နှစ်သန်း​​​ပေါင်း​​ ၁၆၀ သက်တမ်း​​ရှိ ​​ကျောက်ဖြစ်ရုပ်ကြွင်း​​ခရုခွံအား​​ က​​လေး​​ငယ်တစ်ဦး​​ရှာ​​ဖွေ​​တွေ့​​ရှိ

alt

ပလပ်စတစ် ​​ဂေါ်ပြား​​​လေး​​ တစ်ချပ်ဖြင့်​​ သက်တမ်း​​အလွန် ရှည်ကြာ​​နေပြီဖြစ်​​သော ​​ကျောက်ဖြစ်ရုပ်ကြွင်း​​ ခရုခွံတစ်ခုကို ၆ နှစ်အရွယ် မိန်း​​က​​လေး​​ တစ်ဦး​​က တူး​​​ဖော်​​တွေ့​​ရှိခဲ့​​သည်။

နှစ်သန်း​​​ပေါင်း​​ ၁၆၀ ​​ကျော် သက်တမ်း​​ရှိ​​နေသည့်​​ အဆိုပါ ​​ကျောက်ဖြစ်ရုပ်ကြွင်း​​ ခရုခွံကို အီမလီဘယ်ဒရီက ​​သောင်ပြင်​​ပေါ် ကစား​​ရာ ​​ဂေါ်ပြား​​​လေး​​ တစ်ချပ်ဖြင့်​​ တူး​​ဆွ​​နေရင်း​​ ​​တွေ့​​ရှိခဲ့​​ခြင်း​​ဖြစ်သည်။

ပြီး​​ခဲ့​​သည့်​​နှစ်က ​​ကော့​​​ဝေါသို့​​ ခရီး​​ထွက်စဉ် သူမသည် ဖခင်ဖြစ်သူနှင့်​​အတူ လိုက်ပါလာကာ ယင်း​​ကို မ​​တော်တဆ ​​တွေ့ရှိခဲ့​​ခြင်း​​ဖြစ်သည်။ ယခုအခါ အီမီလီသည် ​​ပေါင် ၁၃၀ ​​လေး​​ပြီး​​ စင်တီမီတာ ၄၀ အချင်း​​ရှိ​​သော ခရုခွံကြီး​​နှင့်​​ ဂုဏ်ယူစွာ ဓာတ်ပုံအရိုက်ခံခဲ့​​သည်။

ထိုခရုမျိုး​​ကို သိပ္ပံအမည်အရ Rieneckia odysseusဟု ​​ခေါ်​​သော်လည်း​​ အီမီလီကမူ Spikeဟု အမည်​​ပေး​​ထား​​သည်။ အီမီလီ၏ ဖခင်ဖြစ်သူ ဂျွန်က ၎င်း​၏သမီး​​သည် ထိုခရုခွံကြီး​​ကို ​​ကျောင်း​​သို့​​ သယ်သွား​​ပြီး​​ သူငယ်ချင်း​​များ​​ကို ပြသရာ က​​လေး​​များ​​က အလွန်သ​​ဘောကျ​​ကြောင်း​​ ​​ပြောဆိုခဲ့​​ပြီး​​ သမီး​​ဖြစ်သူ၏ ရှာ​​ဖွေ​​တွေ့​​ရှိမှုမှာ ကြီး​​ကျယ်ခမ်း​​နား​​​ကြောင်း​​ ချီး​​ကျူး​​​ပြောဆိုသွား​​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here