လက်ဖြင့်​ လိင်စိတ်​ဖျော်​ဖြေမှုလွန်ကဲ၍ ဘရာဇီး​လ်ဆယ်​ကျော်သက် ​သေဆုံး​သွား​

alt

ဘရာဇီး​လ်နိုင်ငံမှ ဆယ်​ကျော်သက် လူငယ် တစ်ဦး​သည် လက်ဖြင့်​ လိင်စိတ်​ဖြေ​ဖျောက်မှု လွန်ကဲရာမှ အသက်ဆုံး​ရှံုး​သွား​ကြောင်း​ သိရသည်။

၎င်းသည် ပြီး​ခဲ့​သည့်​လက တစ်ညအတွင်း​ လိင်စိတ်​ဖြေမှု အကြိမ် ၄၀ မျှ ပြုလုပ်ခဲ့​သည်ဟု ယူဆရ​ကြောင်း​ ဆရာဝန်များ​က ခန့်​မှန်း​ခဲ့​သည်။ ရလဒ်အ​နေနှင့်​ ​နောက်တစ်​နေ့​ မနက်လင်း​ချိန်တွင် အသက် ၁၆ နှစ်အရွယ် လူငယ်၏ အ​လောင်း​ကို မိခင်ဖြစ်သူက အိပ်ခန်း​ထဲတွင် ရှာ​ဖွေ ​တွေ့​ရှိခဲ့​သည်။

မိခင်က သူမသည် သား​ဖြစ်သူ၏ လွန်ကဲ​သော အ​ခြေအ​နေကို သိရှိ​နေသဖြင့်​ လိင်စွဲလန်း​မှု ကုထုံး​တစ်ရပ် ခံယူနိုင်​စေရန် စီစဉ်​နေ​သော်လည်း​ ​နောက်ကျသွား​ပြီဖြစ်​ကြောင်း​ ဖွင့်​ဟခဲ့​သည်။ ထိုလူငယ်၏ အတန်း​ဖော်များ​က ၎င်းသည် လိင်စိတ်လှံု့​ဆော်မှု ပြင်း​ပြလွန်း​ပြီး​ အမျိုး​သမီး​များ​ကို ပုံသဏ္ဍန်မ​ရွေး​၊​ အရွယ်မ​ရွေး​ ​တောင့်​တ​နေတတ်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

၎င်းသည် မိမိလက်ဖြင့်​ လိင်စိတ်​ဖြေ​နေခြင်း​ကို Webcamမှတဆင့်​ ကြည့်​ရှုရန် အတန်း​ဖော်များ​ကို ဖိတ်​ခေါ်တတ်​သေး​ကြောင်း​လည်း​ သိရသည်။ ၎င်း၏ အခန်း​ထဲတွင် အပြာမဂ္ဂဇင်း​စာအုပ် အများ​အပြား​ကို ရဲများ​က ​တွေ့​ရှိခဲ့​သည်။ ထို့​အပြင် လိင်စိတ်လှံု့​ဆော်​သော ရုပ်ပုံများ​နှင့်​ ညစ်ညမ်း​ဗီဒီယိုများ​ကိုလည်း​ ကွန်ပျူတာအတွင်း​ ​တွေ့​ရှိခဲ့​ရ​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here