တရုတ်အဖွဲ့​အစည်း​အချို့​က ဂဒါဖီ၏ တပ်ဖွဲ့​များ​ကို လက်နက်​ရောင်း​ရန်ကမ်း​လှမ်း​ခဲ့​ဟုဆို

 

alt

တရုတ်နိုင်ငံမှ အဖွဲ့​အစည်း​ အချို့​သည် လစ်ဗျား​​ခေါင်း​​ဆောင် မူအမ်မာ ဂဒါဖီ၏ သစ္စာ​တော်ခံ တပ်များ​ကို လက်နက်​ ရောင်း​ရန် ကမ်း​လှမ်း​ခဲ့​​ကြောင်း​ သတင်း​များ​ ထွက်​ပေါ်လာခဲ့​သည်။

ဇူလိုင်လအတွင်း​က တရုတ်နိုင်ငံမှ ကြား​ခံအဖွဲ့​များ​ သည် ​ဒေါ်လာ သန်း​ ၂၀၀ ဖိုး​ရှိသည့်​ လက်နက်များ​ ​ရောင်း​​ပေး​ရန် ဂဒါဖီ အစိုး​ရထံ အဆိုပြုခဲ့​​ကြောင်း​ သိရသည်။ Globe and Mailနှင့်​ New York Timesတို့​က လစ်ဗျား​နိုင်ငံမြို့​​တော် ထရီပိုလီတွင် ဂဒါဖီ၏တပ်များ​ စွန့်​ပစ်သွား​သည့်​ အဆိုပါ ကမ်း​ လှမ်း​မှု မှတ်တမ်း​များ​ကို ​တွေ့​ရှိခဲ့​ရ​ကြောင်း​ ​ဖော်ပြခဲ့​သည်။

တရုတ်ကုမ္ပဏီများ​သည် ဒုံး​ကျည်ပစ် ​လောင်ချာများ​၊ ​ လေယာဥ်ပစ် ဒုံး​ကျည်များ​နှင့်​ အခြား​​သော စစ်လက်နက်များ​ကို ဂဒါဖီ သစ္စာခံတပ်များ​ထံ ​ရောင်း​ချရန် ကမ်း​လှမ်း​ခဲ့​ သည်ကို မှတ်တမ်း​များ​က ​ဖော်ပြ​နေ​ကြောင်း​ သိရသည်။ ထို့​​ကြောင့်​ ​ဘေဂျင်း​ရှိ အစိုး​ရနှင့်​ ဂဒါဖီတို့​ကြား​ စစ်​ရေး​အရ ​ ပေါင်း​ကူး​ဆက်ဆံမှုအ​ပေါ် ဖိအား​များ​ ပိုမို တိုး​ပွား​လာ​စေခဲ့​သည်။ Reutersသတင်း​ဌာနကမူ ယင်း​သတင်း​များ​ကို အတည်မပြုနိုင်​ကြောင်း​ ​ပြောဆိုထား​ပြီး​ NATOတာဝန်ရှိသူ အချို့​ကလည်း​ New York Times၏ သတင်း​​ဖော်ပြချက်သည် ​ရေ​ရေရာရာ မရှိလှ​ကြောင်း​ မှတ်ချက်ပြုထား​သည်။

တရုတ်နိုင်ငံခြား​​ရေး​ ဝန်ကြီး​ဌာနကလည်း​ ယင်း​ကို လူသိရှင်ကြား​ မှတ်ချက်​ပေး​ ​ဖြေရှင်း​မှု မရှိခဲ့​​ပေ။ New York Timesက အဆိုပါ ကမ်း​လှမ်း​​သော အ​ရောင်း​အဝယ်သည် အမှန်တကယ် ဖြစ်​မြောက်ခဲ့​ဟန် မတူသလို စစ်လက်နက်များ​ လစ်ဗျား​သို့​ သယ်ယူတင်ပို့​ခဲ့​သည့်​ အ​ထောက်အထား​ မ​တွေ့​ရ​ကြောင်း​ လည်း​ ​ရေး​သား​​ဖော်ပြသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here