မယ်စကြာဝဠာအဖြစ် အန်ဂိုလာအလှယ် ​​ရွေး​​ချယ်ခံရ

alt

ယခုနှစ် မယ်စကြာဝဠာ ​​ရွေး​​ပွဲတွင် အင်ဂိုလာ ကိုယ်စား​​ပြု အလှမယ် လီလာလိုပက်စ်က မယ်စကြာဝဠာ ဘွဲ့​​ထူး​​ကို ဆွတ်ခူး​​ပိုင်ဆိုင်သွား​​သည်။

လီလာသည် အခြား​​ပြိုင်ပွဲဝင် အလှမယ် ၈၈ ဦး​​ကို ​​ကျော်ဖြတ်ကာ ဘရာဇီး​​လ်နိုင်ငံ၊​ ​​ဆော်​​ပေါ်လိုမြို့​​တွင် ကျင်း​​ပ​​သော ပြိုင်ပွဲကြီး​​အတွင်း​​ ဗိုလ်စွဲနိုင်ခဲ့​​ခြင်း​​ဖြစ်သည်။ သူမသည် ယမန်နှစ် မယ်စကြာဝဠာဖြစ်သူ မက္ကစီကို အလှမယ် ဇင်မီနာ နာဗရာတီထံမှ သရဖူကို လက်လွှဲရယူနိုင်ခဲ့​​သည်။ NBCမှ ထုတ်လွှင့်​​ပြသ​​သော ပြိုင်ပွဲကြီး​​ကို ကမ္ဘာတဝှမ်း​​ရှိ လူ​​ပေါင်း​​ သန်း​​ ၁၀၀၀ ​​ကျော်က ​​စောင့်​​ကြည့်​​ခဲ့​​ကြသည်။

ထိပ်ဆုံး​​ ၁၀ ​​ယောက် ​​ရွေး​​ချယ်မှုတွင် ဩစ​​တြေး​​လျ အလှမယ် ရှာရီလီဘစ်က ​​ရေပန်း​​စား​​ခဲ့​​​သော်လည်း​​ အကြိမ် ၆၀ ​​မြောက် မယ်စကြာဝဠာ ဘွဲ့​​ထူး​​ကို အင်ဂိုလာကသာ ပိုင်ဆိုင်သွား​​ခဲ့​​သည်။ တိုက်ကြီး​​ ၆ ခုရှိ နိုင်ငံ​​ပေါင်း​​ ၈၉ ခုမှ အလှမယ်များ​​သည် ဘရာဇီး​​လ်တွင် ပြိုင်ပွဲဝင်ရန်အတွက် ဆမ်ဘာအက သင်ခဲ့​​ရပြီး​​ ​​ဘောလုံး​​ကန်တတ်​​အောင်လည်း​​ ကျင့်​​ခဲ့​​ရ​​သေး​​သည်။

သူမတို့​​သည် ဘရာဇီး​​လ်မှ က​​လေး​​ငယ်များ​​ထံသို့​​လည်း​​ သွား​​​ရောက် လည်ပတ်ခဲ့​​ရသည်။ ဘရာဇီး​​လ်တွင် ပထမဆုံး​​အကြိမ် ကျင်း​​ပခွင့်​​ရသည့်​​ မယ်စကြာဝဠာ ​​ရွေး​​ပွဲတွင် ဒုတိယ​​နေရာကို ယူကရိန်း​​မယ်နှင့်​​ တတိယ​​နေရာကို အိမ်ရှင် ဘရာဇီး​​လ်မယ်တို့​​က ရယူသွား​​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here