ဘာလဲတဲ့ Blog Blogger Blogging

သရုပ်​​ဖေါ်ပုံ © ​​ဇောင်း​​

Blog ဆိုတဲ့​​ စကား​​လုံး​​​ပေါ်လာတာ လွန်ခဲ့​​တဲ့​​ ၁၁နှစ်ကပါ။ Blog ဆိုတာ

Web Log ရဲ.အတို​​ကောက်ပါ။ Web က B နဲ့​​ Log မှ log ကို​​ပေါင်း​​စည်း​​ပြီး​​ Blog လို့​​ ​​ယေဘုယျ​​ခေါ်ဆိုတာပါ။

Blog ဟာ အင်တာနက် စာမျက်နှာ​​တွေထဲကတခုဖြစ်​​ပေမယ့်​​၊​ သူ့​​မှာအစီအစဉ်တကျစီစဉ်ထား​​တဲ့​​ ​​နေ့​​ရက်၊​ အချိန်၊​ အက္ခရာစဉ်က စပြီး​​​တော့​​ သက်ဆိုင်ရာ ​​ခေါင်း​​စဉ်များ​​အလိုက်၊​ အမျိုး​​အစား​​ များ​​အလိုက်၊​ ပုံစံတူများ​​အလိုက်၊​ စသည်ဖြင့်​​စနစ်တကျပါရှိပါတယ်။

Blog  ဆိုတာ

Blog တစ်ခုကိုဖန်တီး​​ဖို့​​ Html၊​ java script စတဲ့​​ ဝဘ်ဆိုက်​​ရေး​​နည်း​​များ​​ကို အထူး​​သင်ကြား​​​နေစရာမလိုဘဲ Blog host များ​​က ​​ပေး​​ထား​​တဲ့​​စာမျက်နှာများ​​မှာ လွယ်ကူစွာအဆင်သင့်​​ ဝင်​​ရေး​​လိုက်နိုင်ပါတယ်။ ​​နောက်ပြီး​​ ​​တော့​​ လာ​​ရောက်လည်ပတ်ကြသူ​​တွေကိုလည်း​​ ပွင့်​​လင်း​​စွာ၊​ အရှိကို အရှိအတိုင်း​​၊​ အမြင်ကို အမြင်အတိုင်း​​ ​​ရေး​​သား​​နိုင်​​အောင် စီစဉ်ထား​​​ပေး​​ ထား​​တာဟာ တခြား​​​သော အင်တာနက်စာမျက်နှာ​​တွေနဲ့​​ ကွာခြား​​​စေတဲ့​​ အချက်တစ်ချက် ဖြစ်ပါတယ်။ Webster အဘိဓာန်မှာ​​တော့​​ Blog ကို “ဒိုင်ယာရီ၊​ အင်တာနက် စာမျက်နှာ​​ပေါ်တင်ထား​​တဲ့​​ ကိုယ်​​ရေး​​ကိုယ်တာ​​တွေလို့​​ ဖွင့်​​ဆိုထား​​ပါတယ်။ ဒါ​​ကြောင့်​​ တချို့​​​သောသူများ​​က Blog ကို အင်တာနက်​​ပေါ်မှ ကိုယ်​​ရေး​​ခံစား​​ချက် စာမျက်နှာများ​​ သို့​​မဟုတ် ကိုယ်​​ရေး​​မှတ်တမ်း​​များ​​လို့​​ မြန်မာလို အတတ်နိုင်ဆုံး​​တူ​​အောင်၊​ ဆီ​​လျော်​​အောင် အဓိပ္ပာယ်ဖွင့်​​ဆိုကြပါတယ်။ BLog မှာ မိမိ ​​ရေး​​သား​​ထား​​တာ​​တွေကိုမိမိတစ်ဦး​​တည်း​​သာဖတ်ရှုနိုင်​​စေရန်၊​ မိမိရဲ့​​ Blog ကို တပါး​​သူများ​​ မဖတ်ရှုနိုင်​​စေရန်၊​ ဒါမှမဟုတ် ဖိတ်ကြား​​ထား​​သူများ​​သာ ဝင်​​ရောက်ဖတ်ရှုနိုင်ရန် တား​​ဆီး​​ထား​​ နိုင်သလို၊​ လူအများ​​ ဝင်​​ရောက်ကြည့်​​ရှုနိုင်​​အောင်လည်း​​ ဖွင့်​​ထား​​​ပေး​​နိုင်တဲ့​​အတွက် အဆင်​​ပြေလှပါတယ်။ ဒါဆိုရင် Blog ​​တွေမှာ ဘယ်သူ​​တွေဝင်​​ရေး​​​နေပါသလဲ၊​ တိုး​​တက်​​သောနိုင်ငံ​​တွေရဲ့​​​လေ့​​လာ ချက်အရ အလုပ်သမား​​​တွေ၊​ ​​ကျောင်း​​သား​​​တွေ၊​ ရဟန်း​​သံဃာ​​တွေကစပြီး​​ နိုင်ငံရဲ့​​တာဝန်​​တွေကိုအမြင့်​​ဆုံး​​ယူထား​​ကြတဲ့​​ ဝန်ကြီး​​က​​နေ သမ္မတအထိ Blog စာမျက်နှာ​​တွေ ကိုယ်စီရှိကြပါတယ်။ အာရှမှာဆိုရင် ဂျပန်၊​ ကိုရီး​​ယား​​ ကစပြီး​​​တော့​​ အိမ်နီး​​ချင်း​​ ထိုင်း​​၊​ စင်ကာပူ နဲ့​​ မ​​လေး​​ရှား​​တို့​​မှ ဝန်ကြီး​​​တွေကပါကိုယ်ပိုင် Blog ​​တွေကို ​​ရေး​​သား​​လာကြပါတယ်။ မကြာခင်မှာမြန်မာဘ​​လော့​​ဂ် ​​တွေလည်း​​ အင်တာနက်​​ပေါ်မှာ ကျယ်ကျယ်ပြန့်​​ပြန့်​​​နေရာယူလာကြ ​​တော့​​မှာ ဖြစ်ပါတယ်။

