က​နေဒါတွင် ကား​မောင်း​ပြိုင်သည့်​ လူငယ်အုပ်စုအား​ ဖမ်း​ဆီး​ကာ ကား​ ၁၃ စင်း​သိမ်း​ဆည်း​ရမိ

alt

က​နေဒါ ရဲတပ်ဖွဲ့​သည် လမ်း​များ​ပေါ်တွင် ကား​မောင်း​ပြိုင်​နေသည့်​ လူငယ်အုပ်စု တစ်ခုအား​ ဖမ်း​ဆီး​လိုက်ပြီး​ တန်ဖိုး​ကြီး​ကား​ ၁၃ စင်း​ကို သိမ်း​ဆည်း​ရမိထား​ကြောင်း​ သိရသည်။

၎င်းအဖွဲ့​သည် တရုတ်လူမျိုး​ လူငယ်များ​ ဖြစ်ကြပြီး​ ဗင်ကူး​ဗား​မြို့​အနီး​တွင် တရား​မဝင် ပြိုင်ပွဲများ​ဖြင့်​ ယှဉ်ပြိုင်​နေခြင်း​ဖြစ်သည်။ အဆိုပါ ကား​များ​အနက် ဖာရာရီ၊​ လမ်​ဘော်ဂျီနီ၊​ မာဆာရက်တီ၊​ ​အော်ဒီ၊​ အက်စတန်မာတင်နှင့်​ မာစီဒီး​ အမျိုး​အစား​များ​ ပါဝင်​နေသည်။ အသက် ၂၁ နှစ်​အောက် လူငယ် ၁၂ ဦး​နှင့်​ မိန်း​က​လေး​ ၁ ဦး​ကို ရဲများ​က တရား​မဝင် ကား​မောင်း​ပြိုင်​နေမှုဖြင့်​ ပြီး​ခဲ့​သည့်​ သီတင်း​ပတ်က ထိန်း​သိမ်း​ခဲ့​သည ်။

အဆိုပါ လူငယ်များ​ကမူ မိမိတို့​၏ ကား​များ​ကို ရဲများ​က ယာယီသိမ်း​ယူထား​သော်လည်း​ ခပ်​အေး​အေး​ပင် ရှိ​နေကြသည်။ အချို့​ကမူ ရဲများ​က မိမိတို့​ကား​များ​ သိမ်း​ထား​ခြင်း​ကို အင်တာနက်မှတဆင့်​ ကန့်​ကွက်ခဲ့​ကြသည်။ တစ်ဦး​က “ဒါဟာ ကျွန်​တော့်​ငယ်ဘဝရဲ့​ ရူး​သွပ်မှု​လေး​ တစ်ခုပါ။ က​လေး​တွေရလာရင် ဒီအ​ကြောင်း​ကို ပြန်​ပြောပြရမယ်”ဟုပင် ​ရေး​သား​ခဲ့​သေး​သည်။

ရဲများ​သည် ယင်း​တို့​အား​လုံး​ကို က​နေဒါ​ဒေါ်လာ ၁၉၆ စီ ဒဏ်ရိုက်ပြီး​ ကား​မောင်း​လိုင်စင် အမှတ်တွင် ၆ မှတ်စီ ​လျှော့​ပေါ့​ခဲ့​သည်။ ယခုရဲတပ်ဖွဲ့​က ဖမ်း​ဆီး​ခဲ့​သော ကား​များ​အနက် ​ဈေး​အ​ပေါဆုံး​သည် က​နေဒါ​ဒေါ်လာ ၁၀၀၀၀၀ တန် နစ်ဆန်း​ GTRဖြစ်သည်။ ​ဈေး​အကြီး​ဆုံး​မှာ က​နေဒါ​ဒေါ်လာ ၂၇၀၀၀၀ တန်သည့်​ လမ်​ဘော်ဂျီနီ တစ်စင်း​ဖြစ်​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here