က​​လေး​​ငယ်တစ်ဦး​​အရွယ်ရှိ ဖား​​ကြီး​​တစ်​​ကောင် နာဂရီ ဆမ်ဘီလန်တွင်​​တွေ့​​ရှိ

alt

နာဂရီ ဆမ်ဘီလန်မှ အမျိုး​​သား​​ တစ်ဦး​​သည် က​​လေး​​ငယ် တစ်ဦး​​၏ အရွယ်အစား​​မျှရှိ​​သော ဖား​​ကြီး​​တစ်​​ကောင်ကို ​​တွေ့​​ရှိခဲ့​​​ကြောင်း​​ သိရှိရသည်။

၂၀ ကီလိုဂရမ် အ​​လေး​​ချိန်ရှိပြီး​​ အသက် ရ နှစ်၊​ ၈ နှစ်အရွယ် က​​လေး​​တစ်ဦး​​၏ အရွယ်အစား​​မျှရှိ​​သော အဆိုပါ ဖား​​ကြီး​​ကို လွန်ခဲ့​​​သော ၂ ပတ်ခန့်​​က မြစ်ကမ်း​​နံ​​ဘေး​​ ​​တောင်​​စောင်း​​တစ်ခုတွင် ဖမ်း​​ဆီး​​ရမိခဲ့​​ခြင်း​​ဟု သိရှိရသည်။

ဂန်မန်ချာ ​​ဒေသခံများ​​က ဖမ်း​​ဆီး​​ခဲ့​​​သော ဖား​​ကြီး​​ကို မိုဘိုင်း​​လ်ဖုန်း​​ ကင်မရာဖြင့်​​ မှတ်တမ်း​​တင် ဓာတ်ပုံရိုက်လာခဲ့​​သည်။ ယင်း​​ဖား​​ကြီး​​ကို အလိုရှိသည့်​​ လူမျိုး​​စု ​​ခေါင်း​​​ဆောင်တစ်ဦး​​က ဖမ်း​​ဆီး​​ထား​​သူများ​​ထံမှ ဝယ်ယူရန် ကမ်း​​လှမ်း​​ခဲ့​​ပြီး​​​နောက် ​​ငွေ​​ကြေး​​မလုံ​​လောက်သဖြင့်​​ အိမ်တွင်ပြန်ကာ အပို​​ငွေသား​​ ပြန်ယူခဲ့​​ရသည်။

သို့​​​သော်လည်း​​ ၎င်း​ပြန်​​ရောက်လာချိန်တွင် ဖား​​ကြီး​​မှာ အသတ်ခံရပြီး​​​နောက် ဟင်း​​လျာအဖြစ် ချက်ပြုတ်စား​​​သောက်ပြီး​​ ဖြစ်​​နေရာ ထိုတွား​​သွား​​သတ္တဝါကြီး​​နှင့်​​ ပတ်သက်ပြီး​​ မှတ်တမ်း​​ ဓာတ်ပုံတစ်ခုသာ ကျန်​​နေခဲ့​​သည်။ ထိုဖား​​ကြီး​​၏ ဓာတ်ပုံမှာမူ ရှင်း​​ရှင်း​​လင်း​​လင်း​​ မှတ်တမ်း​​တင်ထား​​ခြင်း​​ဖြစ်​​ကြောင်း​​လည်း​​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here