Apple ၏ ​နောက်ဆုံး​ထုတ်မည့်​ iPhone 5 အရက်ဘား​တွင်​ပျောက်ဆုံး​

alt

အရက်ဘား​ တစ်ခုအတွင်း​ Apple၏ ​နောက်ထပ်အသစ်ထုတ်မည့်​ iPhone 5မှာ ​ပျောက်ဆုံး​သွား​​ကြောင်း​ သိရှိရသည်။

အဆိုပါ ဖုန်း​ဟန်း​ဆက်သည် Apple၏ ဆန်ဖရန်ဆစ္စကိုရှိ ဝန်ထမ်း​တစ်ဦး​က ယူ​ဆောင်လာခြင်း​ဟု ယူဆရသည်။ မျိုး​ ဆက်သစ် iPhoneတစ်ခု ​ပျောက်ဆုံး​သွား​ခြင်း​သည် ယခုအကြိမ်မှာ ၂ နှစ်အတွင်း​ ဒုတိယ​မြောက် ဖြစ်လာသည်။

ယခု​ ပျောက်ဆုံး​သွား​​သော iPhone 5သည် အင်တာနက်မှတဆင့်​ ​ပေါင်စတာလင် ၁၂၀ ဝန်း​ကျင်ဖြင့်​ ​ရောင်း​ချဖြစ်ခဲ့​သည်ဟု ယုံကြည်ရ​ကြောင်း​လည်း​ သိရှိရသည်။ နာမည်​ကျော် iPhone အမျိုး​အစား​သစ် ​ပျောက်ဆုံး​သွား​​သော်လည်း​ ၎င်း​နှင့်​ ပတ်သက်သည့်​ အ​သေး​စိတ် အချက်အလက်များ​ လူသိရှင်ကြား​ ထွက်​ပေါ်မလာ​သေး​​ပေ။

အဆိုပါ ဖြစ်ရပ်မျိုး​သည် ၂၀၁၀ ပြည့်​နှစ်၊ ဧပြီလကလည်း​ ​ပေါ်​ပေါက်ခဲ့​ဖူး​သည်။ ထိုစဥ်က အသက် ၂၈ နှစ်အရွယ် Apple အင်ဂျင်နီယာ တစ်ဦး​က ​ အောက်တိုဘာလတွင် စတင်​ရောင်း​ချမည့်​ iPhone 4ကို ယူ​ဆောင်သွား​ရာမှ ဘား​တွင် ​မေ့​ကျန်ခဲ့​သည်။

ထိုiPhoneကို Gizmodoက ​ပေါင်စတာလင် ၃၀၀၀ ဖြင့်​ ဝယ်ယူပြီး​​နောက် အ​သေး​စိတ် အချက်အလက်များ​ကို သတင်း​ထုတ်ပြန်ကာ ပိုင်ရှင်ထံ ပြန်လည်အပ်နှံခဲ့​​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here