၉/၁၁ အကြမ်း​ဖက်မှုကို စ​ကော့​တလန်အနုပညာရှင်က ကြိုတင်အာရုံရခန့်​မှန်း​နိုင်ခဲ့​ဟုဆို

alt

အ​မေရိကန်တွင် ဖြစ်ပွား​ခဲ့​သည့်​ စက်တင်ဘာ ၁၁ ရက်၊ အကြမ်း​ဖက်မှုကြီး​ မတိုင်မီ ဆယ်စုနှစ် တစ်ခုကတည်း​က စ​ကော့​တလန်သား​ အနုပညာရှင် တစ်ဦး​သည် ယင်း​ကို ကြိုတင်အာရုံရ ခန့်​မှန်း​နိုင်ခဲ့​သည်ဟု ယူဆချက်များ​ ထွက်​ပေါ်လာခဲ့​သည်။

ဝီလီဂါဒင်း​သည် ခိုကိုး​ရာမဲ့​ ထိတ်လန့်​​နေသည့်​ မိန်း​က​လေး​ငယ် တစ်ဦး​၊ ​လေယာဥ်နှစ်စင်း​နှင့်​ အမြွှာ​မျှော်စင်များ​၏ ပုံကို ပန်း​ချီကား​ တစ်ချပ်အတွင်း​ ​ရေး​ထား​ခဲ့​သည်။ ပြီး​ခဲ့​သည့်​နှစ် နိုဝင်ဘာလက ၂၇ ရက်​နေ့​က ဝီလီသည် အသက် ရ၈ အရွယ်တွင် ကွယ်လွန်သွား​ပြီဖြစ်ရာ ထိုပုံနှင့်​ ပတ်သက်ပြီး​ ၎င်း​၏ ကြိုတင်သိမြင်မှု ဟုတ်မဟုတ်ကို စုံစမ်း​​မေး​မြန်း​ရန် မဖြစ်နိင်​တော့​​ပေ။

သမီး​ဖြစ်သူ အသက် ၅၃ နှစ်အရွယ် ပန်း​ချီဆရာမ အိုင်လင်း​ကာရီက သူမ၏ ဖခင်သည် မည်သည့်​ စိတ်ပိုင်း​ဆိုင်ရာ သတ္တိထူး​ကိုမျှ ပြသခဲ့​ခြင်း​ မရှိ​သော်လည်း​ ယင်း​ပန်း​ချီနှင့်​ ပတ်သက်ပြီး​ နား​မလည်နိုင် ဖြစ်မိ​ကြောင်း​ ဝန်ခံခဲ့​သည်။

ထိုပန်း​ချီကား​ကို ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ အကြမ်း​ဖက်မှုကြီး​ မတိုင်မီ ၁၃ နှစ်ကတည်း​က ဝီလီက ​ရေး​ဆွဲထား​ခြင်း​ဖြစ်သည်။ ယခုအခါ အဆိုပါ ပန်း​ချီကား​ကို စ​ကော့​တလန်ရှိ စတီလင်ရှိုင်း​ယား​မှ ဂရန်း​​မောက် ကွန်မြူနတီ ပညာ​ရေး​ဌာနတွင် ထား​ရှိ​ကြောင်း​လည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here