သတ်သတ်လွတ် စား​​သောက်သည့်​အ​လေ့​အထ မီဂန်​ဖော့​စ် စွန့်​လွတ်​တော့​မည်

alt

မီဂန်​ဖော့​စ်တစ်​ယောက် ဟင်း​သီး​ဟင်း​ရွက်ချည်း​သာ စား​​သောက်​နေ​သော ဘဝကို စွန့်​လွှတ်​တော့​မည်ဖြစ်သည်။

သူမ၏ ဓာတ်ပုံတစ်ပုံက ​ဟောလီး​ဝုဒ် မင်း​သမီး​၏ ရပ်တည်ချက်ကို ​ပြောင်း​လဲသွား​​စေခြင်း​ဖြစ်သည်။ ​ဖော့​စ်သည် မကြာ​သေး​ခင်က ရိုက်ကူး​ထား​သည့်​ ဓာတ်ပုံတစ်ပုံတွင် သူမအ​နေနှင့်​ အလွန်ပိန်လှီ​နေသည်ကို ​တွေ့​ရှိခဲ့​ပြီး​​နောက် ထိတ်လန့်​ကာ ကျန်း​မာ​ရေး​နှင့်​ ကိုက်ညီမည့်​ ​နေထိုင်စား​​သောက်မှု ပုံစံမျိုး​ ​ပြောင်း​လဲရန် ဆုံး​ဖြတ်ခဲ့​ခြင်း​ဖြစ်သည်။

ထို့​​ကြောင့်​လည်း​ အသား​ငါး​ မပါဘဲ သတ်သတ်လွတ်သာ စား​​သောက်​နေ​သော အ​လေ့​အထကို စွန့်​လွှတ်​တော့​မည်ဟု Transformers မင်း​သမီး​​ဟောင်း​ကဆိုသည်။ သူမသည် တစ်နှစ်ခွဲမျှထိ အသီး​အရွက်များ​ကိုသာ အဓိက စား​​သောက်ခဲ့​ပြီး​ ​ပေါင်မုန့်​၊ သကြား​နှင့်​ ​ကော်ဖီတို့​ကိုပင် မစား​​ သောက်ခဲ့​​ချေ။

သို့​​သော်လည်း​ လက်ရှိတွင်မူ ထိုအ​ခြေအ​နေကို ​ပြောင်း​လဲရ​တော့​မည်ဟု ​ဖော့​စ်က ဝန်ခံခဲ့​သည်။ သူမအ​နေနှင့်​ ကိုယ်အ​လေး​ချိန် အလွန်​လျော့​ကျသွား​ခြင်း​​ကြောင့်​ အစား​များ​များ​စား​ကာ ​လေ့​ကျင့်​ခန်း​ကို တစ်ပတ် ၃ ကြိမ်သာ လုပ်​နေ​ ကြောင်း​ ​ဖော့​စ်က ​ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here