သမီး​ဖြစ်သူအား​ အုပ်ထိန်း​ခွင့်​ရရန် မဲလ်ဂစ်ဆင် ​ဒေါ်လာ ခုနှစ်သိန်း​ခွဲ​ပေး​ရ

alt

​ဟောလီး​ဝုဒ် မင်း​သား​ မဲလ်ဂစ်ဆင်သည် သမီး​ဖြစ်သူအား​ အုပ်ထိန်း​ခွင့်​ ရရှိလို​သော​ကြောင့်​ ချစ်သူ​ဟောင်း​အား​ ​ဒေါ်လာ ခုနစ်သိန်း​ခွဲ နစ်နာ​ကြေး​ ​ပေး​ရမည်ဖြစ်​ကြောင်း​ သိရှိရသည်။

ညှိနှိုင်း​​ဆွေး​​နွေး​မှုများ​ အပြီး​တွင် ဂစ်ဆင်က ၂ နှစ်အရွယ် သမီး​​လေး​အတွက် ​အော့​ဆာနာ ဂရီဂိုရီဗာကို အဆိုပါ ​ငွေသား​ ​ပေး​အပ်သွား​ရန် သ​ဘောတူညီခဲ့​သည်။ ​အော့​ဆာနာသည် We were soldiersစတား​ မင်း​သား​ထံမှ အဆိုပါ ​ငွေ​ကြေး​ကို သုံး​ရစ်ခွဲကာ လက်ခံရရှိမည်ဖြစ်ပြီး​ ​နောက်ဆုံး​အသုတ်ကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလတွင် ပိုင်ဆိုင်မည်ဟု သိရသည်။

ရုရှား​ ဂီတပညာရှင် တစ်ဦး​ဖြစ်​သော ​အော့​ဆာနာတို့​သည် သမီး​​လေး​ လူစီယာ အသက် ၁၈ နှစ်အရွယ် ​ရောက်ချိန်တွင် သူမအတွက် သီး​သန့်​ဖယ်ထား​​သော ပိုင်ဆိုင်မှုများ​ကို လွှဲ​ပေး​ရန်လည်း​ သ​ဘောတူညီခဲ့​သည်။ ​အော့​ဆာနာသည် သူမအား​ ဂစ်ဆင်က ခြိမ်း​​ခြောက်ရန်မူခဲ့​​ကြောင်း​ စွပ်စွဲပြီး​​နောက် အဆိုပါစုံတွဲ၏ ဆက်ဆံ​ရေး​ ပျက်ပြား​ခဲ့​ခြင်း​ဖြစ်သည်။

ထို့​အပြင် ဂစ်ဆင်သည် လူမျိုး​​ရေး​ ခွဲခြား​​သော အ​ပြောအဆိုများ​လည်း​ ပြုလုပ်ခဲ့​​ကြောင်း​ ​အော့​ဆာနာက စွပ်စွဲထား​သည်။ ဂစ်ဆင်က ယခု​နောက်ဆုံး​ တရား​ရုံး​ ဆုံး​ဖြတ်ချက်အပြီး​တွင် သင့်​​တော်မျှတ​သော စီရင်ချက်အတွက် ​ကျေး​ဇူး​တင်​ကြောင်း​ တရား​သူကြီး​အား​ ​ပြောကြား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here