လိင်ရုပ်ရှင်စတား​ဖြစ်​နေသည့်​ လိင်ပညာ​ပေး​ဆရာ

alt

လိင်ပညာ​ပေး​ သင်ကြား​​ပေး​​သော ဆရာတစ်ဦး​က ၎င်း​သည် အမာခံ လိင်ရုပ်ရှင် စတား​တစ်ဦး​ဖြစ်​ကြောင်း​ ဖွင့်​ဟ ဝန်ခံလိုက်သည်။

အသက် ၃၀ အရွယ် ဘင်နဒစ် ဂါရတ်က ၎င်း​သည် European Honeyz 4 ကဲ့​သို့​ ဇာတ်ကား​များ​တွင် ပါ၀င်သရုပ်​ဆောင်ခဲ့​ပြီး​ ယင်း​အတွက် သိမ်ငယ်ရှက်ရွံ့​​နေမည် မဟုတ်​ကြောင်း​ ဖွင့်​ဟခဲ့​သည်။ ​ကျောင်း​သား​များ​က ဂါရတ်၏ လျှို့​ဝှက်ဘဝကို ​ဖော်ထုတ် သိရှိသွား​ပြီး​​နောက် ၎င်း​သည် ယခုအခါ ဆရာအလုပ်မှ ​ခေတ္တ ဆိုင်း​ငံ့​ခြင်း​ ခံထား​ရသည်။

ဂါရတ်က မိမိသည် ပုဂ္ဂိုလ်​ရေး​ ဘဝတွင် ကိုယ့်​ဝမ်း​ကိုယ်​ကျောင်း​​နေပြီး​ ယင်း​ကို ​ကျောင်း​ဆရာ ဘဝတွင် မည်သို့​မျှ ဆက်နွယ်​စေခဲ့​ခြင်း​ မရှိ​ကြောင်း​ ဖွင့်​ဟခဲ့​သည်။ ထို့​အပြင် မိမိ၏ အသက်​မွေး​ လုပ်ရပ်အတွက် ရှက်ရွံ့​ ​နောင်တရ​နေမည် မဟုတ်ဟုလည်း​ ဂါရတ်က ​ပြောကြား​ခဲ့​သည်။

ဂါရတ်က ၎င်း​သည် အပြာဇာတ်ဝင်ခန်း​ တစ်ခုအတွက် ​ပေါင်စတာလင် ၃၀၀ ဖြင့်​ ငှား​ရမ်း​ခြင်း​ ခံရ​လေ့​ရှိ​ကြောင်း​လည်း​ ဝန်ခံခဲ့​သည်။ မိမိအတွက် ယခု​ရွေး​ချယ်မှုသည် စွန့်​စား​မှုဆန်​သော လုပ်ရပ်တစ်ခုဖြစ်သည်ကို သိရှိ​ကြောင်း​၊ သို့​​သော်လည်း​ အသက်​မွေး​မှု အလုပ်နှစ်ခုကြား​တွင် မိမိအ​နေနှင့်​ စည်း​ခြား​ထား​​ကြောင်း​ ဂါရတ်က ​ပြောကြား​ခဲ့​သည်။ ၎င်း​သည် တစ်​နေ့​​နေ့​တွင် လိင်ရုပ်ရှင် စတား​တစ်ဦး​အဖြစ် ရပ်တည်သွား​ရန် ဆန္ဒရှိ​နေ​ကြောင်း​လည်း​ ဖွင့်​ဟ​ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here