ဥပ​ဒေဘက်​တော်သား​ ရဲများ​ကိုယ်တိုင် ဥပ​ဒေကို ​ကျောခိုင်း​လာ​သောအခါ

သရုပ်​ဖေါ်ပုံ © ​PMV

ဥပ​​ဒေ၊​ လုပ်ထုံး​​လုပ်နည်း​​နှင့်​​ မညီညွတ်ဘဲ ဖမ်း​​ဆီး​​ထား​​​သော တက္ကသိုလ်​​ကျောင်း​​သူတဦး​​အား​​

ရဲများ​​က မဖွယ်မရာ စစ်​​ဆေး​​ခြင်း​​သည် လူ့​​အခွင့်​​အ​​ရေး​​များ​​ကို ချိုး​​​ဖောက်ခြင်း​​ ဖြစ်သည်။ တရား​​ဥပ​​ဒေ စိုး​​မိုး​​မှု ရှိမ​​နေခြင်း​​ကို ​​ဖော်ပြလျက် ရှိ​​နေသည်။

“တက္ကသိုလ်​​ကျောင်း​​သူတဦး​​ အင်း​​စိန်​​ထောင််တွင် အဖမ်း​​ခံထား​​ရ” ဆိုသည့်​​ သတင်း​​တပုဒ်ကို ပြည်ပအ​​ခြေစိုက် ဒီမိုကရက်တစ် မြန်မာ့​​အသံ (DVB) မှ ၂ဝ၁၁ ခုနှစ် စက်တင်ဘာလ ၂ ရက်​​နေ့​​တွင် ​​ဖော်ပြထား​​သည်ကို ဖတ်ရှုရသည်။

သတင်း​​တွင်ပါရှိ​​သော အချက်အလက်များ​​အရ ရဲအရာရှိများ​​က အမှုကိုကိုင်တွယ်ပုံမှာ အကြီး​​အကျယ် လွဲမှား​​ ချွတ်​​ချော်​​နေသည်။ ယခင့်​​ယခင်ကလည်း​​ အလား​​တူအဖြစ်မျိုး​​​ပေါင်း​​များ​​စွာ ရှိခဲ့​​ဖူး​​မည် ဖြစ်သည်။ သို့​​​သော် ယခု အချိန်လို ဒီမိုက​​ရေစီနိုင်ငံဖြစ်သည်ဟု အတိအလင်း​​​ကြေညာကာ ဒီမိုက​​ရေစီဖြစ်ထွန်း​​မှုများ​​ဖြင့်​​ အမျိုး​​သား​​​ရေး​​ အဆင့်​​ နိုင်ငံ​​ရေး​​တိုး​​တက်မှုများ​​ကို ထင်ထင်ရှား​​ရှား​​ ကြိုး​​ပမ်း​​​နေချိန်တွင် ဤဖြစ်ရပ်မှာ အတိတ်ကာလများ​​က မနိုင်၍ ​​ခေါင်း​​ငုံ့​​ခံ အ​​လျှော့​​​ပေး​​ခဲ့​​ရ​​သော ကိစ္စမျိုး​​ကဲ့​​သို့​​ မဖြစ်သင့်​​​တော့​​ပါ။

အမှုကိုင်တွယ်ပုံများ​​က မည်သည့်​​​နေရာ/ကိစ္စများ​​တွင် မှား​​ယွင်း​​​နေသည်ကို သာမန်အရပ်သား​​တဦး​​၏ အမြင်ဖြင့်​​ ​​ထောက်ပြပါမည်။

1. ချက်ချင်း​​ပင် အာမခံ​​ပေး​​နိုင်​​သောအမှုကို အာမခံ မ​​ပေး​​ဘဲ ဖမ်း​​ဆီး​​ခြင်း​​၊​ (လူသတ်မှု၊​ မုဒိန်း​​မှု၊​ ဓါး​​ပြတိုက်မှု အစရှိသည်တို့​​မှာ အခြား​​လူတို့​​အတွက် အသက်အန္တရာယ်ကို ချက်ချင်း​​လက်ငင်း​​ပင် ခြိမ်း​​​ခြောက်​​နေ​​သော ​​ကြောင့်​​ အာမခံ မ​​ပေး​​နိုင်​​သော အမှုများ​​ ဖြစ်သည်။)

