တရုတ်မင်း​သမီး​ ရှုကြည် လမ်း​ခွဲမည်ဟု Message ပို့​ခံရ

alt

မည်သူမှန်း​မသိသူ တစ်ဦး​က နာမည်​ကျော် တရုတ် ရုပ်ရှင်မင်း​သမီး​ ရှုကြည်အား​ လမ်း​ခွဲရန် Message လှမ်း​ပို့​ခဲ့​​ကြောင်း​ သိရှိရသည်။

ဩဂုတ်လ ၂၅ ရက်​နေ့​က ရှုကြည်ခမျာ မည်သူ​ပေး​ပို့​မှန်း​ မသိသည့်​ အဆိုပါ ဖုန်း​ Message​ကြောင့်​ န​ဝေတိမ်​ တောင် ဖြစ်ခဲ့​ရရှာသည်။

Messageအတွင်း​တွင် “စိတ်မ​ကောင်း​ပါဘူး​။ ငါတို့​ဇာတ်လမ်း​ ရပ်ရ​အောင်”ဟု ​ရေး​သား​ထား​ခဲ့​ သည်။ မင်း​သမီး​က သူမကို Messageပို့​သူ မည်သူမှန်း​ မသိသလို ယခု Messageသည် ဖုန်း​နံပါတ်မှား​ပြီး​ ​ရောက်လာခြင်း​ ဖြစ်နိုင်​ကြောင်း​ ယူဆခဲ့​သည်။

သို့​​သော်လည်း​ ​နောက်ချင်​ပြောင်ချင်​သော မင်း​သမီး​က “ဘာ​ကြောင့်​လဲ။ ကျွန်မ ဘာများ​ မှား​မိလို့​လဲ”ဟု Messageပြန်ပို့​ခဲ့​​သေး​သည်။ ၂ မိနစ် အကြာတွင် Messageတစ်​စောင် ထပ်ဝင်လာကာ လူမှား​ခဲ့​မိသည့်​ အတွက် ​တောင်း​ပန်​ကြောင်း​ စာ​ရောက်လာသည်။

“​ဆောရီး​ပါ။ ကျွန်​တော် လူမှား​ပြီး​ စာပို့​မိပါတယ်”ဟု ယင်း​စာတွင် ​ ရေး​သား​ထား​သည်။ ရှုကြည်သည် အဆိုပါ ရယ်စရာ ဖြစ်ရပ်ကို သူငယ်ချင်း​များ​အား​ ​ဖောက်သည်ချခဲ့​သလို Weiboမှတဆင့်​ မျှ​ဝေ​ဖော်ပြခဲ့​​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here