Facebook မှတဆင့်​ ချိန်း​ဆို​တွေ့​ဆုံရာမှ ဓား​ပြမှုတွင် ပါဝင်ခဲ့​ရသည့်​ မိန်း​က​လေး​

alt

Facebookမှတဆင့်​ အချိန်း​အချက် ပြုလုပ်ခဲ့​​သော မိန်း​က​လေး​ တစ်ဦး​၏ Dateအ​တွေ့​အကြံုမှာ မလှပခဲ့​​ချေ။

အသက် ၂၃ နှစ်ရှိ အဒမ်မင်တန်သည် နာမည်​ကျော် လူမှုကွန်ရက် ဝက်ဘ်ဆိုက်မှတဆင့်​ အမျိုး​သား​ တစ်ဦး​နှင့်​ ​တွေ့​ဆုံရန်ချိန်း​ဆိုခဲ့​ပြီး​​ နောက် ရင်ခုန်စိတ်လှုပ်ရှား​ဖွယ် အချိန်မျိုး​ မပိုင်ဆိုင်ခဲ့​ဘဲ ဓား​ပြတိုက်မှုတစ်ခုတွင် ပါ၀င်ခဲ့​ရသည်။

အသက် ၂၃ နှစ်ရှိပြီး​ က​ လေး​ ၂ ဦး​၏ မိခင်ဖြစ်​သော လီရာဂစ်သည် Facebookတွင် အသက် ၂၁ နှစ်အရွယ် အဒမ်မင်တန်နှင့်​ ​တွေ့​ဆုံခဲ့​သည်။ ယခင်က အသိအကျွမ်း​​ဟောင်း​ ဖြစ်ခဲ့​သည့်​ အဒမ်နှင့်​ Dateလုပ်ရန် သ​ဘောတူညီပြီး​​နောက် လီရာသည် သူမ၏ အဝတ်အစား​ကို ​သေ​သေသပ်သပ် ​ရွေး​ချယ်ဝတ်ဆင်ကာ ချိန်း​ဆိုရာ ​နေရာသို့​ သွား​​ရောက်ခဲ့​သည်။

သူမသည် ယခင်ချစ်သူ​ဟောင်း​နှင့်​ ရ နှစ်ကြာ တွဲခဲ့​ရာမှ လမ်း​ခွဲပြီး​​နောက် အချစ်သစ်တစ်ခု စတင်ရန် ​မျှော်လင့်​ခဲ့​သည်။ သူမက အဒမ်နှင့်​ အပြင်ထွက်လည်ရန် စိတ်လှုပ်ရှား​​နေမိ​ကြောင်း​ ဝန်ခံခဲ့​သည်။ သူမသည် ဖန်​ဒေး​ရှိ အဒမ်၏ အိမ်သို့​ ​ရောက်ရှိသွား​ချိန်တွင် အဒမ်က သူမနှင့်​ စကား​​ပြောဆိုပြီး​​နောက် အနီး​ရှိ စတိုး​ဆိုင် တစ်ခုသို့​ ကား​နှင့်​ သွား​​ရောက်ရန် ​ခေါ်​ဆောင်သွား​သည်။ သူမက ကား​​မောင်း​ခဲ့​ခြင်း​ဖြစ်ပြီး​ ဆိုင်အ​ရောက်တွင် အဒမ်က သူမအား​ ​စောင့်​​ နေရန် မှာကြား​ကာ ဆိုင်ထဲဝင်သွား​သည်။ လီရာသည် ​လေဒီဂါဂါ သီချင်း​အယ်လ်ဘမ်ကို နား​​ထောင်ရင်း​ ​ပျော်ရွှင်စွာ ​ စောင့်​​နေစဥ် အဒမ်မှာ အ​လောတကြီး​ ​ပြေး​ထွက်လာပြီး​​နောက် ကား​ထဲ ဒိုင်ဗင်ထိုး​၀င်ကာ ​မောင်း​​ပြေး​ရန် ​အော်​ပြောခဲ့​​ ကြောင်း​ သိရသည်။

ထိုအချိန်တွင် သူမက အဒမ်ကို တစ်​ယောက်​ယောက် ရန်လိုက်ပြု​နေသည်ဟုသာ ယူဆခဲ့​​ကြောင်း​လည်း​ လီရာကဆိုသည်။ အဒမ်သည် ပထမတွင်ထိတ်လန့်​​နေဟန် ရှိ​သော်လည်း​ ​နောက်ပိုင်း​တွင် ​သွေး​​အေး​သွား​ပြီး​ သူမက ​မေး​ မြန်း​သည့်​အခါ ပါး​စပ်ပိတ်​နေရန် ​ပြောခဲ့​​ကြောင်း​ သိရသည်။ ​

နောက်ပိုင်း​တွင် ထိုကိစ္စနှင့်​ ပတ်သက်၍ အဒမ်နှင့်​သူမ အငြင်း​ ပွား​​နေစဥ် ရဲများ​က နှစ်ဦး​လုံး​ကို ဖမ်း​ဆီး​ခဲ့​သည်။ ထို့​​နောက်တွင်​တော့​ အဒမ် ဓား​ပြတိုက်ခဲ့​​ကြောင်း​ သိလာပြီး​ အလွန်တုန်လှုပ်ကာ ငို​ကြွေး​မိခဲ့​​ကြောင်း​ လီရာကဆိုသည်။ ​

နောက်ပိုင်း​တွင် ရဲများ​က လီရာအား​ ပြန်လွှတ်​ပေး​ခဲ့​ပြီး​ အဒမ်ကို ဓား​ပြမှုဖြင့်​ စွဲချက်တင်ခဲ့​သည်။ လီရာက သူမ၏ Dateအ​တွေ့​အကြံုသည် ငရဲကျသလိုဖြစ်ခဲ့​ပြီး​ ထိုညကို အဒမ်၏ လက်​မောင်း​များ​ကြား​​ပွေ့​ဖက်ထား​မှုဖြင့်​ ကုန်ဆုံး​ရမည်ဟု ​မျှော်လင့်​ခဲ့​​သော်လည်း​ ရဲစခန်း​တွင်သာဖြတ်သန်း​ခဲ့​ရ​ကြောင်း​ ​ ပြောကြား​သွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here