2. အစွပ်စွဲခံရသူက ​​ဖြောင့်​​ချက်​​ပေး​​ရန် ဆန္ဒမရှိဘဲ အတင်း​​အကြပ် ​​ဖြောင့်​​ချက် ရယူခြင်း​​။ (အစွပ်စွဲခံရသူက ​​ဖြောင့်​​ချက်​​ပေး​​လိုမှသာ ​​ဖြောင့်​​ချက်ယူရုံ တာဝန်ရှိ​​သော ရဲက ထိုသို့​​မဟုတ်ဘဲ အတင်း​​အဓမ္မ အကြပ်ကိုင်၍ စစ်​​ဆေး​​​မေး​​မြန်း​​ကာ ဝန်ခံခိုင်း​​ခြင်း​​။)

3. ရိုင်း​​စိုင်း​​ယုတ်ညံ့​​​သောစကား​​များ​​ဖြင့်​​ မဖွယ်မရာ​​ပြောဆို စစ်​​ဆေး​​​မေး​​မြန်း​​ကာ ကာယိ​​န္ဒြေပျက်၊​ လူ့​​သိက္ခာ ညှိုး​​နွမ်း​​ ​​သေး​​သိမ်​​အောင် လုပ်ခြင်း​​၊4. ၅ ရက်ဆက်တိုက် စစ်​​ဆေး​​ပြီး​​ ၃ ရက်မှာ ​​နေ့​​​ရောညပါ စစ်​​ဆေး​​ခြင်း​​သည် ညှင်း​​ပန်း​​နှိပ်စက်သည့်​​ နည်း​​လမ်း​​၊​ လုပ်ထုံး​​လုပ်နည်း​​နှင့်​​ မဆိုင်​​သော တရား​​မဝင် နည်း​​လမ်း​​ ဖြစ်ခြင်း​​၊​

5. အမှုကို စတင်မစစ်​​ဆေး​​မီကပင် ရဲအရာရှိတဦး​​က အစွပ်စွဲခံရသူအား​​ အမှုရှံုး​​မည်ဟု ကြိုတင် နိမိတ်ပြ လမ်း​​​ကြောင်း​​​ပေး​​ကာ ခြိမ်း​​​ခြောက်ခြင်း​​နှင့်​​ ဖျား​​​ယောင်း​​​သွေး​​​ဆောင်ခြင်း​​၊​

6. ၅ ရက်စစ်​​ဆေး​​ပြီး​​​နောက် အင်း​​စိန်​​ထောင်သို့​​ ပို့​​ကာ ဖမ်း​​ဆီး​​ထိန်း​​သိမ်း​​ထား​​ခြင်း​​၊​

7. အမှုစတင်ဖြစ်ပွား​​ပြီး​​ ၃ ပါတ်ကြာမှ တရား​​ရုံး​​ထုတ်ရန်ရှိခြင်း​​၊​

8. အခင်း​​ဖြစ်ပွား​​​သော ​​မြောက်ဥက္ကလာပမြို့​​နယ်ရှိ တရား​​ရုံး​​တွင် အများ​​သူငါ​​ရှေ့​​​မှောက်၌ တရား​​စီရင်​​ရေး​​ကိစ္စ မပြုလုပ်ဘဲ ဖမ်း​​ဆီး​​ထိန်း​​သိမ်း​​ထား​​ရာ အင်း​​စိန်​​ထောင်တွင်း​​၌သာ တရား​​ရုံး​​ထုတ်ရန်ရှိခြင်း​​။

9. အထက်ပါ ၈ ချက်အပြင် တရား​​ဥပ​​ဒေ ရှု​​ထောင့်​​မှ ကြည့်​​ရှု​​ဖော်ထုတ်နိုင်​​သော အခြား​​အချက်များ​​ ရှိနိုင်ပါ​​သေး​​သည်။

အစွပ်စွဲခံရသူ၏ အိမ်သို့​​ ရဲက လာ​​ရောက်ဖမ်း​​ဆီး​​စဉ် ဖမ်း​​ဝရမ်း​​ ပါမပါ၊​ ရပ်ကွက်တာဝန်ရှိ သက်​​သေလူကြီး​​များ​​ ပါမပါ သတင်း​​တွင် ​​ဖော်ပြထား​​ခြင်း​​ မရှိသဖြင့်​​ မသိရပါ။ အမှန်စင်စစ် ဤအမှုသည် ဖမ်း​​ဝရမ်း​​နှင့်​​ ရပ်ကွက် သက်​​သေများ​​ဖြင့်​​သာ ဖမ်း​​ဆီး​​နိုင်​​သော အမှုမျိုး​​ဖြစ်သည်။ ထို့​​ပြင် အစွပ်စွဲခံရသူဘက်မှ ​​ရှေ့​​​နေ​​ခေါ်ပိုင်ခွင့်​​ ရှိ​​နေ​​သော်လည်း​​ ​​ဖော်ပြပါသတင်း​​အရ ​​ရှေ့​​​နေ​​ခေါ်ခွင့်​​ မရခြင်း​​​လော၊​ မ​​ခေါ်ဖြစ်ခဲ့​​ခြင်း​​​လော၊​ ​​ရှေ့​​​နေမှ ဝင်​​ရောက် ​​ဆောင်ရွက််ပိုင်ခွင့်​​ မရခြင်း​​​လော မသိရပါ။

