ဖောက်ထွင်း​​သူတစ်ဦး​​အား​​ ဖမ်း​​ဆီး​​ရန်ပျက်ကွက်မှုဖြင့်​​ စ​​ကော့​​တလန်ရဲ​​မေ ​​ထောင်ချခံရ

alt

စ​​ကော့​​တလန်မှ ရဲ​​မေတစ်ဦး​​သည် ​​ဖောက်ထွင်း​​သူဟု ယူဆရသူ တစ်ဦး​​အား​​ ဖမ်း​​ဆီး​​ရန် ပျက်ကွက်မှု​​ကြောင့်​​ ​​ထောင်ဒဏ် ၁ နှစ် ချမှတ်ခြင်း​​ ခံခဲ့​​ရ​​ကြောင်း​​ သိရသည်။

သူမသည် တရုတ် စား​​​သောက်ဆိုင် တစ်ခုသို့​​ ​​ဖောက်ထွင်း​​​နေသူ တစ်ဦး​​အား​​ ဖမ်း​​ဆီး​​ရမိခဲ့​​​သော်လည်း​​ ရဲဌာနတစ်ခုသို့​​ အ​​ရေး​​တကြီး​​ စာတစ်​​စောင် ပို့​​​ပေး​​ရန် ကိစ္စရှိသဖြင့်​​ ​​ဖောက်ထွင်း​​သူထံမှ ကိရိယာ တန်ဆာပလာများ​​ကို သိမ်း​​ယူကာ ၎င်း​အား​​ ပြန်လွှတ်​​ပေး​​လိုက်​​ကြောင်း​​ ဝန်ခံ ​​ပြောကြား​​ခဲ့​​သည်။

အသက် ၃၈ နှစ်ရှိ မစ်ချလီ ဆယ်လ်ဘီအ​​နေနှင့်​​ ဥပ​​ဒေ​​ရေး​​ရာ ဝန်ထမ်း​​တစ်ဦး​​ဖြစ်​​သော်လည်း​​ စည်း​​မျဉ်း​​များ​​ကို ​​ဖောက်ဖျက်ခဲ့​​သည့်​​အတွက် တရား​​ရုံး​​က ယခုလို စီရင်ချက် ချမှတ်ခဲ့​​ခြင်း​​ဖြစ်သည်။ ဆယ်လ်ဘီသည် ပြီး​​ခဲ့​​သည့်​​နှစ် ဇူလိုင်လက လုပ်​​ဖော်ကိုင်ဖက် ရဲဝန်ထမ်း​​ မစ်ချယ်လီ မာလီနှင့်​​အတူ တာဝန်ထမ်း​​​ဆောင်​​နေစဉ် ဂလက်စဂိုအနီး​​၊​ ကာကင်တီ​​လော့​​ချ်ရှိ တရုတ်စား​​​သောက်ဆိုင်အနီး​​ မသင်္ကာဖွယ် ​​ဖောက်ထွင်း​​သူကို ​​တွေ့​​မြင်ခဲ့​​ခြင်း​​ဖြစ်သည်။

မာလီက ဆယ်လ်ဘီသည် သူခိုး​​အား​​ ပြန်လွှတ်​​ပေး​​ပြီး​​​နောက် မိမိတို့​​နှစ်ဦး​​ ရဲကား​​ဆီ ပြန်အလာတွင် ထိုကိစ္စ​​ကြောင့်​​ အလုပ်အတွက် အ​​နှောင့်​​အယှက် ဖြစ်နိုင်သည်ဟု မှတ်ချက်ပြု ​​ပြောဆိုခဲ့​​​ကြောင်း​​ တရား​​ရုံး​​တွင် ထွက်ဆိုခဲ့​​သည်။ ​​နောက်ပိုင်း​​တွင် ဆယ်လ်ဘီသည် သူမ၏ လုပ်ရပ်မှာ မှား​​ယွင်း​​ခဲ့​​သည်ဟု ပြန်လည် ဝန်ခံသွား​​​ကြောင်း​​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here