လေယာဉ်ပျက်ကျရာတွင် အသက်ရှင်ကျန်ရစ်သူ ပိုး​မွှား​နှင့်​ကျင်ငယ်ရည် စား​​သောက်​နေထိုင်ခဲ့​ရ

alt

ဘိုလစ်ဗီး​ယား​တွင် ​လေယာဥ်ပျက်ကျပြီး​​နောက် တစ်ဦး​တည်း​ အသက်ရှင် ကျန်ရစ်ခဲ့​သူ တစ်ဦး​သည် ၎င်း​၏ အသက်ဆက်​ရေး​အတွက် အင်း​ဆက်ပိုး​မွှား​များ​ကို ဖမ်း​ယူစား​​သောက်ကာ ကျင်ငယ်ရည်ကို ​သောက်ခဲ့​ရ​ကြောင်း​ သိရှိရသည်။

မီနာဗီဒယ်သည် ၎င်း​၏​သွေး​များ​ဖြင့်​ မြား​ပုံတစ်ခုကို ​ရေး​ခြယ်ကာ လာ​ရောက်ကယ်တင်သူများ​ မိမိရှိ​နေမည့်​ ​နေရာကို သိရှိ​စေရန်လည်း​ လမ်း​ညွှန်ထား​ခဲ့​သည်။ ဘိုလစ်ဗီး​ယား​ သတင်း​စာ La Razonနှင့်​ အင်တာဗျူး​တွင် ဗီဒယ်က ငယ်ဘဝ ကင်း​​ထောက်လူငယ်အဖြစ် ​တောထဲတွင် Campခရီး​ထွက်ခြင်း​၊ ငါး​မျှား​ထွက်ခြင်း​များ​က ယခုလို အခက်အခဲ ကာလများ​အတွင်း​ အသုံး​၀င်ခဲ့​​ကြောင်း​ ​ပြောဆိုခဲ့​သည်။

အသက် ၃၅ နှစ်ရှိ အလှကုန်ပစ္စည်း​ အ​ရောင်း​သမား​သည် Aerocon​လေ​ကြောင်း​ဖြင့်​ ဘိုလစ်ဗီး​ယား​မြို့​​တော် ဆန်တာခရုဇ်မှ ထရီနီဒက်သို့​ သွား​​ရောက်စဥ် ပြီး​ခဲ့​သည့်​ သီတင်း​ပတ် ​လေယာဥ်ပျက်ကျမှုတွင် ပါ၀င်ခဲ့​သည်။ ၎င်း​သည် ​လေယာဥ်​နောက်ပိုင်း​ခုံတွင် အပျက်အစီး​များ​ဖြင့်​ ပိညပ်ကာ ၆၂ နာရီလုံး​လုံး​ မထွက်နိုင်ဘဲ ဖြစ်​နေခဲ့​သည်။ ​

ရေတပ်ကင်း​လှည့်​ သ​င်္ဘောတစ်စင်း​က ​လေယာဥ်ပျက်ကျပြီး​ ၃ ရက်အကြာ စက်တင်ဘာ ၉ ရက်ကျမှ ၎င်း​အား​ ​တွေ့​ရှိကာ ကယ်တင်နိုင်ခဲ့​ခြင်း​ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here