Blogger ဆိုတာ

Blogger ဆိုတာက​​တော့​​ Blog တခုမှာပါဝင်​​ရေး​​သား​​​နေသူလို့​​ ​​ယေဘုယျမှတ်ယူနိုင်ပါတယ်။ Blogger တ​​ယောက်ဖြစ်ဖို့​​ လွယ်​​ပေမယ့်​​၊​ ​​အောင်မြင်တဲ့​​ Blogger တ​​ယောက်ဖြစ်ဖို့​​ အလွန်ခက်ခဲပါတယ်။ ၂၀၀၆ ခုနှစ်မှာ Blog စာမျက်နှာ​​တွေရဲ့​​ စစ်တမ်း​​ကို Technorati( http://www.technorati.com ) ကုမ္မဏီက ​​ကောက်ယူခဲ့​​ရာမှာ တစ်ကမ္ဘာလုံး​​မှာ Blog အ​​ရေအတွက် စုစု​​ပေါင်း​​ ၅ရသန်း​​​ကျော် ရှိ​​နေပြီ ဆိုတာ ​​တွေ့​​ရပါတယ်။ နာရီနဲ့​​အမျှ Blog ​​တွေ များ​​လာ​​နေသလို၊​ Blogger ​​တွေလည်း​​ တ​​နေ့​​ထက်တ​​နေ့​​ပိုများ​​လာပါတယ်။ သူတို့​​ကို အင်တာနက် ဂျာနယ်လစ်လို့​​ ​​တောင်တင်စား​​ ကြပါ​​သေး​​တယ်။ မြန်မာ Blogger ​​တွေမှာ လည်း​​ရွက်ပုံး​​သီး​​ စာ​​ပေသမား​​​တွေ အများ​​အပြား​​ ရှိ​​နေတာဟာလည်း​​ မြန်မာစာ​​ပေ ​​လောကအတွက် အား​​ရစရာပါ။ ​​ခေတ်လူငယ် Blog စာ​​ရေး​​ဆရာ​​တွေရဲ့​​ လက်ရာ​​တွေဟာလည်း​​ အာဝဇ္ဇန်း​​ ရွှင်ရွှင်၊​ ပညာသား​​ပါပါနဲ့​​ အနုပညာ ရသ​​မြောက်လွန်း​​လို့​​ အံ့​​မခန်း​​​လေး​​စား​​ထိုက်သလို၊​ သူ့​​ထက်ငါတ​​နေ့​​ထက်တ​​နေ့​​လက်စွမ်း​​ပြ​​နေကြတာကိုက တရုပ်သိုင်း​​ကား​​ကြည့်​​​နေရသလိုလို၊​ ကိုရီး​​ယား​​ကား​​ အခန်း​​ဆက်ဇာတ် ကား​​ ကြည့်​​​နေရလိုဖြစ်​​အောင် စွဲ​​ဆောင်နိုင်ကြပါ​​လေရဲ့​​ …….