မကြာခဲ့​​​သေး​​​သောရက်များ​​က ကုလသမဂ္ဂမှ လူ့​​အခွင့်​​အ​​ရေး​​များ​​ဆိုင်ရာ မြန်မာကိုယ်စား​​လှယ် ကင်တား​​နား​​နှင့်​​ မြန်မာအစိုး​​ရအရာရှိကြီး​​များ​​ ​​တွေ့​​ဆုံကြရာမှ သိလာရ​​သော အချက်တခုမှာ ပြည်ထဲ​​ရေး​​ဝန်ကြီး​​ဌာနတွင် လူ့​​အခွင့်​​အ​​ရေး​​ သင်တန်း​​များ​​ ​​ပေး​​​နေခြင်း​​ ဖြစ်သည်။ ရဲနှင့်​​ အကျဉ်း​​​ထောင်တို့​​မှ လက်ရှိကျင့်​​သုံး​​​နေ​​သော လုပ်ထုံး​​ လုပ်နည်း​​များ​​အရမှာပင် လူ့​​အခွင့်​​အ​​ရေး​​ချိုး​​​ဖောက်မှုများ​​ ရှိ​​နေသဖြင့်​​ ယင်း​​တို့​​ကို ပြန်လည်ပြင်ဆင်ခြင်း​​ မရှိ​​သေး​​ဘဲ သင်တန်း​​​ပေး​​​နေခြင်း​​ဖြင့်​​ ထွက်လာမည့်​​ ရလဒ်များ​​မှာ စိတ်ဝင်စား​​ဖို့​​​ကောင်း​​သည်။

မည်သို့​​ပင်ဖြစ်​​စေ ဥပ​​ဒေ၊​ လုပ်ထုံး​​လုပ်နည်း​​နှင့်​​ မညီညွတ်ဘဲ ဖမ်း​​ဆီး​​ထား​​​သော တက္ကသိုလ်​​ကျောင်း​​သူတဦး​​အား​​ ရဲများ​​က မဖွယ်မရာ စစ်​​ဆေး​​ခဲ့​​သည့်​​ဖြစ်ရပ်က လက်ရှိ ပြည်​​ထောင်စုသမ္မတမြန်မာနိုင်ငံ၌ ယခင် အာဏာရှင် စစ်အစိုး​​ရ​​ခေတ်များ​​ ကဲ့​​သို့​​ပင် တရား​​ဥပ​​ဒေ စိုး​​မိုး​​မှု ကင်း​​မဲ့​​​နေဆဲ ဖြစ်သည်ကို ကွက်ကွက်ကွင်း​​ကွင်း​​ ​​ဖော်ပြလျက် ရှိ​​နေသည်။

တရား​​ဥပ​​ဒေ စိုး​​မိုး​​မှု (Rule of law) ဆိုသည်မှာ တရား​​ဥပ​​ဒေဆိုင်ရာ စံသတ်မှတ်ချက် ဖြစ်သည်။ ​​ယေဘူယျ အား​​ဖြင့်​​ဆိုလျှင် ဤသတ်မှတ်ချက်အရ ဥပ​​ဒေအထက်တွင် မည်သူမျှ မရှိ​​စေရပါ။ ဥပ​​ဒေ​​ရှေ့​​​မှောက်တွင် မည်သူမဆို တန်း​​တူညီမျှမှု ရှိရသည်။ ထို့​​ပြင် ဥပ​​ဒေချိုး​​​ဖောက်သူမှလွဲ၍ မည်သူမျှ နိုင်ငံ​​တော်၏ အပြစ်​​ပေး​​ခြင်း​​၊​ ပြစ်ဒဏ် စီရင်ခံရခြင်း​​ မရှိ​​စေရပါ။ တရား​​စီရင်​​ရေး​​ကဏ္ဍဘက်တွင်လည်း​​ မျှတ​​သောတရား​​​ရေး​​စနစ်ကို အ​​ခြေခံကာ နည်း​​လမ်း​​တကျ လုပ်​​ဆောင်ရသည်။ ထို့​​အတူ လူ့​​အခွင့်​​အ​​ရေး​​များ​​ကို အပြည့်​​အဝ အာမခံထား​​နိုင်သည့်​​ ဖွဲ့​​စည်း​​ပုံ အ​​ခြေခံဥပ​​ဒေနှင့်​​ ယင်း​​ကို အတိအကျ လိုက်နာရ​​သော လုပ်ထုံး​​လုပ်နည်း​​များ​​၊​ စီမံ​​ဆောင်ရွက်ရသူများ​​ ရှိရသည်။

