကို ​တွေ့​ ရှိခဲ့​ခြင်း​ဖြစ်သည်။ ​ရေခဲ​ခေတ်ဟု မသတ်မှတ်မီ ကာလကတည်း​က ယင်း​တို့​သည် နှစ်​ပေါင်း​ ၃.၇ သန်း​မျှကြာ​အောင် ကျက်စား​​နေခဲ့​ပြီး​ဖြစ်နိုင်​ကြောင်း​ တရုတ် သိပ္ပံအကယ်ဒမီ (CAS)က ယူဆခဲ့​သည်။

ထို့​​ကြောင့်​ ​ရေခဲ​ခေတ်ဦး​ သက်ရှိကြီး​ များ​သည် တိဘက်တွင် စတင်​ပေါက်ဖွား​ ရှင်သန်လာသည်ဟု မှတ်ယူနိုင်​ကြောင်း​ ​ဒေါက်တာ ဒန်က မှတ်ချက်ပြုခဲ့​သည်။ “​ ရေခဲ​ခေတ်မျိုး​နွယ် သက်ရှိ​တွေရဲ့​ ရုပ်ကြွင်း​​တွေထဲမှာ ခုတိဘက်က အပိုင်း​အစ​တွေက သက်တမ်း​ အ​စောဆုံး​ပါပဲ”ဟု ​ ဒေါက်တာဒန်က ရှင်း​ပြခဲ့​သည်။ ယခု​တွေ့​ရှိချက်နှင့်​ ပတ်သက်သည့်​ အ​သေး​စိတ် အချက်အလက်များ​ကို တရုတ်သိပ္ပံဂျာနယ်တွင် ​ဖော်ပြခဲ့​​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here