Blogging ဆိုတာ

Blogging ဆိုတာက​​တော့​​ အခုလို အွန်လိုင်း​​​ပေါ်က Blog မှာ စာ​​ရေး​​သား​​ကြတာမျိုး​​ကို ​​ခေါ်တာပါ။ ​​နောက်ပိုင်း​​မှာ​​တော့​​ Blogger ​​တွေစုပြီး​​ အ​​ကြောင်း​​အရာ တစ်ခုခုကို ဦး​​တည်ချက်ထား​​ပြီး​​​ဆွေး​​​နွေး​​ကြတာမျိုး​​ကိုလည်း​​ Blogging လို့​​ သုံး​​လာကြပါတယ်။ ဒါဆိုရင် Blog မှာ ဘာ​​တွေကို ​​ရေး​​သား​​ကြ၊​ဘယ်လိုအမြင် ​​တွေကို ဖလှယ်ကြပါသလဲ။ Blog မှာ လူတန်း​​စား​​မျိုး​​စုံ၊​ အ​​ခြေအ​​နေမျိုး​​စုံ၊​ ဘဝမျိုး​​စုံက လူ​​တွေက မိမိတ​​နေ့​​တာ ဖြတ်သန်း​​သွား​​လာမှု၊​ ခံစား​​မှု၊​ ရှုမြင်မှု၊​ သုံး​​သပ်ချက်​​တွေ၊​ နည်း​​ပညာဆိုင်ရာ သင်ကြား​​မှု​​တွေ၊​ ဖန်တီး​​မှု​​တွေ၊​ ​​အောင်မြင်မှု​​တွေ၊​ ​ဖျော်​​ဖြေ​​ရေး​​ အစီအစဉ်ကစလို့​​၊​ နိုင်ငံ​​ရေး​​ဆိုင်ရာ သ​​ဘောထား​​​တွေ အထိ Blog မှာလာ​​ရောက်​​ရေး​​သား​​ ရင်ဖွင့်​​ကြ၊​ မှတ်တမ်း​​တင်ကြ၊​ ​​ဝေမျှကြနဲ့​​ အ​​ကြောင်း​​အရာကဏ္ဍစုံလင်လှပါတယ်။ Blog မှာဓါတ်ပုံများ​​နဲ့​​ မှတ်တမ်း​​တင်ထား​​တဲ့​​ photoblog ကစပြီး​​၊​ ဗီဒီယို မှတ်တမ်း​​များ​​ တင်ထား​​တဲ့​​ vlog၊​ စသည်ဖြင့်​​ မိမိကြံု​​တွေ့​​ ခဲ့​​ရ၊​ မြင်ခဲ့​​ရ၊​ ပါဝင်ခဲ့​​ရ​​သော အဖြစ်အပျက်များ​​၊​ ပြဿနာများ​​၊​ ​​အောင်မြင်မှုများ​​၊​ ခရီး​​သွား​​မှတ်တမ်း​​များ​​၊​ နည်း​​ပညာဆိုင်ရာ အ​​ခြေအ​​နေများ​​စသည်တို့​​ကို လျင်လျင်မြန်မြန်နဲ့​​ ထိထိ​​ရောက်​​ရောက်​​ရေး​​သား​​လွှင့်​​တင်နိုင်ကြတဲ့​​ အတွက် Blog ​​လောကဟာ တ​​နေ့​​ထက်တ​​နေ့​​ ပိုမိုကျယ်ပြန့်​​လာသလို၊​ Blog ​​တွေရဲ့​​ ရိုက်ခတ် မှု​​ကြောင့်​​ ဖြစ်​​ပေါ်လာတဲ့​​ အ​​ခြေအ​​နေကိုထိန်း​​သိမ်း​​ဖို့​​ တချို့​​​သောနိုင်ငံ​​တွေမှာ ကန့်​​သတ်မှု​​တွေနဲ့​​ စတင်ပြုလုပ် ​​နေရပြီဖြစ်ပါတယ်။

