ဂျက်စတင်ဘီဘာ ယဉ်တိုက်မှုဖြစ်

alt

ဂျက်စတင်ဘီဘာတစ်​ယောက် ကား​တိုက်မှုတစ်ခု ဖြစ်ခဲ့​​သော်လည်း​ ဒဏ်ရာမရခဲ့​ဟု သိရသည်။

ဩဂုတ်လ ၂၉ ရက်​နေ့​က Babyစတား​ Popဂီတ အဆို​တော်​လေး​သည် ​လော့​စ်အန်ဂျလိစ်တွင် ကား​ချင်း​တိုက်မှုအတွင်း​ ပါ၀င်ခ့​ဲ​ကြောင်း​ သတင်း​များ​ကဆိုသည်။

ဘီဘာသည် အခြား​ ခရီး​သည် တစ်ဦး​နှင့်​အတူ ၎င်း​၏ ဖာရာရီကား​ အနက်​ရောင်ကို ​မောင်း​နှင်လာပြီး​​နောက် ယာဥ်ရပ်နား​ရာ ​နေရာတွင် ကား​ရပ်ရန် ​နောက်ပြန်ဆုတ်ရင်း​ အခြား​ကား​တစ်စင်း​ကို ၀င်တိုက်ခဲ့​ခြင်း​ဖြစ်သည်။ မျက်မြင်များ​က ဘီဘာ၏ ကား​​နောက်ပိုင်း​သည် ဟွန်ဒါဆီဗစ် တစ်စင်း​နှင့်​ ၀င်​ဆောင့်​ခဲ့​ခြင်း​ဟု ​ပြောကြား​ခဲ့​ကြသည်။

ဘီဘာ ယာဥ်မ​တော်တဆမှု ဖြစ်သည်ဆို​သော သတင်း​​ကြောင့်​ ပရိသတ်များ​ စိုး​ရိမ်ခဲ့​​သော်လည်း​ နာမည်ကြီး​ လူငယ်ကြယ်ပွင့်​အ​နေနှင့်​ မည်သည့်​ဒဏ်ရာမျှ မရရှိခဲ့​​ကြောင်း​ ၎င်း​၏ ကိုယ်စား​လှယ်က သတင်း​ထုတ်ပြန် ​ကြေညာ​ပေး​ခဲ့​သည်။

ဘီဘာ၏ ကား​မှာမူ အ​နောက်ပိုင်း​ ဘယ်ခြမ်း​တွင် ထိခိုက်ပျက်စီး​မှုများ​ ဖြစ်ခဲ့​​ကြောင်း​လည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here