အမျိုး​​သမီး​​များ​​အတွက် ယုံကြည်မှုမြင့်​​တက်​​စေမည့်​​ TV Show တရုတ်တွင် လူအများ​​စိတ်ဝင်စား​​

alt

တရုတ်နိုင်ငံတွင် အမျိုး​​သမီး​​များ​​အား​​ ယုံကြည်မှု မြင့်​​တက်လာ​​စေမည်ဆို​​သော Reality TV Showတစ်ခုအား​​ လူအများ​​ စိတ်ဝင်စား​​မှု မြင့်​​မား​​​နေ​​ကြောင်း​​ သိရသည်။

အဆိုပါ TV Showသည် မိမိကိုယ်ကိုယ် အရုပ်ဆိုး​​​သော ဘဲက​​လေး​​အဖြစ် သိမ်ငယ်​​နေ​​သော မိန်း​​က​​လေး​​များ​​ကို လှပ​​ကျော့​​ရှင်း​​သည့်​​ ​​ငွေငန်း​​ဖြူ​​လေး​​များ​​အဖြစ် ခံစား​​ရ​​စေရန် ကူညီ​​ပေး​​သွား​​မည်ဟု သိရသည်။ ခပ်တိုတို စကက်​​လေး​​များ​​၊​ ချပ်ရပ်​​သော အင်္ကျီ​​လေး​​များ​​စသည့်​​ ​​ခေတ်​​ပေါ် ဖက်ရှင်များ​​ကို ဝတ်ဆင်ရန် မယုံမရဲဖြစ်​​နေ​​သော မိန်း​​က​​လေး​​များ​​အတွက် အ​​ကောင်း​​ဆုံး​​ အကြံပြုသွား​​မည်ဟု TV Show စီစဉ်သူများ​​ကဆိုသည်။

ထို့​​အပြင် ချိုသာနှစ်လိုဖွယ် အမူအယာများ​​နှင့်​​ ပြီး​​ပြည့်​​စုံ​​သော မိန်း​​က​​လေး​​များ​​ ဖြစ်လာ​​စေရန်လည်း​​ အကူအညီ​​ပေး​​ သင်ကြား​​သွား​​မည်ဟု သိရသည်။ သို့​​​သော်လည်း​​ ယင်း​​ TV Showတွင် ဘစ်ကနီဝတ်ထား​​​သော မိန်း​​က​​လေး​​များ​​ကို လိင်ပိုင်း​​ဆိုင်ရာ လှံု့​​​ဆော်သည့်​​ ပုံစံများ​​ ပြုလုပ်ပြ​​နေခြင်း​​​ကြောင့်​​ ​​ဝေဖန်မှုများ​​လည်း​​ ထွက်​​ပေါ်​​နေသည်။

အမျိုး​​သမီး​​​လေး​​အချို့​​ကမူ သူမတို့​​အ​​နေနှင့်​​ ယင်း​​ TV Showတွင် ပါဝင်ခြင်း​​​ကြောင့်​​ လူသိများ​​လာခြင်း​​ကို သာယာမိ​​ကြောင်း​​ ဝန်ခံထား​​သည်။ အမျိုး​​သား​​ အများ​​စုကမူ ယင်း​​အစီအစဉ်ကို စိတ်ဝင်တစား​​ ​​စောင့်​​ကြည့်​​​လေ့​​ရှိ​​ကြောင်း​​ ​​ပြောကြား​​ခဲ့​​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here