ဒါဆိုရင် Blogger ​​တွေမှာ​​ရော ​​စောင့်​​စည်း​​အပ်​​သော ကျင့်​​ဝတ်​​တွေ၊​ ထိန်း​​သိမ်း​​အပ်​​သော ဝတ္တရား​​​တွေ မရှိလိုလား​​လို့​​ ​​မေး​​စရာ ရှိလာပါတယ်။ Blog နဲ့​​ Blogger ​​တွေမှာ ​​စောင့်​​ထိန်း​​ရမဲ့​​ ကျင့်​​ဝတ်​​တွေ သိက္ခာ​​တွေအသီး​​သီး​​ ရှိကြပါတယ်။ စခါစက​​တော့​​ သာမန်လို့​​သာ ​​ပြောနိုင်​​လောက်ပါတယ်။ ကိုယ့်​​ရင်ထဲရှိတာ၊​ ကိုယ့်​​စိတ်ထဲရှိတာချ​​ရေး​​လိုက်တဲ့​​ သ​​ဘောမို့​​ ဒိုင်ယာရီ​​ရေး​​တာနဲ့​​ တူပါတယ်။ ​​ရေး​​ကြ ​​ပြောကြတဲ့​​ အ​​ကြောင်း​​အရာ အများ​​စုကလည်း​​ ပုဂ္ဂိုလ်​​ရေး​​သက်သက်ကများ​​ပါတယ်။ “မာမီက ​​ပြောတယ်၊​ ဒီ​​နေ့​​ မိုး​​ရွာမယ်တဲ့​​” စတာမျိုး​​။ ​​နောက်​​တော့​​ အများ​​နဲ့​​ သက်ဆိုင်တဲ့​​ ကိစ္စ၊​ (​​ပြောရရင်) လူထု အဖွဲ့​​အစည်း​​တစ်ခုလုံး​​နဲ့​​ဆက်စပ်​​နေတဲ့​​ ကိစ္စ​​တွေကိုပါ အချင်း​​ချင်း​​ အပြန်အလှန်​​ဆွေး​​​နွေး​​ကြတာ၊​ ​​ဝေဖန်ကြတာ​​တွေ ရှိလာပါတယ်။ ဒီလိုနဲ့​​ပဲ Blog ​​တွေ hot ဖြစ်လာကြတာပါ။ Blog ရဲ့​​ထူး​​ခြား​​ချက်က ဘာ အကန့်​​အသတ်အထိန်း​​အချုပ်မှ မရှိတာပါပဲ။ ဥပ​​ဒေနဲ့​​ ကန့်​​သတ်တာ ထိန်း​​သိမ်း​​တာမ​​ပြောနဲ့​​၊​ အယ်ဒီတာ​​တောင် မရှိပါဘူး​​။ ကိုယ်​​ရေး​​ချင်၊​ ​​ပြောချင်တာကို လွတ်လွတ်လပ်လပ် ချ​​ရေး​​ကြတယ်။ များ​​​သောအား​​ဖြင့်​​ နာမည်ဝှက်နဲ့​​ ​​ရေး​​ကြတာများ​​လို့​​ မ​​ကျေနပ်တဲ့​​ လူ​​တွေဘက်ကလည်း​​ အ​​ရေး​​ယူဖို့​​ မလွယ်ပါဘူး​​။ အခုလို အထိန်း​​အချုပ်မရှိလို့​​ ဗရမ်း​​ဗတာဖြစ်တာမျိုး​​ ရှိသင့်​​သ​​လောက် ရှိ​​ပေမယ့်​​ လွတ်လပ်ပွင့်​​လင်း​​တဲ့​​ သတင်း​​စီး​​ဆင်း​​မှုကို အား​​​ပေး​​တာ​​တော့​​အမှန်ပါပဲ။

