တရုတ်မိန်း​က​လေး​များ​တွက် အ​ဖော်အချွတ်ကိစ္စမှာ သာမန်အ​ခြေအ​နေဖြစ်လာဟုဆို

alt

တရုတ်နိုင်ငံတွင် အမျိုး​သမီး​ တစ်ဦး​သည် လူအများ​ရှေ့​တွင် အဝတ်အစား​များ​ ချွတ်ပစ်ခဲ့​ကြောင်း​ သိရသည်။

Ifengသတင်း​ဌာနက တရုတ်မိန်း​က​လေး​များ​အတွက် အ​ဖော်အချွတ် ကိစ္စသည် သာမန်အ​ခြေအ​နေ ဖြစ်လာ​ကြောင်း​ ယင်း​မိန်း​က​လေး​အား​ ကိုး​ကား​ပြီး​ ​ဖော်ပြခဲ့​သည်။

ဖြတ်သွား​ဖြတ်လာ လူအများ​သည် ရှန်ဟိုင်း​ ​မြေ​အောက် မီး​ရထား​တွင် မိန်း​က​လေး​ငယ်တစ်ဦး​ အဝတ်အစား​လဲ​နေသည်ကို ဓာတ်ပုံရိုက်ကာ အင်တာနက်​ပေါ် လွှင့်​တင်ခဲ့​ကြသည်။ “ရှန်ဟိုင်း​ ​မြေ​အောက်ရထား​ အမှတ် ၂ လိုင်း​မှာ ခပ်​ချော​ချော မိန်း​က​လေး​တစ်​ယောက်က အဝတ်​တွေ ချွတ်ခဲ့​တာပါ”ဟု မျက်မြင်တစ်ဦး​က အင်တာနက်တွင် ​ရေး​သား​ခဲ့​သည်။ ထို့​အပြင် ရှန်ဟိုင်း​မှ မိန်း​က​လေး​များ​ ထိုသို့​ အတင့်​ရဲလာသည်ကို နား​မလည်​ကြောင်း​လည်း​ ၎င်းကဆိုသည်။

ပြီး​ခဲ့​သည့်​လက လွှင့်​တင်ခဲ့​သော မိန်း​က​လေး​၏ပုံသည် အင်တာနက်တွင် လူ​ပြောအများ​ဆုံး​ ကိစ္စတစ်ခု ဖြစ်လာသည်။ အချို့​ကမူ မိန်း​က​လေး​သည် အလုပ်​နောက်ကျ​နေသဖြင့်​ လူအများ​ရှေ့​တွင်ပင် စတန့်​ထွင်ကာ အဝတ်လဲခဲ့​ခြင်း​ ဖြစ်နိုင်​ကြောင်း​ သုံး​သပ်ခဲ့​သည်။

အများ​စုက မိန်း​က​လေး​သည် ​ကျော်ကြား​မှု ရှိ​စေရန် တမင်တကာ ပြုမူခဲ့​ခြင်း​ဟု ခန့်​မှန်း​ခဲ့​ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here