ဂျက်စတင်ဘီဘာအမည်ကို ဆလီနာဂိုး​​မက်ဇ်

alt

ဆလီနာဂိုး​​မက်ဇ်သည် သူမ၏ချစ်သူ ဂျက်စတင်ဘီဘာ၏ အမည်ကို လက်တွင် Tattoo ​​ရေး​​ထိုး​​ထား​​လိုက်ပြီဖြစ်သည်။

ဆယ်​​ကျော်သက် Popဂီတစတား​​ အဆို​​တော်မ​​လေး​​သည် ယခုသီတင်း​​ပတ်အတွင်း​​ လက်စ်ဗီး​​ဂက်စ်ရှိ မန္တ​​လေး​​​ဘေး​​တွင် Showတစ်ခု ပြုလုပ် ​​ဖျော်​​ဖြေခဲ့​​ရာ သူမ၏လက်တွင် ဂျက်စတင်ဟု ​​ရေး​​ထား​​​သော Tattooကို ထင်ရှား​​စွာ ​​တွေ့​​မြင်နိုင်ခဲ့​​ ကြသည်။

အသက် ၁၇ နှစ်ရှိ ဂျက်စတင်သည် မကြာ​​သေး​​မီက ၎င်း​အ​​နေနှင့်​​ ငယ်ရွယ်​​သော ဖခင်ဘဝကို ပိုင်ဆိုင်လိုပြီး​​ အသက် ၂၀ ​​ကျော်အရွယ်တွင် က​​လေး​​ယူရန် ဆန္ဒရှိ​​ကြောင်း​​ ​​ပြောဆိုခဲ့​​ဖူး​​​သေး​​သည်။

ယခုအခါ ဆလီနာက သူမနှင့်​​ ဂျက်စတင်တို့​​ကြား​​ ဆက်ဆံ​​ရေး​​သည် မည်မျှခိုင်မာသည်ကို Tattooဖြင့်​​ပါ သက်​​သေပြခဲ့​​သဖြင့်​​ သူမကို စွဲလန်း​​အား​​​ပေး​​​ နေသည့်​​ အမျိုး​​သား​​ ပရိသတ်များ​​အတွက် စိတ်အ​​နှောင့်​​အယှက် ကြံုစရာ ဖြစ်လာရသည်။

အသက် ၁၉ နှစ်ရှိ ဆလီနာနှင့်​​ ဂျက်စတင်တို့​​၏ အချစ်​​ရေး​​ကို မူလက ဆယ်​​ကျော်သက် ကြယ်ပွင့်​​နှစ်ဦး​​က လျှို့​​ဝှက်ထား​​ခဲ့​​​သေး​​​သော်လည်း​​ ​​နောက်ပိုင်း​​ တွင်မူ ပွင့်​​ပွင့်​​လင်း​​လင်း​​ ထုတ်​​ဖော် ဝန်ခံခဲ့​​ကြသည်။

Showအပြီး​​ အင်တာဗျူး​​တစ်ခုတွင် သတင်း​​​ထောက်များ​​က ဆလီနာအား​​ အိမ်​​ထောင်ပြုရန် စဉ်း​​စား​​ထား​​ခြင်း​​ ရှိမရှိ ​​မေး​​မြန်း​​ခဲ့​​ရာ သူမက လက်တ​​လောတွင် အစီအစဉ်မရှိဟု ​​ ဖြေဆိုသွား​​​ကြောင်း​​လည်း​​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here