တရား​​ဥပ​​ဒေစိုး​​မိုး​​မှု မရှိပါက အနိုင်ကျင့်​​မှုများ​​ ဖြစ်လာတတ်သည်။ လူ့​​အခွင့်​​အ​​ရေး​​ ချိုး​​​ဖောက်မှုများ​​ကို တာဝန်ရှိသူ အာဏာပိုင်တို့​​က ကျူး​​လွန်လာတတ်သည်။ အာဏာအလွဲသုံး​​စား​​ လုပ်တတ်သည့်​​ ရဲဝန်ထမ်း​​၊​ အကျဉ်း​​​ထောင် ဝန်ထမ်း​​တို့​​အပါအဝင် အခြား​​အခြား​​​သောအာဏာပိုင်များ​​၊​ ၎င်း​တို့​​နှင့်​​ နီး​​စပ်သူများ​​ကလည်း​​ တရား​​ဥပ​​ဒေ စိုး​​မိုး​​မှု မရှိသည်ကို အခွင့်​​​ကောင်း​​ယူ၍ အခြား​​သူတို့​​အား​​ အနိုင်ကျင့်​​တတ်ကြသည်။ အနိုင်ကျင့်​​ခံရသူ၊​ လူ့​​အခွင့်​​အ​​ရေး​​ ချိုး​​​ဖောက်ခံရသူတို့​​မှာ တရား​​ဥပ​​ဒေ၏ အကာအကွယ်ကို မရရှိဘဲ ဖြစ်​​နေရသည်။ တရား​​စီရင်​​ရေး​​ဘက်တွင်လည်း​​ အာဏာအလွဲသုံး​​စား​​မှုနှင့်​​ အဂတိလိုက်စား​​မှုတို့​​ ရှိလာပြီး​​ ဥပ​​ဒေကို မျက်ကွယ်ပြုလျက် တရား​​စီရင်တတ်ကြသည်။

ဒီမိုက​​ရေစီနိုင်ငံတွင် တရား​​ဥပ​​ဒေ စိုး​​မိုး​​​ရေး​​အတွက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့​​အစည်း​​များ​​၊​ နိုင်ငံ​​ရေး​​ပါတီများ​​၊​ လွှတ်​​တော်ကိုယ်စား​​လှယ်များ​​၊​ မီဒီယာတို့​​မှ မိမိတို့​​ကဏ္ဍအလိုက် ကျွမ်း​​ကျင်ပိုင်နိုင်စွာ တက်တက်ကြွကြွ လုပ်​​ဆောင်ရင်း​​ လူထုယုံကြည်မှု၊​ အား​​ကိုး​​မှု၊​ ​​ထောက်ခံမှု၊​ ပါဝင်ယိုင်း​​ပင်း​​မှုတို့​​ကို အပြည့်​​အဝ ရယူ​​စေချင်ပါသည်။ ဤသည်မှာ ဒီမိုက​​ရေစီ အဓွန့်​​ရှည်စွာ ​​အောင်မြင်​​နေ​​ရေး​​အတွက် အဓိကအချက်များ​​ထဲမှ တခု ဖြစ်ပါလိမ့်​​မည်။

နစ်နာဆုံး​​ရှံုး​​မှုတခုကို ဖြစ်​​စေ​​သော လုပ်ရပ်တခု ဖြစ်ပွား​​​နေချိန်တွင် ပြည်သူတို့​​အ​​နေဖြင့်​​ လုပ်သင့်​​လုပ်ထိုက်၊​ လုပ်နိုင်​​သော အ​​ရေး​​ပါသည့်​​ ကိစ္စတချို့​​ကို အကြံ​​ပေး​​ချင်ပါသည်။

1. လူ့​​အသိုင်း​​အဝိုင်း​​တွင် တရား​​ဥပ​​ဒေမဲ့​​ လုပ်​​ဆောင်မှုများ​​အပါအဝင် နစ်နာဆုံး​​ရှံုး​​မှုများ​​အ​​ပေါ် မည်သူမျှ လစ်လျူမရှုသင့်​​ပါ။