နိုင်ငံသား​​ အခွင့်​​အ​​ရေး​​ (citizen right) ကို အပြည့်​​အဝအသုံး​​ချကြတာမို့​​ နိုင်ငံသား​​ ဂျာနယ်လစ် (Citizen Journalist) လို့​​ ​​ခေါ်ကြတာ​​တွေလည်း​​ ရှိပါတယ်။ မီဒီယာ​​လောက အ​​နေနဲ့​​ Blogger ​​တွေကို အ​​လေး​​ထား​​ လာရတဲ့​​ ကိစ္စက​​တော့​​ သူတို့​​ရဲ့​​ “ခရာမှုတ်သူ”(whistle blower) အခန်း​​ကဏ္ဍ​​ကြောင့်​​လို့​​ ဆိုပါတယ်။ C.B.S လို အ​​ကျော်​​ဒေး​​ယျ မီဒီယာကြီး​​ကို​​တောင် Blogger ​​တွေကဖွင့်​​ချခဲ့​​ဖူး​​လို့​​မီဒီယာ​​တော်​​တော် များ​​များ​​က ဖြံုကြပါတယ်။ တပြိုင်နက်တည်း​​မှာပဲ ​​မြေ​​ပေါ်မီဒီယာ​​တွေ ဘယ်လိုမှ ရဖို့​​မလွယ်​​လောက်တဲ့​​သတင်း​​ဦး​​၊​ သတင်း​​ထူး​​​တွေ​​ပေး​​နိုင်တာမို့​​၊​ ဂျာနယ်လစ်​​တွေရဲ့​​ အား​​ကိုး​​ရာလည်း​​ ဖြစ်​​သေး​​တယ်။ ‘တံခါး​​ဖွင့်​​ စူး​​စမ်း​​​လေ့​​လာကြတဲ့​​ သတင်း​​ခန်း​​မ’ (open-source newsrooms) ​​တွေ အွန်လိုင်း​​​ပေါ်မှာအပြိုင်း​​အရိုင်း​​ ​​ပေါ်လာတာဟာလည်း​​ Blogger ​တွေရဲ့​​​ကျေး​​ဇူး​​​ကြောင့်​​လို့​​ ​​ပြောစရာရှိပါတယ်။ အီရတ်စစ်ပွဲ အကြိုကာလ​​လောက်ကစပြီး​​ မီဒီယာ​​လောကသာမက​​တော့​​ဘူး​​ နိုင်ငံ​​ရေး​​​လောက ကပါ Blogger ​​တွေကို အ​​လေး​​ထား​​ ​​စောင့်​​ကြည့်​​လာရ​​တော့​​တယ်။ အထူး​​သဖြင့်​​ ဘုရှ်အစိုး​​ရရဲ့​​ အီရတ်စစ်ပွဲ ​​ပေါ်လစီကို ​​ဝေဖန်​​ထောက်ပြတဲ့​​ အမည်မသိဘ​​လော့​​ဂါ​​တွေရဲ့​​ သ​​ဘောထား​​ အမြင်​​တွေဆိုရင်စစ်မဟာဗျူဟာ ပညာရှင်ဆိုသူ​​တွေ​​တောင် လက်ဖျား​​ခါရတယ်လို့​​ ဆိုပါတယ်။ ပညာရှင် တချို့​​ကဆိုရင် ဘ​​လော့​​ဂါ​​တွေကို ဆိုက်ဘာဒီမိုက​​ရေစီကို လက်​​တွေ့​​ကျင့်​​သုံး​​​နေကြတဲ့​​ ပထမဆုံး​​ ‘ခရု ဆိတ်တာ’ ​​တွေလို့​​​တောင် အမွှန်း​​တင်ကြတယ်။ ဘာပဲဖြစ်ဖြစ် Blog စတာ ဘာမှ မကြာလှ​​သေး​​​ပေမဲ့​​ အံ့​​ဩ​​လောက်​​အောင် ကျယ်ပြန့်​​လာတာ​​တော့​​​သေချာပါတယ်။ အခု ​​လော​​လောဆယ် ဝက်ဘ်ဆိုက်​​ပေါ်မှာ ဘ​​လော့​​​ပေါင်း​​ ၅ရသန်း​​​ကျော် ​​နေပြီလို့​​ သိရပါတယ်။ အ​​မေရိကန် ပြည်​​ထောင်စု တခုတည်း​​မှာကိုပဲ ဘ​​လော့​​ဂါ ပရိတ်သတ် (၃၂) သန်း​​ထိ ရှိလာပြီလို့​​ ဆိုပါတယ်။ နယူး​​​ယော့​​တိုင်း​​မ် ဂျာနယ်လစ် ‘​​တောမတ် ဖရီး​​မင်း​​’ က​​တော့​​ Blogလှုပ်ရှား​​​နေမှုကို ‘တံခါး​​မရှိ၊​ ဓား​​မရှိ စူး​​စမ်း​​​လေ့​​လာ​​ရေး​​’ (open-source) လို့​​အကဲဖြတ် သလို၊​ ကမ္ဘာကြီး​​ကို အဖျား​​ခတ်လိုက်တဲ့​​ နည်း​​ပညာလှိုင်း​​ရဲ့​​ရိုက်ချက် တစ်ခုလို့​​လည်း​​ ဆို​​နေပါ​​ကြောင်း​​ပါ​​ခင်ဗျာ။

 

ကိုမင်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here