ဘောလုံး​​ကွင်း​​အနီး​​ ဟိုတယ်အခန်း​​မှ ဂိုး​​သွင်း​​​နေသည့်​​စုံတွဲက ​​ဘောလုံး​​ပွဲထက် ပရိသတ်ကိုဆွဲ​​ဆောင်ခဲ့​​

alt

ဘယ်လ်ဂျီယမ်နိုင်ငံတွင် ​​ဘောလုံး​​အား​​​ပေး​​သူ ပရိသတ်များ​​သည် ​​ဘောလုံး​​ပွဲထက် ဟိုတယ်ခန်း​​ထဲတွင် ဂိုး​​သွင်း​​​နေ​​သော စုံတွဲတစ်တွဲကို အား​​နှင့်​​မာန်နှင့်​​ အား​​​ပေး​​ခဲ့​​​ကြောင်း​​ သိရှိရသည်။

​​ထောင်နှင့်​​ချီ​​သော ပရိသတ်များ​​သည် ​​ဘောလုံး​​ကွင်း​​အနီး​​ ဟိုတယ်တစ်ခုမှ အခန်း​​ပြူတင်း​​​ပေါက်တွင် ကပ်ပြီး​​ အကြိတ်အနယ် အချစ်ဇာတ်ခင်း​​​နေ​​သော စုံတွဲအား​​ မျက်ဝါး​​ထင်ထင် ​​တွေ့​​ရှိခဲ့​​ပြီး​​​နောက် သ​​ဘောကျစွာ ကြည့်​​ရှုခဲ့​​ကြသည်။ ​​နောက်ပိုင်း​​တွင် အဆိုပါ စုံတွဲအနက် အမျိုး​​သမီး​​မှာ အသက် ၂၆ နှစ်အရွယ် ​​မော်ဒယ်လ် အလီရှာ တန်ဒါး​​နက်စ်ဖြစ်​​ကြောင်း​​ သိရှိရလာရသည်။

သူမက ဟိုတယ် အခန်း​​ပြူတင်း​​​ပေါက်သည် အတွင်း​​မှ အပြင်သို့​​သာ မြင်ရသည့်​​မှန်မျိုး​​ဟု ထင်ခဲ့​​ပြီး​​ ​​ဖောက်ထွင်း​​မြင်ရသည်ကို မသိခဲ့​​​ကြောင်း​​ ​​ပြောဆိုခဲ့​​သည်။ သူမတို့​​စုံတွဲ Check outလုပ်ချိန်တွင် ဟိုတယ်မှ မိန်း​​က​​လေး​​က ရယ်ချင်​​နေပုံရသည်ကို သတိပြုမိ​​သော်လည်း​​ မည်သည့်​​အ​​ကြောင်း​​​ကြောင့်​​မှန်း​​ မသိခဲ့​​ဟု အလီရှာက ဝန်ခံခဲ့​​သည်။

သူမတို့​​သည် ​​နောက်တစ်​​နေ့​​ သတင်း​​စာကို ဖတ်မိမှ မျက်လုံး​​ပြူး​​ခဲ့​​ရသည်။ လိုကာရန်နှင့်​​ ကစား​​ခဲ့​​​သော ဆင်ထရူဒင်အသင်း​​မှ တာဝန်ရှိသူများ​​က ကွင်း​​အနီး​​တွင် အလား​​တူ အ​​ခြေအ​​နေမျိုး​​ ဖြစ်​​နေသည်ကို မလိုလား​​​ကြောင်း​​ ​​ပြောဆိုခဲ့​​ပြီး​​ ပရိသတ်ထဲတွင် က​​လေး​​ငယ် အများ​​အပြား​​ ပါဝင်​​နေ​​ကြောင်း​​ ​​ထောက်ပြခဲ့​​သည်။ ​​လော​​လောဆယ်တွင် ဟိုတယ်ပိုင်ရှင် လက်ဝင်း​​​ဖော့​​သည် ဟိုတယ်မှန်များ​​ကို တစ်ဖက်မြင်မှန်များ​​အဖြစ် ​​ပြောင်း​​လဲရန် အ​​ရေး​​တကြီး​​ စစ်​​ဆေး​​မှုများ​​ ပြုလုပ်​​နေ​​ကြောင်း​​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here