2. နစ်နာဆုံး​​ရှံုး​​မှုကို ဖြစ်​​စေ​​သောကိစ္စများ​​ ဖြစ်ပျက်လာပါက မည်သူမဆို မိမိတို့​​ ​​ရောက်ရှိ​​နေရာမှ အနီး​​ဆုံး​​ ရဲဝန်ထမ်း​​ (သို) ရဲစခန်း​​၊​ သတင်း​​မီဒီယာဌာန၊​ နိုင်ငံ​​ရေး​​ပါတီ၊​ ဆက်နွယ်မှုရှိ​​သော NGO အဖွဲ့​​အစည်း​​၊​ ​​ဒေသခံ လွှတ်​​တော်ကိုယ်စား​​လှယ်၊​ ​​ရှေ့​​​နေအဖွဲ့​​အစည်း​​တခုခု အစရှိသဖြင့်​​ နစ်နာဆုံး​​ရှံုး​​မှုကို ကာကွယ်ထိန်း​​ချုပ် တား​​မြစ်​​ပေး​​နိုင်သည့်​​ ပုဂ္ဂိုလ်၊​ အဖွဲ့​​အစည်း​​တခုခုသို့​​ ရနိုင်သမျှ အ​​ထောက်အထား​​စုံလင်စွာဖြင့်​​ ဆက်သွယ် အ​​ကြောင်း​​ကြား​​သင့်​​ပါသည်။ အကယ်၍ တဦး​​ချင်း​​က မလုပ်​​ဆောင်ရဲလျှင် အုပ်စုဖွဲ့​​ကာ လုပ်​​ဆောင်သင့်​​ ပါသည်။

3. နစ်နာဆုံး​​ရှံုး​​မှုဆိုသည်မှာ အ​​ခြေခံအား​​ဖြင့်​​ လူတဦး​​ချင်း​​၏ ​​မွေး​​ရာပါ ကိုယ်ပိုင်အခွင့်​​အ​​ရေး​​များ​​နှင့်​​ အခြား​​​သော လု့​​အခွင့်​​အ​​ရေး​​များ​​အား​​ အသုံး​​ပြုပိုင်ခွင့်​​ မရှိခြင်း​​​ကြောင့်​​ မိမိ၏ ရုပ်ပိုင်း​​ဆိုင်ရာနှင့်​​ စိတ်ပိုင်း​​ ဆိုင်ရာများ​​ကို ထိခိုက်ပျက်စီး​​​စေခြင်း​​၊​ အကျိုး​​စီး​​ပွား​​ ဖြစ်ထွန်း​​တိုး​​တက်မှုကို ပိတ်ဆို့​​တား​​မြစ်ခံရခြင်း​​ တို့​​ဖြစ်ပြီး​​ ယင်း​​တို့​​နှင့်​​ ပတ်သက်​​သော ဗဟုသုတများ​​ကို ​​လေ့​​လာသိရှိထား​​သင့်​​ပါသည်။

4. ပိုမို၍ လုပ်​​ဆောင်နိုင်သည်ဆိုပါက လက်ရှိအ​​ခြေအ​​နေတွင် ပြည်သူ့​​လွှတ်​​တော်၌ ဖွဲ့​​စည်း​​ထား​​ပြီး​​ဖြစ်​​သော သက်ဆိုင်ရာ လွှတ်​​တော်​​ကော်မတီသို့​​ဖြစ်​​စေ၊​ သမ္မတထံသို့​​ဖြစ်​​စေ စု​​ပေါင်း​​လက်မှတ်​​ရေး​​ထိုး​​ထား​​သည့်​​ ​​မေတ္တာရပ်ခံစာ / ကန့်​​ကွက်စာ / အသနား​​ခံစာ တခုခုကို ​​ပေး​​ပို့​​လျက် မီဒီယာသို့​​လည်း​​ တဆက်တည်း​​ အ​​ကြောင်း​​ကြား​​ထား​​သင့်​​ပါသည်။

5. ယခုအခါတွင် ​​အောင်မြင်စွာ လုပ်​​ဆောင်နိုင်​​နေကြပြီဖြစ်​​သော အခမဲ့​​နာ​​ရေး​​ကူညီမှုအသင်း​​ အပါအဝင် ပရဟိတ ဝန်​​ဆောင်မှုလုပ်ငန်း​​များ​​ကဲ့​​သို့​​ အခမဲ့​​ ဥပ​​ဒေ အကျိုး​​​ဆောင်အဖွဲ့​​များ​​ကို ကျယ်ပြန့်​​စွာ ဖွဲ့​​စည်း​​ထား​​ သင့်​​ပါသည်။

လွင်​​အောင်စိုး

LEAVE A REPLY

Please enter your comment!
Please enter your name here