မိ​ထွေး​နှိပ်စက်မှု​ကြောင့်​ တရုတ်က​လေး​ငယ်တစ်ဦး​ ဦး​​ခေါင်း​ခွံချိုင့​်ဝင်သွား​

alt

တရုတ်နိုင်ငံမှ က​လေး​ငယ် တစ်ဦး​သည် မိ​ထွေး​ဖြစ်သူ၏ နှိပ်စက်မှု​ကြောင့်​ ဦး​​ခေါင်း​ခွံတစ်ဝက် ချိုင့်​၀င်သွား​​ကြောင်း​ သိရှိရသည်။

မိ​ထွေး​ဖြစ်သူက ဒယ်အိုး​ဖြင့်​ ရိုက်ခဲ့​ခြင်း​​ကြောင့်​ ဟီနန်တွင် ​နေထိုင်​သော ၄ နှစ်အရွယ် က​လေး​ငယ်မှာ အသက်ဆုံး​ရှံုး​လုနီး​နီး​ ဖြစ်ခဲ့​ရသည်။ ​ဇောင်ဘာအိုသည် ဒဏ်ရာ​ကြောင့်​ ကိုမာဝင်ကာ သတိ​မေ့​​နေခဲ့​​သေး​ပြီး​ ဆရာဝန်များ​က ၎င်း​၏ ချိုင့်​​နေ​သော ဦး​​ခေါင်း​ခွံကို လက်ရှိအ​နေအထား​အတိုင်း​ ထား​ခဲ့​ရသည်။

​ဇောင်ဘာအိုသည် ​မွေး​ ကတည်း​က အဘိုး​၊ အဘွား​များ​နှင့်​ ​ဘေဂျင်း​တွင် ​နေထိုင်ခဲ့​ပြီး​ ​ဖေ​ဖော်ဝါရီလက ဖခင်နှင့်​ မိ​ထွေး​ရှိရာ ဟီနန်သို့​ ​ပြောင်း​​ရွှေ့​ ခဲ့​သည်။ ၎င်း​သည် ကိုမာ​ဝေဒနာမှ ပြန်လည်နိုး​ထလာချိန်တွင် “မိန်း​မ ၀၀ကြီး​ သား​ကိုရိုက်တယ်။ ဒယ်အိုး​နဲ့​ ရိုက်တယ်”ဟု အထိတ်တလန့်​ ငြီး​ငြူခဲ့​​ကြောင်း​ သိရသည်။

ရဲတပ်ဖွဲ့​က ၄ နှစ်သား​ လူငယ်တစ်ဦး​၏ နှုတ်ထွက်စကား​သည် ဥပ​ဒေ​ ကြောင်း​အရ တရား​စွဲဆိုရာတွင် သက်​သေခံ မဖြစ်နိုင်ခြင်း​​ကြောင့်​ အမှုဖွင့်​နိုင်ခြင်း​ မရှိ​ကြောင်း​ ​ပြောဆိုထား​သည်။ သို့​​ သော်လည်း​ ​ဘေဂျင်း​ရှိ ဘိုး​ဘွား​များ​က နည်း​လမ်း​​ပေါင်း​စုံဖြင့်​ ဖိအား​​ပေး​မှု​ကြောင့်​ ပြီး​ခဲ့​သည့်​လက ရဲက ယင်း​ကို အမှုဖွင့်​ ခဲ့​သည်။ လက်ရှိတွင် မိ​ထွေး​နှင့်​ ဖခင်ဖြစ်သူတို့​မှာ ထွက်​ပြေး​တိမ်း​​ရှောင်​နေ​ကြောင်း​ သိရသည်။ ​

ဇောင်ဘာအိုသည် အသက်အန္တရာယ်မှ လွတ်​မြောက်လာ​သော်လည်း​ လမ်း​​လျှောက်ရာတွင် ဟန်ချက်ထိန်း​ရန် ခက်ခဲ​နေ​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here